Home သတင်း အာဇာနည်‌ခေါင်း‌ဆောင်များအတွက် စတစ်ကာကပ်၍ လှုံ့‌ဆော်‌နေ

အာဇာနည်‌ခေါင်း‌ဆောင်များအတွက် စတစ်ကာကပ်၍ လှုံ့‌ဆော်‌နေ

3109
ဇူလိုင်လ ၉ရက်၊ ၂၀၁၃ခုနှစ်။ ‌စော‌သောကြာ (‌ကေအိုင်စီ)

မြန်မာ့လွတ်လပ်‌ရေးအတွက် အသက်စွန့်သွားကြ‌သော အာဇာနည်‌ခေါင်း‌ဆောင်များအား ပြည်သူများအ‌နေဖြင့် အ‌လေးထား ကာ ဦးညွှတ်ဂါရဝပြုကြ‌စေရန်အတွက် ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်း‌ရေးလမ်း‌လျှောက်လူငယ်များ ဦး‌ဆောင်၍ စတစ်ကာများကို ဇူလိုင်လ (၉)ရက်‌နေ့ မွန်းလွဲ ၃နာရီတွင် လိုက်လံကပ်ခဲ့ကြသည်။

“အာဇာနည်‌နေ့ ဒို့မ ‌မေ့ ၁ဝး၃၇တွင် ငြိမ်သက်ဦးညွှတ်ဂါရဝပြုကြပါစို့” စာတန်းပါ ၎င်းစတစ်ကာများကို ဗိုလ်တစ်‌ထောင်၊ ‌ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ ကမာရွတ်မြို့နယ်များရှိ ဘတ်စ်ကားများ၊ ကားမှတ်တိုင်များ၊ လူစည်ကားရာ ‌နေရာတွင် လိုက်လံကပ်ခဲ့ကြသည့်အပြင် ပြန်လည်ဖြန့်‌ဝေခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။

ယခုဖြန့်‌ဝေသည့် စတစ်ကာများကို လာမည့် ဇူလိုင်လ ၁၉ရက်‌နေ့တွင် ကျ‌ရောက်‌သော (၆၆)နှစ်‌မြောက် အာဇာနည်‌နေ့ မတိုင်ခင် တနိုင်ငံလုံး အတိုင်းအတာဖြင့် လိုက်လံကပ်သွားကြမည့်အပြင် လက်ရှိအချိန်တွင် ထားဝယ်၊ မန္တ‌လေး၊ ‌နေပြည်‌တော် မြို့များသို့လည်း ဖြန့်‌ဝေထားပြီးဖြစ်‌ကြောင်း သိရသည်။

ထို့အပြင် အာဇာနည်‌နေ့တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အနက်‌ရောင်အကျင်္ီများကို ဝတ်ဆင်ကာ တ‌ယောထိုး၍ ဗိုလ်ချုပ်ပန်းခြံမှ အာဇာနည်ကုန်းသို့ ငြိမ်သက်စွာ ချီတက်ဂါရဝပြုကြမည်ဖြစ်‌ကြောင်း ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်း‌ရေး လမ်း‌လျှောက်လူငယ်တစ်ဦးဖြစ်သူ ကိုဇင်ကိုမှ ‌ကေအိုင်စီသို့ ‌ပြောကြားသည်။

ကိုဇင်ကိုက “ဒီ‌နေ့ စတစ်ကာ လိုက်ကပ်တာ‌တော့ အခက်အခဲ အတားအဆီး‌တွေ မရှိပါဘူး။ ကျ‌နော်တို့ ဒီစတစ်ကာ‌တွေကို အာဇာနည်‌နေ့ မတိုင်မီ ၁၈ရက်‌နေ့အထိ တနိုင်ငံလုံး အတိုင်းအတာအဖြစ် ကပ်သွားကြမှာပါ။”ဟု ‌ပြောကြားသည်။

ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်း‌ရေးလမ်း‌လျှောက်အဖွဲ့မှလည်း အာဇာနည်‌နေ့တွင် ကန်‌တော်ကြီး ဗိုလ်ချုပ်ပန်းခြံ ၁ဝး၃၇မိနစ်တွင် နှစ်မိနစ် ဥဩဆွဲမည်ဖြစ်‌ကြောင်း၊ ဗိုလ်ချုပ်ပန်းခြံမှ အာဇာနည်ကုန်းသို့ ငြိမ်သက်စွာ ချီတက်ဂါရဝပြုမည်ဖြစ်‌ကြောင်းနှင့် ထိုသို့ ပြုလုပ်‌ဆောင်ရွှက်ရာတွင် သမ္မတနှင့် ဝန်ကြီးချုပ်(ရန်ကုန်)တို့ အကူအညီ‌ပေး‌စေလို‌ကြောင်းကို သမ္မတထံသို့ တင်ပြ‌တောင်းဆို ထား‌ကြောင်း သိရသည်။

ဗိုလ်ချုပ်‌အောင်ဆန်း အပါအဝင် အာဇာနည်ကိုးဦး ကျဆုံးသွားသည့် ၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၉ရက်‌နေ့ကို အာဇာနည်‌နေ့အဖြစ် တရားဝင် သတ်မှတ်ခဲ့ကြပြီး ၁၉၈၉ခုနှစ် မတိုင်မှီအထိ အာဇာနည်‌နေ့ အခမ်းအနားများကို ဥဩဆွဲသံများနှင့် တနိုင်ငံလုံး အတိုင်းအတာ လုပ်‌ဆောင်ခဲ့ကြ‌သော်လည်း ၁၉၈၉‌နောက်ပိုင်းတွင် ထိုအစီအစဉ်မှာ ‌ပျောက်ကွယ်ခဲ့သည်။