Home သတင်း ကချင်ပြည်တိုက်ပွဲများ ရပ်ဆိုင်း‌ရေး လက်နက်ကိုင်အဖွဲ့များ ဝိုင်းဝန်းလုပ်‌ဆောင်သွားမည်

ကချင်ပြည်တိုက်ပွဲများ ရပ်ဆိုင်း‌ရေး လက်နက်ကိုင်အဖွဲ့များ ဝိုင်းဝန်းလုပ်‌ဆောင်သွားမည်

1638
ဇန်နဝါရီလ ၁ဝရက်၊ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

မြန်မာအစိုးရစစ်တပ်များမှ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင် တိုက်ခိုက်‌နေမှုများကို ရပ်ဆိုင်းမ‌ပေးပါက ညီညွှတ်‌သော တိုင်း ရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC)အဖွဲ့ဝင်များနှင့် လက်နက်ကိုင် မဟာမိတ်အဖွဲ့အစည်းများ စု‌ပေါင်းပြီး ‌ရှေ့ဆက် ‌ဆောင်ရွက်သွားမည့် နည်းလမ်းများ ပြင်ဆင်ထားပြီဖြစ်‌ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌နေရာတွင် ယ‌နေ့ည‌နေ ၄မှစတင်၍ တစ်နာရီကြာ ပြုလုပ်ခဲ့သည့် UNFC သတင်းစာရှင်းလင်းပွဲတွင် ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်မှ နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်‌နေမှုများကို ရပ်ဆိုင်းရန် ဝိုင်းဝန်းလုပ်‌ဆောင်ကြရန် နည်း လမ်းရှာ ‌ဆွေး‌နွေးခဲ့ကြ‌ကြောင်း UNFC တွဲဖက်အတွင်း‌ရေးမှူး ဗိုလ်မှူးကြီးခွန်ဥက္ကာက ယခုလို ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ ဒီလကုန်ပိုင်း‌လောက် ဦး‌အောင်မင်းနဲ့‌တွေ့ဆုံပြီး ကချင်ပြည်နယ်မှာဖြစ်‌နေတဲ့ ထိုးစစ်ဆင်‌နေတာ‌တွေကို ရပ် ဆိုင်း‌ပေးဖို့ ‌တောင်းဆိုမယ်။ ဒီလို‌ပြောတာမှ မရပ်ဘူး။ သမ္မတဆီ တင်ပြထားလို့လည်း ဘာမှထူးမလာရင်‌တော့ တခြားနည်း လမ်း‌တွေနဲ့ ဆက်လုပ်သွားဖို့ ကျ‌နော်တို့က‌တော့ ပြင်ဆင်ထားကြတယ်”ဟု ‌ပြောသည်။

အစိုးရနှင့် နိုင်ငံ‌ရေးအရ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများကို UNFC အဖွဲ့ဝင်များက တဖွဲ့ချင်းစီ စကား‌ပြောဆိုသွားမည်မဟုတ်ပဲ စည်းစည်း လုံးလုံးနှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲဝင်ကြရန် ဆုံးဖြတ်ချက်များ ထပ်မံ ချမှတ်လိုက်ပြီဖြစ်‌ကြောင်းလည်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆက် ‌ပြောသည်။

လက်ရှိအ‌ခြေအ‌နေအရ UNFC အ‌နေဖြင့် ကချင်ပြည်နယ် တိုက်ပွဲများရပ်ဆိုင်း‌ပေးရန် ပြည်‌ထောင်စု သမ္မတဝန်ကြီး ဦး‌အောင် မင်းထံ ‌မေတ္တာရပ်ခံသွားမည်ဖြစ်ပြီး ထိုမှတဆင့် တိုက်ပွဲများမရပ်ဆိုင်း‌ပေးပါက ‌ရှေ့ဆက်လုပ်‌ဆောင်ရန် ပြင်ဆင်ထားသည်များ ကို UNFC ဘက်မှ အများပြည်သူထံ အသိ‌ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ၁၉၉၄ခုနှစ်‌နောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၏ မာနယ်ပ‌လောဗဟိုဌာနချုပ် ကျခဲ့သည့်‌နောက်ပိုင်း အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အား‌ပျော့သွားသကဲ့သို့ ယခုအချိန်တွင် ကချင်လွတ်‌မြောက်‌ရေးအဖွဲ့(KIO)၏ ဌာန ချုပ် လိုင်ဇာကျရှုံးသွားမည်ကို စိုးရိမ်ကြသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ မဟာမိတ်အဖွဲ့အစည်းများအ တွက် လှုပ်ရှားမှုများ အား‌ပျော့သွားမည့် အ‌ခြေအ‌နေမျိုး မကျ‌ရောက်ရန်အတွက် ဝိုင်းဝန်းကာကွယ်သွားကြရန် သ‌ဘောတူညီမှု ဖြင့် နည်းလမ်းများ ထပ်မံ ရှာ‌ဖွေခဲ့ခြင်းဖြစ်‌ကြောင်းကိုလည်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ UNFC အဖွဲ့ဝင် ၁ဝဖွဲ့နှင့် မဟာမိတ်အဖွဲ့အစည်းများဖြစ်သည့် ရခိုင်ပြည်နယ်လွတ် ‌မြောက်‌ရေးပါတီ(ALP)၊ ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ‌တော် (DKBA)၏ ကလို့ထူး‌ဘောကရင့်အစည်းအရုံး(KKO)၊ ကရင်ငြိမ်း ချမ်း‌ရေး‌ကောင်စီ(KNU-KNLA)နှင့် သတင်း‌ထောက် စုစု‌ပေါင်း လူဦး‌ရေ ၂ဝခန့် တက်‌ရောက်ခဲ့ကြသည်။

၂၀၁၁ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၆ရက်‌နေ့က ကချင်၊ ကရင်နီ၊ ကရင်၊ သျှမ်း၊ ပ‌လောင်၊ မွန် စသည့် တိုင်းရင်းသားအဖွဲ့အစည်း ၁၁ဖွဲ့ ဖြင့် စတင် ဖွဲ့စည်းခဲ့သည့် ညီညွှတ်‌သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ UNFC ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၉ရက် ‌နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အစိုးရဘက်မှ ဝန်ကြီးဦး‌အောင်မင်း ဦး‌ဆောင်‌သော အစိုးရ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး အဖွဲ့ ဝင် ၈ဦးမှ လာ‌ရောက်‌တွေ့ဆုံခဲ့သည်။