Home သတင်း မဟာရန်ကုန်အတိုင်းအတာဖြင့် ကျင်းပသည့် ကရင်နှစ်သစ်ကူး ပွဲ‌တော် KNU ကို မဖိတ်ကြား

မဟာရန်ကုန်အတိုင်းအတာဖြင့် ကျင်းပသည့် ကရင်နှစ်သစ်ကူး ပွဲ‌တော် KNU ကို မဖိတ်ကြား

3536
ဇန်နဝါရီလ ၁ဝရက်၊ ၂၀၁၃ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

ရန်ကုန်တိုင်း အင်းစိန် ‌ဆေးဝကင်္ဘာ‌ကျောင်း၊ အာလိန်ငါးဆင့်ဘုရားရှိ မဟာရန်ကုန် အတိုင်းအတာဖြင့် ယခုလ ဇန်နဝါရီလ ၁၂ ရက်‌နေ့၌ ကျင်းပမည့် ၇၅နှစ်‌မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်တွင် ကရင်အမျိုးသား အစည်းအရုံး-KNU အား ဖိတ် ကြားထားခြင်း မရှိ‌ကြောင်း ပွဲ‌တော်ကျင်းပ‌ရေး‌ကော်မတီက ယမန်‌နေ့က ‌ပြောသည်။

ကရင်နှစ်သစ်ကူးကျင်းပ‌ရေး ဗဟို‌ကော်မတီ(မဟာရန်ကုန်)မှ အတွင်း‌ရေးမှူး ‌စောလှထွန်းက “ကျ‌နော်တို့ နှစ်သစ်ကူးကျင်းပ‌ရေး ဗဟို‌ကော်မတီအ‌နေနဲ့ KNU ကို ဖိတ်ကြားထားတာ မရှိပါဘူး။ ဘာဖြစ်လဲဆိုရင် ဒီပွဲမှာ နိုင်ငံ‌ရေးနဲ့ ဆက်နွယ်‌နေတဲ့ အဖွဲ့အစည်း မျိုးကို ဖိတ်ကြားတဲ့အစီအစဉ် မရှိပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ဗဟို‌ကော်မတီ(မဟာရန်ကုန်)က ၎င်းပွဲ‌တော်ကျင်းပ‌ရေးနှင့် ပတ်သက်၍ မူ ၅ချက် ချမှတ် ထားရာတွင် အ‌ရေးကြီးဆုံးတစ်ချက်ဖြစ်သည့် ပုဂ္ဂိုလ်‌ရေးအရ အမြတ်ထုတ်ခြင်း၊ လူတန်းစားအရ အမြတ်ထုတ်ခြင်း၊ နိုင်ငံ‌ရေးအ ရ အမြတ်ထုတ်ခြင်း၊ စီးပွား‌ရေးအရ အမြတ်ထုတ်ခြင်းနှင့် ဘာသာ‌ရေးအရ အမြတ်ထုတ်ခြင်း အလျဉ်းမရှိ‌စေရ ဆိုသည့်အချက် ‌ကြောင့် KNU အား မဖိတ်ကြားခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

“ဒီမှု ၅ချက်ထဲက ပြန်ကြည့်ခြင်းအားဖြင့် ဘယ်နိုင်ငံ‌ရေးအဖွဲ့အစည်းမျိုးမှ လာလို့မရဘူး။ ဒါ‌ပေမယ့် ဒီကရင်နှစ်သစ်ကူးပွဲ‌တော်ကို ကရင်လူမျိုးပဲဖြစ်ဖြစ်၊ မြန်မာလူမျိုးပဲဖြစ်ဖြစ် လာလို့‌တော့ရတယ်။ ပြည်သူတ‌ယောက်အ‌နေနဲ့ ဒါမှမဟုတ်ရင် ဧည့်သည်တစ် ‌ယောက်အ‌နေနဲ့ လာလို့ရတယ်”ဟု ‌စောလှထွန်းက ဆက်‌ပြောသည်။

အာလိန်ငါးဆင့်တွင် ပြုလုပ်မည့် ကရင်နှစ်သစ်ကူးပွဲတွင် ပွဲကျင်းပ‌ရေး‌ကော်မတီဝင်များက ပွဲ‌တော်ကျင်းပ‌ရေးနှင့်ပတ်သက်၍ စည်းကမ်းချက်ထုတ်ထားပြီဖြစ်သလို ၎င်းတို့သည် နိုင်ငံ‌ရေးကိစ္စများနှင့် အငြိအစွန်းမခံချင်‌ကြောင်းနှင့် အစိုးရဘက်မှလည်း နိုင်ငံ ‌ရေးပုဒ်မဖြစ်သည့် ၁၇/၁ မရုပ်သိမ်း‌သေးခဲ့သည့်အ‌ပေါ် KNU အား မဖိတ်ကြားသည်ကို နားလည်ပါ‌ကြောင်း KNU အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ပဒို‌စောကွယ်ထူးဝင်းက ‌ပြောသည်။

သို့‌သော် ရန်ကုန်တိုင်းရှိ ကရင်လူမျိုးများ‌နေထိုင်ရာ အလုံနှင့် ပန်းတ‌နော်တို့တွင် ကျင်းပမည့် ကရင်နှစ်သစ်ကူးပွဲ‌တော်များတွင်မူ KNU မှ တက်‌ရောက်ဆင်နွှဲရန် ဖိတ်ကြားခံထားရသည်ဟု ပဒို‌စောကွယ်ထူးဝင်းက ယခုလို ‌ပြောဆိုသည်။

၂၀၁၁ခုနှစ်က အာလိန်ငါးဆင့်တွင် ကျင်းပသည့် ၇၄ကြိမ်‌မြောက် ကရင်နှစ်သစ်ကူးပွဲ‌တော်

၎င်းက “ကျ‌နော်တို့ကို ဝန်ကြီးဦး‌အောင်မင်းက အလုံမှာလုပ်မယ့် ကရင်နှစ်သစ်ကူးပွဲကို တက်‌ရောက်ဖို့ ဖိတ်စာနဲ့ အရင်လ ဒီဇင် ဘာလ ၂၅ရက်‌နေ့မှာ ဖိတ်ကြားထားတယ်။ ‌နောက် ကျ‌နော်တို့ အခုရက်ပိုင်းမှာ သမ္မတဦးသိန်းစိန် ဖိတ်ကြားချက်အရ သွားတဲ့ ခရီးစဉ်မှာ ပန်းတ‌နော်နဲ့ ‌လေးဒို့မှာ လုပ်မယ့် နှစ်သစ်ကူးပွဲတက်ဖို့ ပွဲကျင်းပ‌ရေး ‌ကော်မတီ‌တွေက ကျ‌နော်တို့ကို ဖိတ်ထားတာရှိ တယ်”ဟု ‌ပြောသည်။

အဆိုပါဖိတ်ကြားမှုအ‌ပေါ် KNU မှ ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင် ပဒို‌စောသမိန်ထွန်းနှင့် ပဒိုမန်းငြိမ်း‌မောင်တို့က ပါဝင်ဆင်နွဲ တက်‌ရောက်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ရန်ကုန်တိုင်း‌ဒေသကြီးရှိ ကရင်နှစ်သစ်ကူးပွဲ‌တော်ကို အင်းစိန်မြိုနယ်၊ အာလိန်ငါးဆင့်ဘုရားကြီးအဝင်း၌လည်း‌ကောင်း၊ အလုံမြို့ နယ် အထက (၁)အလုံ‌ကျောင်းဝင်းအတွင်း၌လည်း‌ကောင်း၊ ‌မြောက်ဥက္ကလာမြို့နယ်၌လည်း‌ကောင်း နှစ်စဉ်ကျင်းပ‌လေ့ရှိပြီး ပွဲ ‌တော်ရက်အဖြစ် ၂ရက်မှ ၃ရက်ကြာအထိ ပြုလုပ်‌လေ့ရှိသည်။

အလားတူ ပဲခူးတိုင်းရှိ ‌ကျောက်ကြီးမြို့နှင့် ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ် ကစို‌ကျေးရွာတွင် ကျင်းပမည့် ကရင်နှစ်သစ်ကူးပွဲ ‌တော်ဖြစ်‌မြောက်‌ရေး‌ကော်မတီများက KNU ကို ဖိတ်ကြားထားပြီး ကစို‌ကျေးရွာ နှစ်သစ်ကူးပွဲ‌တော်တွင် KNU ဥက္ကဌ ဗိုလ်ချုပ် ကြီး‌စောမူတူး‌စေးဖိုးနှင့် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်‌စော‌ဂျော်နီအပြင် နယ်ခြား‌စောင့်တပ် အမှတ်(၃) တိုက်နယ်မှူး ‌စောချစ်သူတို့ လည်း တက်‌ရောက်ကြမည်ဟု သိရသည်။

မြန်မာနိုင်ငံရှိ ရန်ကုန်၊ ကရင်ပြည်နယ်အပြင် အခြား‌ဒေသတွင် ကျင်းပ‌သော ကရင်နှစ်သစ်ကူးပွဲ‌တော်သို့ KNU မှ တက်‌ရောက် ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ပြာသိုလဆန်း ၁ရက်‌နေ့ကို ကရင်လူမျိုးတို့၏ နှစ်သစ်ကူး‌နေ့အဖြစ် ပြီးခဲ့သည့် မြန်မာသက္ကရာဇ် ၁၂၉၉ (ခရစ်နှစ် ၁၉၃၇)ခုနှစ်မှ စတင်ကာ ယခုအချိန်ထိ နှစ်စဉ် တရားဝင် ကျင်းပခွင့်ပြုလာခဲ့သည်။