Home သတင်း ဘုရားသုံးဆူမြို့ ၆၆ကြိမ်‌မြောက် မွန်အမျိုးသား‌နေ့ ယခင်နှစ် များထက် ပိုမိုစည်ကား

ဘုရားသုံးဆူမြို့ ၆၆ကြိမ်‌မြောက် မွန်အမျိုးသား‌နေ့ ယခင်နှစ် များထက် ပိုမိုစည်ကား

2098
‌ဖေ‌ဖော်ဝါရီလ ၂၇ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

၆၆ကြိမ်‌မြောက် မွန်အမျိုးသား‌နေ့ကို ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ရှိ နှစ်စဉ်ကျင်းပမြဲ တိုင်တရာ‌ကျောင်းတိုက်ဝင်းအတွင်း ယမန်‌နေ့က ကျင်းပပြုလုပ်ခဲ့ကြရာ ယခင်နှစ်များထက် ပို၍ လွတ်လပ်စည်ကားစွာ ကျင်းပခဲ့သည်။

“အရင်နှစ်‌တွေက လုပ်ရတာ အခက်အခဲသိပ်မရှိ‌ပေမယ့် ဒီနှစ်ဘုရားသုံးဆူမှာလုပ်တဲ့ မွန်အမျိုးသား‌နေ့ကို ကျင်းပရတာ ထူးထူး ကဲကဲနဲ့ စည်စည်ကားကား ကျင်းပနိုင်ခဲ့ပါတယ်၊ အားလုံးကလည်း ဝိုင်းဝန်းကူညီပံ့ပိုး‌ပေးကြပါတယ်”ဟု မွန်အမျိုးသား‌နေ့ကျင်းပ ‌ရေး‌ကော်မတီမှ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး နိုင်‌ထွေးရှိန်က ‌ပြောသည်။

ထိုအခမ်းအနား ကျင်းပနိုင်‌ရေးအတွက် မွန်အမျိုးသား‌နေ့ ကျင်းပ‌ရေး‌ကော်မတီ ဖွဲ့စည်းကာ ဥက္ကဌ နိုင်ဘဇံ၊ ဒုဥက္ကဌ နိုင်တင်လှ နှင့် တိုင်တစ်ရာ‌ကျောင်းတိုက် ‌ကျောင်းထိုင်ဆရာ‌တော်တို့မှ ဦး‌ဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မွန်အမျိုးသား‌နေ့ကို နှစ် စဉ် ကျင်းပလာခဲ့ကြပြီး မွန်အမျိုးသား‌နေ့ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ နိုင်‌ထွေးရှိန်က ယခုလို ‌ပြောသည်။

“မွန်အမျိုးသား‌နေ့ကို ကျင်းပရမှာက‌တော့ မွန်အမျိုးသားတိုင်းရဲ့သမိုင်း‌ပေးတာဝန်ပါ၊ အဲဒီတာဝန်ကို လက်ဆင့်ကမ်း ထိန်းသိမ်း တဲ့အ‌နေနဲ့ နှစ်စဉ်နှစ်တိုင်း ကျင်းပရတာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဘုရားသုံးဆူမြို့တွင် ကျင်းပ‌သော မွန်အမျိုးသား‌နေ့အခမ်းအနားကို အစိုးရဌာနဆိုင်ရာမှ တာဝန်ရှိသူများ အပါအဝင် ကရင်အ မျိုးသားအစည်းအရုံး-KNU ဆက်ဆံ‌ရေးရုံးမှ တာဝန်ရှိသူများ၊ မွန်ပြည်သစ်ပါတီ NMSP ဆက်ဆံ‌ရေးရုံးမှ တာဝန်ရှိသူများ တက် ‌ရောက်ခဲ့ကြပြီး မွန်တိုင်းရင်းသားများ အပါအဝင် လူဦး‌ရေတစ်‌ထောင်‌ကျော် တက်‌ရောက်ဆင်နွှဲခဲ့ကြသည်။

၆၆ကြိမ်‌မြောက် မွန်အမျိုးသား‌နေ့ကို ဘုရားသုံးဆူမြို့တွင်သာမက မွန်ပြည်နယ်အတွင်းရှိ မွန်လူမျိုးတို့‌နေထိုင်ရာ မြို့နယ်အသီး သီးတွင် ကျင်းပခဲ့ကြပြီး ပဲခူးတိုင်း‌ဒေသကြီးနှင့် ရန်ကုန်တိုင်း‌ဒေသကြီးတို့တွင်လည်း ကျင်းပခဲ့ကြသည်။

မွန်တိုင်းရင်းသားအစည်းအရုံး၏ ဦး‌ဆောင်မှုဖြင့် ၁၉၄၆ခုနှစ်အကုန်တွင် ကျင်းပ‌သော မွန်တိုင်းရင်းသားညီလာခံတွင် ဟံသာဝ တီ (ပဲခူး) စတင်တည်‌ထောင်သည့် တပို့တွဲလပြည့်‌ကျော် ၁ရက်‌နေ့ကို မွန်အမျိုးသား‌နေ့အဖြစ် အသိအမှတ်ပြုပြီး‌နောက် ယ‌နေ့ ထိတိုင် နှစ်စဉ် ကျင်းပလာခဲ့ခြင်းဖြစ်သည်။