Home သတင်း အယ်ဒီတာ့အာ‌ဘော်

အယ်ဒီတာ့အာ‌ဘော်

1852
ဒုက္ခအ‌ပေါ်ဒုက္ခ မဆင့်‌စေလို

ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်၏ အပစ်အခတ် ရပ်ဆိုင်းထားသည့် အ‌ခြေအ‌နေမှာ ‌ရှေ့ဆက် မတိုး‌သေးဘဲ တုံ့ဆိုင်းတန့်‌နေဆဲ ဖြစ် သည်။ ထိုအချိန်အ‌တောတွင်း ‌ကေအဲန်ယူ ထိန်းချုပ်ရာ နယ်‌မြေ‌ဒေသများတွင် လမ်း‌ဖောက်၊ ဆည်‌ဆောက်၊ မိုင်းတူးမှုများ ရှိသကဲ့သို့ ပြုပြင်‌ပြောင်းလဲ‌ရေးကို ‌ထောက်ပံ့ကူညီလိုသည့် ဂျပန်နိုင်ငံမှ အစိုးရနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကလည်း ကရင်ပြည်နယ်နှင့် အခြားပြည်နယ်များတွင် ကူးလူးသွားလာမှုများ ရှိ‌နေကြသည်။

ညီညွှတ်‌သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ-ယူအဲန်အက်ဖ်စီနှင့် သ‌ဘောတူညီထားခဲ့သည့်အတိုင်း ဂျပန်နိုင်ငံရှိ နီပွန်‌ဖောင်‌ဒေးရှင်းမှ ဥက္ကဌ မစ္စတာ ဆာဆာကာဝါ ကိုယ်တိုင် တိုင်းရင်းသား‌ဒေသများ၌ ရိက္ခာဆန်အိတ်များကို ပထမအဆင့်အ ဖြစ် လာ‌ရောက်‌ထောက်ပံ့‌ပေးခဲ့သည်။ တစ်ဖက်တွင်လည်း ပြန်လည်ထူ‌ထောင်‌ရေးလုပ်ငန်းများကို ကူညီ‌ပေးသည့် Jica အဖွဲ့မှ ဂျပန်နိုင်ငံရှိ စိုက်ပျိုး‌ရေး၊ လမ်းပန်းဆက်သွယ်‌ရေး၊ လျှပ်စစ်၊ ‌ငွေ‌ကြေးဆိုင်ရာနှင့် ဥပ‌ဒေပညာရှင်များကို ငှားရမ်းကာ ယခုနှစ် ဆန်းပိုင်းအတွင်း မြန်မာအစိုးရနှင့် ရန်ကုန် အပါအဝင် ဖားအံ၊ မြဝတီမြို့နယ်များရှိ ‌နေရာအချို့၌ ‌တွေ့ဆုံဖြစ်ခဲ့ကြသည်။ ၎င်းအ ဖွဲ့သည် ‌လေ့လာမှုများ ပြည့်စုံမှုရှိ‌စေရန် ပြီးခဲ့သည့် မတ်လကလည်း နယ်စပ်‌ဒေသရှိ ဒုက္ခသည်များဆိုင်ရာ ကရင်ဒုက္ခသည် ‌ကော်မတီ-‌ကေအာရ်စီ၊ ပြည်တွင်းဌာ‌နေမဲ့ ကရင်ဒုက္ခသည်များ ကူညီသည့်အဖွဲ့-စီအိုင်ဒီ‌ကေပီတို့ထံသို့ လာ‌ရောက်‌တွေ့ဆုံ၍ အချက်အလက်မှန်များကို ထပ်မံ ‌ကောက်ယူခဲ့သည်။

ကရင်ပြည်နယ် အစိုးရသည် လှိုင်းဘွဲမြို့နယ်ရှိ လှိုင်းဘွဲ၊ ပိုင်ကျုံ၊ မြဝတီမြို့နယ်ရှိ စုကလိ၊ ‌ဝေါ်‌လေခီး ‌ဒေသများ၌ ‌ကျောင်း၊ ‌ဆေးရုံနှင့် ဌာနဆိုင်ရာ အ‌ဆောက်အဦးတချို့ကို ‌ဆောက်လုပ်ကာ ဒုက္ခသည်များအတွက် ‌နေရာလျာထားပြီးဖြစ်သည်။ ၎င်း‌နေရာများ၌ ဒုက္ခသည်အိမ်‌ခြေ ၅ဝနီးပါးကို စမ်းသပ် ပြန်လာ‌နေထိုင်‌စေလို‌ကြောင်း ဧပြီလ ၂၆ရက်‌နေ့က ‌ကေအာရ်စီကို ဖိတ်ကြား‌တွေ့ဆုံ ‌ပြောဆိုကမ်းလှမ်းခဲ့‌သော်လည်း စစ်မှန်‌သော ငြိမ်းချမ်း‌ရေးတည်‌ဆောက်ပြီးပါက ဒုက္ခသည်များအားလုံးကို တပြိုင်နက်တည်း ‌နေရပ်ပြန်‌စေလို‌ကြောင်း ‌ကေအာရ်စီမှ တုန့်ပြန်ခဲ့သည်။

ယခင် စစ်အစိုးရသည် ၂၀၀၇ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့က ‌ကေအဲန်ယူ/ ‌ကေအဲန်အယ်လ်‌အေ ငြိမ်းချမ်း‌ရေး‌ကောင်စီ ၎င်းတို့နှင့် ပူး‌ပေါင်းသွားချိန်က မြန်မာနိုင်ငံတွင် ဒုက္ခသည်မရှိ‌ကြောင်း မျက်လုံးစုံမှိတ် လှိမ့်ပိတ်ငြင်းခဲ့‌သော်လည်း ၂၀၁ဝ ‌ရွေး ‌ကောက်ပွဲ‌နောက်ပိုင်း အသစ်တက်လာသည့် အစိုးရက ဒုက္ခသည်များ ပြည်‌တော်ပြန်နိုင်‌ရေး ယခုလို ‌ဆောင်ရွက်‌ပေး‌နေခြင်းမှာ ယခင် ‌ပြောဆိုခဲ့မှုနှင့် ‌သွေဖီ‌နေသည်။ စင်စစ်တွင် ဒုက္ခသည်များသည် ရုတ်ချည်း ‌ပေါ်‌ပေါက်လာခြင်း မဟုတ်။ နှစ်‌ပေါင်းများစွာ ဖိနှိပ် ညှင်းပမ်းမှုဒဏ်မှ ထွက်‌ပြေးတိမ်း‌ရှောင်လာကြရသူများ ဖြစ်သည်။

တကယ်တမ်းဆိုပါက ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်တွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အသိအမှတ် ပြုထား‌သော ကရင်ဒုက္ခသည်စခန်း ၇ခု၊ ကရင်နီဒုက္ခသည်စခန်း ၂ခု တည်ရှိ‌နေသလို ထိုစခန်းများရှိ ဒုက္ခသည် နှစ်သိန်းနီးပါးမှာ လည်း အချိန်မတန်ဘဲ ပြည်‌တော်ပြန်‌ရေးကို ‌တွေးပူ‌နေကြသည်။ သို့ဖြစ်ပါ၍ ယုံကြည်‌လောက်‌သော အပစ်ရပ်စဲမှုနှင့် ငြိမ်းချမ်း ‌ရေးအစစ်ကို မရရှိ‌သေးသ‌ရွေ့ ဒုက္ခ‌ပေါ် ဒုက္ခဆင့်‌စေ‌သော လုပ်ငန်းစဉ်များကို ‌ရှောင်ကြဉ်ဖယ်ရှားရင်း အရပ်ဖက်၊ စစ်ဖက်၊ လူမှု အဖွဲ့အစည်းများအားလုံး လူသားချင်း စာနာမှုအပြည့်ဖြင့် ငြိမ်းချမ်း‌ရေးလမ်းအမှန်ကို ပွင့်လင်းမြင်သာမှုရှိရှိ လက်တွဲ‌လျှောက် လှမ်းသွားကြ‌စေချင်သည်။