Home သတင်း ကရင်ပြည်နယ်အစိုးရမှ ကရင် ဒုက္ခသည်အိမ်‌ခြေ ၅ဝခန့် အစမ်း သ‌ဘောဖြင့် ‌နေရပ်ပြန်‌နေ‌စေလို

ကရင်ပြည်နယ်အစိုးရမှ ကရင် ဒုက္ခသည်အိမ်‌ခြေ ၅ဝခန့် အစမ်း သ‌ဘောဖြင့် ‌နေရပ်ပြန်‌နေ‌စေလို

1736
‌မေလ ၁ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

KRC representatives.
ကရင်ပြည်နယ်တွင် ဒုက္ခသည်များ ပြန်လည်‌နေထိုင် ရန် ‌မြေယာထိုင်ခင်းများနှင့် အ‌ဆောက်အဦးများ ကြိုတင် ‌ဆောက်လုပ်ထား ပြီးဖြစ်သည့်အတွက် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များအား အစမ်းသ‌ဘော(Pilot Project) ဖြင့် အိမ်‌ခြေ ၄၀-၅ဝခန့် ဦးစွာ ပြန်လာ‌နေထိုင်‌စေလို‌ကြောင်း ပြည်နယ် အစိုးရက ‌ပြောကြား လိုက်သည်။

ယမန်‌နေ့က ထုတ်ပြန်ခဲ့သည့် KRC သတင်းထုတ်ပြန်ချက်၌ ဒုက္ခသည်များ ပြည်‌တော်ပြန်‌ရေးကိစ္စတွင် အားလုံး အတူတကွ ပူး‌ပေါင်း‌ဆောင်ရွက်ရမည်ဖြစ်ပြီး လတ်တ‌လော အစီအစဉ်တွင် အစိုးရမဟုတ်‌သောအဖွဲ့-NGOs များ၊ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)နှင့် နိုင်ငံခြားအစိုးရများ၏ ကူညီပံ့ပိုးသွားမည့် အစီအစဉ် ရှိထားသည့်အ‌ပေါ် ဒုက္ခသည်များ အား အစမ်းသ‌ဘောဖြင့် ‌နေရပ်ပြန်လည်‌စေလိုခြင်းဖြစ်သည်ဟု ကရင်ပြည်နယ်အစိုးရက‌ပြော‌ကြောင်း ‌ဖော်ပြထားသည်။

ပြီးခဲ့သည့် ဧပြီလ ၂၆ရက်‌နေ့က ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦး‌ဇော်မင်း ဦး‌ဆောင်သည့် အစိုးရအဖွဲ့ဝင် ၃၀‌ကျော်သည် ကရင် ဒုက္ခသည်‌ကော်မတီ(KRC) ဥက္ကဌ ‌စော‌ရောဘတ်‌ထွေး အပါအဝင် စခန်းဥက္ကဌများဖြစ်သည့် ‌စောဝါးထီးနှင့် ‌စောတုံတုံတို့အား ဖားအံမြို့ရှိ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ ဖိတ်ကြား‌တွေ့ဆုံခဲ့ပြီး ထိုသို့ ‌ဆွေး‌နွေး‌ပြောကြားခဲ့ခြင်းဖြစ်သည်။

KRC ၏ တွဲဖက် အတွင်း‌ရေးမှူး ‌နော်ဘလူးမင်းနိုက်ဇန်က “ပြည်နယ်အစိုးရက‌တော့ ဒုက္ခသည်‌တွေ ပြည်‌တော်ပြန်‌ရေးအတွက် နိုင်ငံတကာက အစိုးရ‌တွေ၊ အဖွဲ့အစည်း‌တွေ ကူညီမယ့်သူ အများကြီး ရှိတဲ့အတွက် ဒုက္ခသည်တချို့ အစမ်းပြန်လာ‌နေလိုတယ် ‌ပေါ့။ ဒါ‌ပေမယ့် KRC က လက်ရှိမြန်မာပြည်ရဲ့ ငြိမ်းချမ်း‌ရေး လုပ်ငန်းအ‌ပေါ်မှာ မူတည်တယ်လို့ ပြန်လည် တုံ့ပြန်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အစိုးရသည် ဒုက္ခသည်များအား ပြန်လည်‌နေထိုင်ရန် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ လှိုင်းဘွဲ၊ မြဝတီ မြို့နယ်ရှိ စုကလိနှင့် ‌ဝေါ်‌လေခီး စသည့်‌နေရာများကို လျာထားပြီး ယခုလို ပြည်နယ်အစိုးရ၏ ကမ်းလှမ်းချက်ကို KRC အ‌နေဖြင့် ကြိုဆို‌သော်လည်း မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့အကြား စစ်မှန်‌သော ငြိမ်းချမ်း‌ရေး တည်‌ဆောက်နိုင် ပြီးမှသာလျှင် ဒုက္ခသည်များကို ပြန်လာ‌စေလို‌ကြောင်းနှင့် ဒုက္ခသည်များ ‌နေရပ်ပြန်ပို့သည့်အခါ တပြိုင်နက်တည်း အားလုံးပြန် ‌စေလို‌ကြောင်း KRC ထုတ်ပြန်ချက်တွင် ‌ဖော်ပြပါရှိသည်။

ထို့အပြင် ပြည်နယ်အစိုးရနှင့် KRC တို့ ‌တွေ့ဆုံသည့် ‌ဆွေး‌နွေးပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်မှ ဆက်သွယ်‌ရေးလမ်း‌ကြောင်းများ ဖွင့်လှစ်ထားပြီး လာမည့်အချိန်ကာလအတွက် ယုံကြည်မှု၊ ပွင့်လင်းမြင်သာမှုများ ဆက်လက် တည်‌ဆောက်သွားမည်ဟုလည်း ထည့်သွင်း‌ဖော်ပြထားသည်။

“အဲလို အစမ်းပြန်‌နေရမယ်ဆို မလွယ်လှဘူး။ အစိုးရက သူတို့အတွက် နိုင်ငံ‌ရေးအရ အမြတ်ထုတ်တာလို့ပဲ မြင်တယ်။ ဒုက္ခ သည်‌တွေအတွက် လုံခြုံ‌ရေးရှိမရှိဆိုတာ မသိရ‌သေးဘူး။ အစမ်းသ‌ဘောဆို‌တော့ ကျမတို့အတွက် စိုးရိမ်‌ကြောက်လန့်စရာ ဖြစ် ‌နေတယ်။”ဟု မယ်လစခန်းမှ ဒုက္ခသည်အမျိုးသမီးတစ်ဦးက ‌ပြောသည်။

ကရင်ပြည်နယ်နယ်စပ်‌ရေးရာနှင့် လုံခြုံ‌ရေးဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင်သည် ဒုက္ခသည်ဆိုင်ရာကိစ္စများကို ‌ဆွေး‌နွေးရန် KNU မှတဆင့် ဖိတ်ကြားခဲ့သည့်အ‌ပေါ် ဧပြီလ ၂၅ရက်‌နေ့က အဆိုပါ KRC ကိုယ်စားလှယ်များ ဖားအံမြို့သို့ သွား‌ရောက်ခဲ့ပြီး ပြည် နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်းတို့နှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ပြီး‌နောက် ဧပြီလ ၂၈ရက်‌နေ့တွင် ထိုင်း-မြန်မာနယ်စပ်သို့ ပြန်လည်‌ရောက် ရှိလာခဲ့သည်။

မြန်မာအစိုးရနှင့် KRC တို့အကြား ယခုအကြိမ် ‌တွေ့ဆုံခြင်းသည် ၁၉၇၄ခုနှစ်မှစ၍ ပထမဆုံးအကြိမ် ‌တွေ့ဆုံခြင်း ဖြစ်သည်။