Home သတင်း ငြိမ်းချမ်း‌ရေးအတွက် တိုင်းရင်းသားအဖွဲ ့များနှင့် KNU လက်တွဲပူး‌ပေါင်းသွားမည်

ငြိမ်းချမ်း‌ရေးအတွက် တိုင်းရင်းသားအဖွဲ ့များနှင့် KNU လက်တွဲပူး‌ပေါင်းသွားမည်

1580
ဇန်နဝါရီလ ၉ရက်၊ ၂၀၁၃ုခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

Photo-KIC မြန်မာနိုင်ငံတွင် စစ်မှန်‌သော ငြိမ်းချမ်း‌ရေးရရှိရန် အစိုးရနှင့် နိုင်ငံ‌ရေးအရ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများကို တိုင်းရင်းသားလူမျိုးများနှင့် အတူတကွ ပူး‌ပေါင်းလုပ်‌ဆောင်သွားမည်ဟု ကရင်အမျိုးသား အစည်းအရုံး-KNU က ယ‌နေ့ ‌ပြောဆိုလိုက်သည်။

“ငြိမ်းချမ်း‌ရေးရရှိဖို့အတွက် အဓိက‌တော့ နိုင်ငံ‌ရေးပြဿနာ ကို နိုင်ငံ‌ရေးနည်းလမ်းနဲ့ ‌ဖြေရှင်းမှသာ ခိုင်မာတဲ့ ငြိမ်းချမ်း‌ရေးရမယ်။ အဲဒီ‌ဖြေရှင်းတဲ့‌နေရာမှာလည်း တိုင်းရင်းသား တစုတည်းနဲ့ ‌ဖြေရှင်းလို့လည်း မရဘူး”ဟု ပဒိုမန်းမန်းမန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ KNU သည် ‌နေပြည်‌တော်သို့သွား၍ ယခုလ ဇန်နဝါရီလ ၅ရက်‌နေ့က သမ္မတနှင့် အလွတ်သ‌ဘော ‌ဆွေး‌နွေးခဲ့ရာတွင် ကချင်ပြည်နယ်စစ်ပွဲအ‌ရေးကိစ္စကိုလည်း ‌ပြောဆိုခဲ့ပြီး လက်ရှိ ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံ‌ရေးပါတီများအပါအဝင် ပြည်သူလူထုအားလုံး ဝိုင်းဝန်းကူညီ ‌ဆောင်ရွက် သွားရန်လို‌ကြောင်းလည်း ပဒိုမန်းမန်းမန်းက ဆိုသည်။

KNU ၏ ခရီးသည် ဇန်နဝါရီလ ၅ရက်တွင် သမ္မတ ဦးသိန်းစိန်နှင့် ဒု-သမ္မတ ‌ဒေါက်တာစိုင်း‌မောက်ခမ်းတို့ကို ‌တွေ့ဆုံခဲ့ပြီး‌နောက် ၆ရက်‌နေ့တွင် အစိုးရ ကာကွယ်‌ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်ကို ‌တွေ့ဆုံသကဲ့သို့ ရန်ကုန်ရှိ ကရင်အမျိုး သား ရပ်မိရပ်ဖများနှင့်လည်း ‌တွေ့ဆုံခဲ့သည်ဟု ယ‌နေ့ထုတ်သည့် KNU ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

ယင်း‌ကြေညာချက်အရ သမ္မတကိုလည်း‌ကောင်း၊ ကာကွယ်‌ရေးဦးစီးချုပ်ကိုလည်း‌ကောင်း ၎င်းတို့ကို ‌တွေ့ဆုံခဲ့ရာတွင် အပစ်အ ခတ်ရပ်စဲ‌ရေး ခိုင်မာမှုရှိ‌စေ‌ရေး၊ ကချင်ပြည်နယ်အ‌ရေးကိစ္စနှင့် နိုင်ငံ‌ရေးအဆင့် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးကိစ္စများအပြင် ပြည်သူလူ ထုများ ယုံကြည်စိတ်ချ၊ အာမခံ‌ပေးနိုင်သည့် အပစ်အခတ်‌ရေးဆိုင်ရာ သ‌ဘောတူညီချက်များရရှိနိုင်ရန်နှင့် အ‌ကောင်အထည် ‌ဖော်‌ဆောင်ရွက်နိုင်‌ရေးတို့ ‌ဆွေး‌နွေးခဲ့သည်ဟု ပါရှိသည်။

ဆက်လက်၍ အစိုးရနှင့် အလွတ်သ‌ဘော ‌တွေ့ဆုံမှုတွင် ပဒိုမန်းမန်းမန်းက “အစိုးရက‌တော့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့‌အောက်မှာပဲ အဲဒီ ကိစ္စကို ‌ဆွေး‌နွေးချင်တယ်။ ကျ‌နော်တို့ တိုင်းရင်းသား‌တွေက‌တော့ လွှတ်‌တော်ပြင်ပဘက်မှာ ‌ဆွေး‌နွေးချင်တယ်။ ဆို‌တော့ ဒီငြိမ်းချမ်း‌ရေးကို ‌ရောက်ရှိဖို့အတွက်က နိုင်ငံ‌ရေးချိန်ခွင် ကွာဟ‌နေတယ်ဆိုတာကို ‌တွေ့ရပါတယ်”ဟု ဖြည့်စွက်‌ပြောဆိုသည်။

သမ္မတဦးသိန်းစိန်၏ ဖိတ်ကြားချက်ဖြင့် KNU ၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး ဦး‌ဆောင်၍ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒိုကွယ်ထူးဝင်း၊ တွဲဖက်အတွင်း‌ရေးမှူး (၂) ပဒိုမန်းမန်းမန်း၊ ပဒိုမန်းငြိမ်း‌မောင်၊ ပဒို‌ရောဂျာခင်နှင့် ပဒို‌စောလှထွန်းတို့သည် ဇန်န ဝါရီလ ၃ရက်‌နေ့က ‌နေပြည်‌တော်သို့ သွား‌ရောက်ခဲ့ပြီး ယမန်‌နေ့က ထိုင်း-မြန်မာနယ်စပ်သို့ ပြန်လည်‌ရောက်ရှိကာ ယ‌နေ့ ‌ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။