Home သတင်း ဖားအံမြို့နယ် ‌တောင်က‌လေး တွင် ‌နွေရာသီ‌ကျောင်းပိတ်ရက် အတွင်း ပြဇာတ်သင်တန်း ဖွင့်လှစ်မည်

ဖားအံမြို့နယ် ‌တောင်က‌လေး တွင် ‌နွေရာသီ‌ကျောင်းပိတ်ရက် အတွင်း ပြဇာတ်သင်တန်း ဖွင့်လှစ်မည်

1816
မတ် ၁၂ရက်၊၂၀၁၃ ခုနှစ်။ ‌စောညွန့်‌သောင်း (‌ကေအိုင်စီ)

Photo-KIC
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်တွင်အကြီးဆုံးဖြစ်‌သော ‌တောင်က‌လေး ဘုန်း‌တော်ကြီးသင်ပညာ‌ရေး (ဘ.က) ‌ကျောင်းသည် ‌နွေရာသီ‌ကျောင်းပိတ်ရက် ဧပြီလ ၁ရက်‌နေ့မှစ၍ ရက်တိုသင်တန်းအဖြစ် တပတ်တိတိ နယ်စည်း မခြား ပြဇာတ်သင်တန်း ဖွင့်လှစ်သင်ကြားမည်ဟု သိရသည်။

ပြီးခဲ့သည့် နှစ်များအတွင်း (ဘ.က)တွင် ‌နွေရာသီ‌ကျောင်းပိတ်ရက်၌ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုသင်တန်း၊ အ‌ခြေခံအဂင်္လိပ်စကား‌ပြောသင်တန်း၊ ကွန်ပျူတာသင်တန်း စသည့်သင်တန်း သုံးခုသာ ဖွင့်လှစ်သင်ကြား‌ပေး ‌သော်လည်း ယခုနှစ်ရာသီတွင် နယ်စည်းမခြားပြဇာတ်သင်တန်းတစ်ခုပါ တိုးချဲ့၍ ဖွင့်လှစ်သင်ကြား‌ပေးခြင်း ဖြစ်သည်။

‌တောင်က‌လေး(ဘ.က)‌ကျောင်းအုပ် အရှင်ဥတ္တမက “ဒီသင်တန်းကို ဖွင့်ရတာက လူမှု‌ရေးပြဇာတ်အဖွဲ့ပါပဲ။ ‌နောက်လူငယ်‌တွေကို အသိပညာ‌ပေးတဲ့ ပြဇာတ်လည်း ဖြစ်ပါတယ်။ ဒီသင်တန်းကို တက်ချင်လို့ ‌လော‌လော လာ‌မေးတဲ့ လူငယ်‌တွေ ‌တော်‌တော်များတယ်”ဟု ‌ကေအိုင်စီသို့ မိန့်ကြားသည်။

၎င်းသင်တန်းနှင့် ပတ်သက်၍ လက်ရှိ တက်‌ရောက်မည့် လူငယ်‌မောင်မယ် တစ်ရာ‌ကျော်ရှိ‌နေပြီး ပြင်သစ်နိုင်ငံ အ‌ခြေစိုက် လူမှု‌ရေးအဖွဲ့ တစ်ခုမှ သင်ကြား‌ပေးမည်ဟု အရှင်ဥတ္တမက ဆက်လက် မိန့်ကြားသည်။
ပြဇာတ်သင်တန်းကို စိတ်ဝင်စားသည့် ‌တောင်က‌လေးရွာမှ နဝမတန်း‌ကျောင်းသားတစ်ဦးဖြစ်သူ ‌စော‌ကျော် မြင့်က “ကျ‌နော်လည်း ပြဇာတ်သင်တန်းကို စိတ်ဝင်စားတယ်။ အရမ်းတက်ချင်တယ်။ အဆင်‌ပြေရင် တတ် တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုဖွင့်လှစ်မည့် သင်တန်းများအနက် ပြဇာတ်သင်တန်းအပြင် ကျန်သင်တန်းများကိုလည်း အဆိုပါ ‌ဒေသရှိ ကရင်လူငယ်‌မောင်မယ်များက အများအားဖြင့် တက်‌ရောက်သင်ကြားချင်ကြသကဲ့သို့ တက်‌ရောက်ရန် စိတ်အားထန်သန်ကြခြင်းဖြစ်‌ကြောင်း သိရသည်။

မကြာမီ ဖွင့်လှစ်မည့် ၎င်းသင်တန်းများသည် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုသင်တန်း၊ အ‌ခြေခံအဂင်္လိပ် စကား‌ပြောသင်တန်းနှင့် ကွန်ပျူတာသင်တန်းတို့ကို မတ်လအတွင်းတွင် ဖွင့်လှစ်မည်ဖြစ်ပြီး နယ်စည်းမခြား ပြဇာတ်သင်တန်းကိုမူ ‌နောက်ဆုံးထား၍ ဧပြီလ လဆန်းပိုင်းမှသာ ဖွင့်လှစ်မည်ဖြစ်သည်။