Home ဆောင်းပါး ဗိုလ်ခင်ညွန့်၊ ဗိုလ်‌အောင်မင်းတို့နှင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများအ‌ရေး (‌ဆောင်းပါး)

ဗိုလ်ခင်ညွန့်၊ ဗိုလ်‌အောင်မင်းတို့နှင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများအ‌ရေး (‌ဆောင်းပါး)

1783
‌မောင်‌ကျော်စွာ (၂၀၁၃ခုနှစ်၊ ဧပြီလ ၃ဝရက်)

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများသည် (နဝတ-နအဖ) စစ်အစိုးရ၏ တစ်ပတ်ရိုက်ခြင်းကို ခံခဲ့ကြရပြီး‌နောက် ယခုအခါ (ကာလုံ)က ချုပ်ကိုင်ထားပြီး “၂၀၀၈အ‌ခြေခံဥပ‌ဒေ”ဖြင့် ပွဲထွက် အသုံး‌တော်ခံ‌နေ‌သော (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ၏ လှည့် စားဖြား‌ယောင်းမှုကို ရင်ဆိုင်‌နေကြရပြန်သည်။

(နဝတ-နအဖ) စစ်အစိုးရ‌ခေတ်ကာလတွင် “တွင်း-၁” ဗိုလ်ခင်ညွှန့်မှတဆင့် တစ်ပတ်ရိုက်ခဲ့ခြင်းဖြစ်ပြီး (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့ အစိုးရ‌ခေတ်ကာလတွင် “ပြည်‌ထောင်စုဝန်ကြီး” (ဗိုလ်)ဦး‌အောင်မင်းနှင့် “တည်”၍ လှည့်စား‌နေခြင်းဖြစ်သည်။

မတူသည့်ကာလ၊ မတူသည့်အ‌ခြေအ‌နေအ‌လျောက် အုပ်စိုးသူများတွင် လိုအပ်ချက်များကလည်း ကွဲပြားတတ်ပါသည်။

(နဝတ-နအဖ) စစ်အစိုးရ‌ခေတ်ကာလ၏ လိုအပ်ချက်သည် မြို့ပြလူထုအုံကြွမှုနှင့် လက်နက်ကိုင်‌တော်လှန်‌ရေး မ‌ပေါင်းစပ်သွား ‌ရေးသည် အဓိကအချက် ဖြစ်သည်။ အပစ်အခတ်ရပ်စဲ‌ရေးသည် ထိုအချက်မှ ‌ပေါ်ထွက်လာ‌သော နည်းပရိယာယ်တစ်ရပ်လည်း ဖြစ်သည်။ သို့ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့် အပစ်ရပ်ခဲ့ပြီး ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ‌ရေးဆွဲ‌ရေး “အမျိုးသား ညီလာခံ”ထဲသို့ “အခြားဖိတ်ကြားသင့်သူများအဖြစ်” ဆွဲထည့်ခဲ့သည်။ ကရင်အမျိုးသားအစည်းအရုံး(KNU)မှလွဲ၍ ကျန်တိုင်းရင်း သားအဖွဲ့အစည်းတိုင်း‌လောက်နီးပါး ညီလာခံတက်ခဲ့ကြသည်။ ထိုသို့ တက်‌ရောက်ကြသူများတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ခွဲထွက်ကြသူများလည်း ပါဝင်တက်‌ရောက်ခဲ့ကြပါသည်။

တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများသည် ညီလာခံသို့ တက်‌ရောက်ခဲ့ကြရ‌သော်လည်း သက်ဆိုင်ရာ မိမိလူမျိုးနှင့် မိမိ ပါတီအဖွဲ့အစည်းကို ကိုယ်စားပြုခွင့်မရရှိခဲ့‌ချေ။ ထို့အပြင် ညီလာခံသို့ ပါဝင်တက်‌ရောက်ခဲ့ကြရ‌သော်လည်း တင်ပြ‌ဆွေး‌နွေး ‌တောင်းဆိုချက်များ အရာမထင်ခဲ့။ “မှတ်တမ်းတင်ထားပါမည်” ဟူ‌သောစကားဖြင့် နှစ်သိမ့်‌ကျေနပ်ခဲ့ကြရသည်။ ညီလာခံမှ ချမှတ်ခဲ့ကြ‌သော မူကြမ်းကို ‌ဒေါက်တာတူးဂျာမှ ညီလာခံကျင်းပ‌ရေး‌ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်သိန်းစိန် (လက်ရှိ သမ္မတ ဦးသိန်းစိန်) ထံ‌ပေးအပ်‌နေသည့် သတင်းစာဓါတ်ပုံကို မှတ်မိကြလိမ့်ဦးမည် ထင်ပါသည်။

သို့ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများသည် ၂၀၀၈ အ‌ခြေခံဥပ‌ဒေအတွက် အ‌ခြေခံရမည့်မူများ ‌ရေးဆွဲ၊ ပန္နက်ချရာ တွင် “အုတ်တစ်ချပ်သဲတစ်ပွင့်”အဖြစ် ပါဝင်ခဲ့ကြရသည်။

ထိုစဉ်က (နဝတ-နအဖ) စစ်အစိုးရ၏ လိုအပ်ချက်သည် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများ ညီလာခံသို့တက်‌ရောက် ‌ရေးနှင့် ပါဝင်‌ဆွေး‌နွေး‌စေ‌ရေးဖြစ်သည်။ ‌လေ့လာသူအဖြစ် တက်‌ရောက်သည်ကိုပင် လက်ခံခဲ့သည်။ ဤမျှ ‌ပျော့‌ပျောင်းပါ‌သော (နဝတ-နအဖ) စစ်အစိုးရပါတကား။

“၂၀၀၈ အ‌ခြေခံဥပ‌ဒေ” အတည်ဖြစ်လာခဲ့ပြီး‌နောက် (ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ၏ ယ‌နေ့လိုအပ်ချက်ကား တစ်ချိန်က (နဝတ -နအဖ) စစ်အစိုးရ၏ လိုအပ်ချက်နှင့် လုံးဝ မတူ‌တော့ပြီ။

တစ်ချိန်တစ်ခါက (နဝတ-နအဖ)စစ်အစိုးရ ‌ပေးခဲ့ဖူး‌သော“အခွင့်အ‌ရေး” (နယ်‌မြေ/လက်နက်/စီးပွား‌ရေးလုပ်ပိုင်ခွင့်) ဆိုသည် များ ‌မျှော်လင့်၍ မဖြစ်နိုင်‌တော့ပြီ။ “ကားပါမစ်”၊ အ‌သေးစားသတ္တု တူးခွင့်‌လောက်‌တော့ ရနိုင်‌သေးသည်။ သို့‌သော်လည်း ယင်း လုပ်ငန်းများကို “တည်ဆဲဥပ‌ဒေ” ဆိုသည်နှင့် ချုပ်ကိုင်ထားသည်။ “ဆက်ဆံ‌ရေးရုံး”ဟုပင် တရားဝင် အသိအမှတ်မပြု‌ချေ။ နယ် ‌မြေပိုင်နက်ကို တစ်စုံတစ်ရာအသိအမှတ် ပြုရမည့်သ‌ဘော သက်‌ရောက်သွားမည်ဖြစ်သဖြင့် (code of conduct) ဆိုသည့် ‌တောင်းဆိုချက်ကို ကာချုပ်ဗိုလ်မင်း‌အောင်လှိုင်က ပြတ်ပြတ်သားသား ပယ်ချခဲ့ပြီး အပြန်အလှန် နားလည်မှုဖြင့်သာ လုပ်ကြရန် ‌ပြောခဲ့ပြီးဖြစ်သည်။

(ဗိုလ်)ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ၏ ယ‌နေ့လိုအပ်ချက်မှာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ “အုတ်တစ်ချပ်သဲတစ်ပွင့်” အဖြစ် ပါဝင်‌ဆွေး‌နွေးချမှတ်ခဲ့ကြ‌သော “အ‌ခြေခံမူ ၁၀၄ချက်”ဖြင့် ‌ရေးဆွဲခဲ့‌သော “၂၀၀၈ အ‌ခြေခံဥပ‌ဒေ” ‌ဘောင်ထဲသို့ တိုင်း ရင်းသား လက်နက်ကိုင်အင်အားစုများ ဝင်‌ရောက်‌စေ‌ရေးဖြစ်သည်။

ထိုသို့ဝင်‌ရောက်ရာတွင် တိုင်းရင်းသားအင်အားစုများအ‌နေဖြင့် မိမိတို့ ဦးစီးချုပ်ကိုင်ထားသည့် လက်နက်ကိုင်တပ်ကို စစ်တပ် အုပ်ချုပ်ကွပ်ကဲမှု လက်ထဲသို့ လွှဲ‌ပြောင်းအပ်နှံရမည်။ နိုင်ငံ‌ရေးတွင် ပါဝင်လှုပ်ရှားလိုလျှင် နိုင်ငံ‌ရေးပါတီများ မှတ်ပုံတင်ခြင်း ဥပ‌ဒေနှင့်အညီ မိမိပါတီအဖွဲ့အစည်းကို မှတ်ပုံတင်‌လျှောက်ထားရမည်။ ဤသို့ပြုလုပ်မှသာ နိုင်ငံ‌ရေးတွင် “တရားဝင်” ပါဝင်လှုပ် ရှားနိုင်မည်ဖြစ်သည်။

ဤသို့ လုပ်‌ဆောင်နိုင်ရန် (ဗိုလ်) ဦး‌အောင်မင်း ဒုတိယဥက္ကဋ္ဌအဖြစ် ပါဝင်‌နေသည့် “၅၂ဦး ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင် ‌ရေးလုပ်ငန်း‌ကော်မတီ”၏ ပြည်နယ်အဆင့် မူဝါဒ(၅)ရပ်နှင့် ပြည်‌ထောင်စုအဆင့် မူဝါဒလုပ်ငန်းတာဝန် (၈)ရပ်အဖြစ် ‌ဖော်ပြထား သည်။

ယင်းသို့ ပြည်နယ်အဆင့်မူဝါဒ‌တွေ ပြည်‌ထောင်စုအဆင့် မူဝါဒ‌တွေအဖြစ် ‌ဖေါ်ပြထား‌သော်လည်း (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ ၏ လိုရင်းသ‌ဘောထားနှင့် အဓိကအချက်မှာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ “၂၀၀၈အ‌ခြေခံဥပ‌ဒေ”ကို လက်ခံ၊ လက်နက်ကိုင်တပ်အား ၎င်းတို့ထံ လွှဲအပ်ပြီး နိုင်ငံ‌ရေးပါတီအဖြစ် မှတ်ပုံတင်ကြရန် ဖြစ်သည်။

ထိုသို့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ “၂၀၀၈အ‌ခြေခံဥပ‌ဒေ”ကို လက်ခံလာ‌စေ‌ရေး၊ လက်နက်ကိုင်တပ်လွှဲအပ် ‌စေ‌ရေးအတွက် ငြိမ်းချမ်း‌ရေးလုပ်ငန်း‌ကော်မတီနှင့် (ဗိုလ်) ဦး‌အောင်မင်းတို့ လုပ်‌ဆောင်‌နေကြသည်။ ကျုံးသွင်း‌နေကြခြင်း၊ မြူဆွယ်‌နေကြခြင်း၊ ‌တော‌ခြောက်‌နေခြင်းသာဖြစ်သည်။ “ဖက်ဒရယ်ပြည်‌ထောင်စု” တည်‌ဆောက်‌ရေး ညှိနှိုင်း‌နေခြင်းမဟုတ်။ “ပြည်‌ထောင်စု တပ်မ‌တော်” ဖွဲ့စည်း‌ရေး ‌ဆွေး‌နွေး‌နေခြင်း မဟုတ်ပါ။

“၂၀၀၈ အ‌ခြေခံဥပ‌ဒေ”တွင် ဒီမိုက‌ရေစီအခွင့်အ‌ရေး အပြည့်အဝမရှိ‌ကြောင်း၊ တိုင်းရင်းသားများအတွက် တန်းတူ‌ရေးနှင့် ကိုယ် ပိုင်ပြဌာန်းခွင့်ရှိ‌သော အ‌ခြေခံမူများ လုံးဝ မပါရှိ‌ကြောင်း လူတိုင်းသိပါသည်။

လက်နက်နဲ့ ဒီမိုက‌ရေစီ လဲလှယ်ခဲ့ကြဖူးသည်။ ဒီမိုက‌ရေစီမရရှိခဲ့။ လက်နက်ချကြရတာသာ အဖတ်တင်ခဲ့ကြရသည် မဟုတ် ‌လော။
လက်နက်နဲ့ ငြိမ်းချမ်း‌ရေး လဲလှယ်ခဲ့ကြဖူးသည်။ ငြိမ်းချမ်း‌ရေးမရရှိခဲ့။ လက်နက်ချကြရတာသာ အဖတ်တင်ခဲ့ကြရသည် မဟုတ် ‌လော။