မေလ ၂ရက်၊ ၂၀၁၃ခုနှစ်။ စောထွန်းလင်း (ကေအိုင်စီ)

Forum Asia မှသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်

လက်ရှိ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့်ပတ်သက် သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုဝေး ခွင့်နှင့် အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်တို့အပေါ် ထိန်းချုပ် ခြိမ်းခြောက် မှုများရှိနေသေးသည်ကို တွေ ့ရကြောင်း ဗဟန်းမြို ့နယ်၊ ရွှေဂုံတိုင်အနီးရှိ တော်ဝင်နှင်း ဆီခမ်းမတွင် ယနေ ့ကျင်းပသည့် အာရှလူ့အခွင့်အရေးနှင့် ဖွံ ့ဖြိုးရေးဆုံရပ်အဖွဲ့(ဖော်ရမ်အေးရှား)၏ သတင်းစာရှင်းလင်းပွဲ၌ ၎င်းအဖွဲ့၏ အရှေ့အာရှ စီမံကိန်းအရာရှိ Mr. John Liu က ပြောကြားလိုက်သည်။
ထိုင်းနိုင်ငံအခြေစိုက် ဖော်ရမ်အေးရှားသည် မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုဝေးခွင့်နှင့် အသင်းအဖွဲ့များ ဖွဲ ့စည်းခွင့် အခြေအနေများကို ဆန်းစစ်နိုင်ရန် ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ ၂၄ရက်မှ ၃ဝရက်နေ့အထိလည်းကောင်း။ ၂၀၁၃ခုနှစ်၊ ဇန်န ဝါရီ ၂၁ရက်မှ ၂၃ရက်နေ့အထိလည်းကောင်း လာရောက်ခဲ့သည်။
ထို့နောက် လူ့အခွင့်အရေးဆိုင်ရာ NGO များ၊ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များ၊ လယ်သမား၊ အမျိုးသမီး၊ မီဒီယာအဖွဲ့များ၊ လွှတ်တော်အမတ်နှင့် ရှေ ့နေများ၊ ILO အပါ အဝင် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်(MNHRC)နှင့် တွေ ့ဆုံ၍ လူ့အခွင့်အရေး အခြေအနေ လေ့လာဆန်းစစ်မှုများ ပြုလုပ်ထားခဲ့သည်။
Mr. John Liu က “ကျနော့်အမြင်အရ ဥပမာတစ်ခုကိုပြောရရင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ခွင့်ပြုချက်မရဘဲ စီတန်း လှည့်လည်သူတစ်ဦးကို သူ ဖြတ်လျှောက်တဲ့ မြို့နယ် ၁ဝခုက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေနဲ ့တရားစွဲတယ်။ သူ ကျူးလွန်တဲ့အပြစ်က တစ်ခုတည်း။ ပြစ်ဒဏ်ကတော့ ဆယ်ခါကျခံရမလို ဖြစ်နေတယ်။ ဒါကြောင့် ဒီဥပဒေကို လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့အညီ ပြုပြင်ဖို့ လိုတယ်”ဟု ပြောဆိုသည်။
အစိုးရသစ် တက်လာပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲမှု များစွာ ပြုလုပ်ခဲ့သည်ကို အသိအမှတ်ပြုသော်လည်း လူ့အခွင့်အရေး တိုးတက်စေရန် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈နှင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)တို့ကို ပယ်ဖျက်ပေးရန်အပြင် မီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်ရာရောက်သည့် ၂၀၀၄ အီလက်ထရွန်းနှစ် ဆက်သွယ်ရေး ဥပဒေ အပါအဝင် လူ့အခွင့်အရေးကို ကန့်သတ်ရာရောက်သည့် ဥပဒေများကို ပယ်ဖျက်ရန်၊ လွှတ်တော်တွင်း ဥပဒေများ ရေးဆွဲပြဌာန်း ရာတွင်လည်း နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ရေးဆွဲရန်နှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် အမှီခိုကင်းပြီး ယခုထက်ပို၍ လုပ်ဆောင်သွားရန်လိုကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ တိုးတက်စေရန် ဖော်ရမ် အေးရှားအဖွဲ့က အကြံပြုတိုက်တွန်းထားသည်။
၎င်းအပြင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက “အခုက လူ ့အခွင့်အရေး အပြည့်အဝရရှိဖို့က ရင်ဆိုင်ရုန်းကန်နေ ရတဲ့ကာလတွေပါ။ နို်င်ငံသားတွေအနေနဲ ့အပြောင်းအလဲမှာ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ ကိုယ်တိုင် ပါဝင်ခွင့်ရှိဖို့ ရသင့်ရ ထိုက်တဲ့ နိုင်ငံသားအခွင့်အရေးတွေ ရရှိအောင် အပြန်အလှန် အပြုသဘောဆောင် လုပ်ပေးဖို့ လိုပါတယ်”ဟု ကိုပြုံးချိုက ကေအိုင်စီသို့ ပြောသည်။
ဖော်ရမ်အေးရှားအနေဖြင့် ယခုတွေ ့ရှိချက်များ အပါအဝင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေများကို မျက်ခြေမပြတ် လေ့လာကာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံစာ ပေးပို ့သွားမည်ဖြစ်ကြောင်း အာရှလူ ့အခွင့်အရေးနှင့် ဖွံ့ဖြိုး ရေးဆုံရပ်အဖွဲ့မှ မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးရေး ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ကေအိုင်စီသို့ ပြောကြားခဲ့သည်။