Home သတင်း သမ္မတဦးသိန်းစိန်နှင့်လွတ်လပ်‌ရေး‌နေ့ အပြီး‌တွေ့မည်ဟု ‌ကေအဲန်ယူ‌ပြောဆို

သမ္မတဦးသိန်းစိန်နှင့်လွတ်လပ်‌ရေး‌နေ့ အပြီး‌တွေ့မည်ဟု ‌ကေအဲန်ယူ‌ပြောဆို

1629
ဇန်နဝါရီလ ၃ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ‌တွေ့ဆုံရန် ယ‌နေ့ထွက်ခွာသွားသည့် ‌ကေအဲန်ယူ ဥက္ကဌနှင့်အဖွဲ့သည် လွတ်လပ်‌ရေး‌နေ့အပြီး ဇန်နဝါရီလ ၅ရက်‌နေ့တွင် ‌နေပြည်‌တော်၌ သမ္မတ အပါအဝင် အစိုးရအဖွဲ့နှင့် ‌တွေ့ဆုံမည် ဖြစ်သည်။

ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး၊ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းတို့ ဦး‌ဆောင်‌သော အဆိုပါ‌ကေအဲန်ယူအဖွဲ့ သည် ယ‌နေ့မနက် ၈နာရီခွဲတွင် မြဝတီမြို့မှ ထွက်ခွာ၍ မွန်းလွဲ ၃နာရီတွင် ကရင်ပြည်နယ်၊ မြို့‌တော်ဘားအံသို့ ‌ရောက်ရှိပြီး ဇွဲကပင်ဟိုတယ်တွင် တစ်ညတာ တည်းခိုလျှက်ရှိ‌ကြောင်း သိရသည်။

“ကျ‌နော်တို့ ၅ရက်‌နေ့မှာ ‌တွေ့မှာပါ။ မနက်ဖြန်ကလည်း လွတ်လပ်‌ရေး‌နေ့ဆို‌တော့ သူတို့(အစိုးရအဖွဲ့)လည်း နားရက်ဖြစ်မှာပဲ။ ‌လော‌လောဆယ် ကျ‌နော်တို့ ဖားအံမှာ နားတယ်။ မနက်ဖြန်မှ ခရီးဆက်မယ်”ဟု အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူး ဝင်းက ‌ကေအိုင်စီသို့ ယ‌နေ့ည‌နေက ‌ပြောသည်။

၎င်းတို့အ‌နေဖြင့် ‌ကေအဲန်ယူနှင့် အစိုးရ နှစ်ဖက် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ ‌ရှေ့ဆက်လုပ်‌ဆောင်‌ရေးအပြင် တိုင်းရင်းသား‌ဒေသများ မှ အ‌ခြေအ‌နေများကို ‌ဆွေး‌နွေးသွားမည်ဖြစ်‌သော်လည်း ဦးသိန်းစိန် အစိုးရဘက်မှ မည်သည့်အ‌ကြောင်းအရာများ ‌ဆွေး‌နွေးမည် ကို မ‌ပြောဆိုနိုင်‌သေး‌ကြောင်း ပဒို‌စောကွယ်ထူးဝင်းက ဆက်လက်‌ပြောဆိုသည်။

သို့‌သော် အစိုးရအဖွဲ့ဝင်အချို့နှင့် သမ္မတရုံး ညွှန်ကြား‌ရေးမှူး ဦး‌ဇော်‌ဌေးက သမ္မတအ‌နေဖြင့် ‌ကေအဲန်ယူနှင့်‌တွေ့သည့် အခါ ကချင်အဖွဲ့ကို စားပွဲဝိုင်း‌ပေါ်‌ရောက်‌အောင် ‌ပြောဆို‌ပေး ရန် ‌ဆွေး‌နွေးသွားမည်ဟု အကြမ်းဖျင်းသိရ‌ကြောင်း 7day new ဂျာနယ် သို့ ‌ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ပဒို‌စောကွယ်ထူးက “လက်ရှိ ကချင်‌ဒေသ စစ်ပွဲဟာလည်း ငြိမ်းချမ်း‌ရေးကို အ‌ကောင်အထည်‌ဖော်ရာမှာ အဟန့်အတားတခု ဖြစ်‌နေတယ်။ ဒါကိုလည်း ကျ‌နော်တို့ အစိုးရနဲ့‌ဆွေး‌နွေးသွားဖို့ ရှိပါတယ်။ ‌နောက် ပြီးခဲ့တဲ့ စက်တင်ဘာက ကျ‌နော်တို့ တတိယအကြိမ် ‌ဆွေး‌နွေးတုန်းက မပြီးပြတ်‌သေးတာ‌တွေကိုလည်း ဘယ်လိုဆက်လုပ်သွားမလဲ ‌ဆွေး‌နွေးမှာပါ”ဟု ဆိုသည်။