Home သတင်း ခရာဘွမ်တွင် အစိုးရစစ်တပ်နှင့် KIA အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်

ခရာဘွမ်တွင် အစိုးရစစ်တပ်နှင့် KIA အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်

2531
ဇန်နဝါရီလ ၁၆ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကချင်ပြည်နယ်၊ လိုင်ဇာမြို့၏ အ‌နောက်ဘက် ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်-KIA ထိန်းချုပ်ရာ ခရာဘွမ်‌တောင်စခန်းတွင် အစိုးရစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွား‌နေ‌ကြောင်း သိရသည်။

KIO မှ ‌ပြော‌ရေးဆိုခွင့်ရှိသူ ဦးလနန်က “ဒီ‌နေ့မနက် ၈နာရီကစတင်ပြီး‌တော့ လိုင်ဇာစခန်းရဲ့ အပြင်ဘက် ခရာဘွမ်‌တောင်တန်း မှာ ဒီ‌နေ့တစ်‌နေ့လုံးတိုက် ပွဲ‌တွေဖြစ်‌နေ တယ်။ မ‌နေ့ကလည်း ညမိုးချုပ်အထိ တိုက်ပွဲဖြစ်တယ်”ဟု ‌ပြောသည်။

ထို့အပြင် ယ‌နေ့ မြန်မာစံ‌တော်ချိန် ၅နာရီခန့် အစိုးရစစ်တပ်မှ ‌လေယာဉ်နှစ်စင်းနှင့် တိုက်‌လေယာဉ်တစ်စင်းဖြင့် ၎င်းတို့၏ စခန်း ‌ပေါ်သို့ ပျံဝဲကာ ဒုံးကျည်များ ပစ်ချခြင်း၊ ဗုံးကျဲခြင်းများ ပြုလုပ်‌နေ‌ကြောင်းလည်း ဦးလနန်က ဆက်‌ပြောသည်။

ကချင်‌ဒေသအတွင်း အစိုးရဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြင်းထန်လာသည်နှင့်အမျှ ယခုလ ဇန်နဝါရီ ၁၄ရက်‌နေ့က အစိုး ရဘက်မှ ပစ်ခတ်သည့် လက်နက်ကြီး ၂လုံးသည် လိုင်ဇာမြို့ထဲသို့ကျ‌ရောက်၍ အရပ်သား ၃ဦး‌သေဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့ သည်။

ယခုလို တိုက်ပွဲများ ပြင်းထန်‌နေချိန်တွင် ကွတ်ခိုင်မြို့နယ်၊ မုံး‌ဟောင်း‌ကျေးရွာအနီး၌ KIA တပ်မဟာ (၄)မှ ဗိုလ်ကြီးအဆင့်ရှိ ရမ်ဆိုင်း ‌ခေါင်း‌ဆောင်‌သော အဖွဲ့ဝင် ၇ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ဇန်နဝါရီလ ၁၄ရက်‌နေ့က အစိုးရစစ်‌ကြောင်းသို့ ဆက်သွယ်ပြီး အလင်းဝင်ခဲ့သည်ဟု ယ‌နေ့ရက်စွဲဖြင့် မြန်မာစစ်တပ် ပိုင် မြဝတီသတင်းစာမျက်နှာ၌ ‌ဖော်ပြထားသည်။

ယင်း‌ဖော်ပြချက်နှင့် ပတ်သက်၍ မှန်ကန်မှု ရှိမရှိ KIA ဘက်မှ ဆက်လက် စုံစမ်းလျှက်ရှိသည်ဟု ဦးလနန်က ‌ပြောသည်။