Home သတင်း ဖားအံမြို့နယ်ရှိမိဇံ‌တောင် ‌နောက်ထပ် အဖြိုခံရမည်ကို ‌ဒေသခံများ စိုးရိမ်

ဖားအံမြို့နယ်ရှိမိဇံ‌တောင် ‌နောက်ထပ် အဖြိုခံရမည်ကို ‌ဒေသခံများ စိုးရိမ်

1707
ဇန်နဝါရီလ ၄ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သံလွင်မြစ်အ‌ရှေ့ဘက်ကမ်းရှိ မိဇံ‌တောင်မှာ ၂၀၁၁ခုနှစ်က တရုတ်ကုမ္ပဏီမှ ‌ဖောက်ခွဲဖြိုချခံရပြီး လက်ရှိအချိန်တွင် လုပ်ငန်း ရပ်တန့်ထား‌သော်လည်း ထပ်မံ လာ‌ရောက်ဖြိုခွဲမည်ကို ‌ဒေသခံများက စိုးရိမ်‌နေကြသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ၌ အဖြိုခံရသည့် မိဇံ‌တောင်ကို လာ‌ရောက်‌လေ့လာ‌ပေးရန် မိဇံရွာသူရွာသားများ၏ ဖိတ် ကြားမှုဖြင့် သွား‌ရောက်ခဲ့သူ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ ပြည်သူ့လွှတ်‌တော်အမတ် နန်း‌စေအွာမှ အ‌ခြေအ‌နေမှန်များကို သွား‌ရောက်ကြည့်ရှုခဲ့ပြီး‌နောက် ၎င်းတရုတ်ကုမ္ပဏီ ၏ ‌တောင်ဖြိုသည့် စီမံကိန်းမှာ ယမန်နှစ်၊ စက်တင်ဘာလ ၉ရက်‌နေ့တွင် ရပ်တန့်သွားခဲ့သည်။

သို့‌သော်လည်း လုပ်ငန်းဆိုင်ရာ စက်ပစ္စည်းကိရိယာများကို ယခုအချိန်ထိ ပြန်လည်သယ်‌ဆောင်သွားခြင်း မရှိ‌သေးသည့်အ‌ပေါ် စိုးရိမ်ရခြင်းဖြစ်‌ကြောင်း ရွာသူအမျိုး သမီးတဦးက ယခုလို ‌ပြောသည်။

“လွတ်‌တော်အမတ် နန်း‌စေအွာ လာကြည့်‌တော့မှပဲ ‌တောင်မိုင်းခွဲတာ၊ ‌ကျောက်ကြိတ်တာ‌တွေ ရပ်‌တော့တယ်။ ‌နောက်ပိုင်းမှာ အလုပ်‌တွေလည်း ရပ်တယ်။ ဒါ‌ပေမယ့် စက်ကိရိယာ‌တွေကို ခုထိ ပြန်မသယ်ကြ‌သေးဘဲ ဖြစ်တဲ့အခါကျ‌တော့ ပြန်လုပ်မှာကို ကျမတို့ ရွာသား‌တွေ စိုးရိမ်‌နေကြတယ်”ဟု သူမက ‌ကေအိုင်စီသို့ ‌ပြောသည်။

မိဇံ‌တောင်ကို တရုတ်တို့က ဖြိုခွဲခဲ့ရာတွင် အပြင်းစားမိုင်းတို့ဖြင့် ‌ဖောက်ခွဲ‌သော‌ကြောင့် မိဇံရွာရှိ အိမ်များကို ဖုံမှုန့်များ ဖုံးလွှမ်းကာ အိမ်တံခါးများကိုလည်း အမြဲပိတ်ထားရသည်ဟု ရွာသူရွာသားများက ‌ပြောဆိုသည်။


အပြင်းစားမိုင်းဖြင့် ဖြိုခွဲခံရသည့် မိဇံ‌တောင်
မိဇံရွာခံ ကိုင်းလုပ်သားကလည်း “ဦးရဲ့ကိုင်းက ‌တောင်နဲ့နီးနီး‌လေးပဲ။ ဦးတို့မိသားစု‌တွေကလည်း ဒီကိုင်းနဲ့ပဲ မှီခို‌နေရတယ်။ တရုတ်‌တွေက ဒီ‌တောင်ကို ဆက်ပြီးဖြိုဦးမယ်ဆိုရင်‌တော့ ကျ‌နော့်ကိုင်း‌ကော၊ ဒီအနီးအနားရှိတဲ့ ကိုင်း‌တွေ‌ကော အကုန်ပျက်စီး မှာပဲ။ ‌လော‌လောဆယ် စက်ကိရိယာ‌တွေ ကို ပြန်မသယ်‌သေးသ‌ရွေ့ ကျ‌နော်တို့‌တွေ စိုးရိမ်မှု‌တွေ‌တော့ ဆက်ရှိ‌နေရဦးမှာပဲ”ဟု ‌ပြောသည်။

၎င်း‌တောင်ကို ဖြိုခဲ့စဉ်က မြန်မာစကား‌ကောင်းမွန်စွာ ‌ပြောဆိုနိုင်သည့် အလုပ်သမားတစ်ဦးက ဦး‌ဆောင်ခြင်းဖြစ်သလို အလုပ် ကြမ်းများကို မြန်မာပြည်ရှိ အခြား‌ဒေသမှ အလုပ်သမားများ လာ‌ရောက်လုပ်ကိုင်ကြပြီး လက်ရှိ မိဇံ‌တောင်မှာ ဆယ်ပုံတစ်ပုံခန့် ဖြိုချခံထားရ‌ကြောင်း သွား‌ရောက်‌လေ့လာခဲ့သူတစ်ဦး၏ ‌ပြောပြချက်အရ သိရသည်။

ထို့အပြင် ‌တောင်ဖြို၍ ရလာသည့် ‌မြေကြီးနှင့် ‌ကျောက်သားများကို ကားကြီးများဖြင့်‌သော်လည်း‌ကောင်း၊ သ‌ဘေင်္ာများနှင့်လည်း ‌ကောင်း တရုတ်နိုင်ငံနှင့် ထားဝယ်‌ရေနက် ဆိပ်ကမ်းသို့ သယ်‌ဆောင်သွား‌ကြောင်း သတင်းထွက်‌ပေါ်‌နေ‌သော်လည်း တိကျသည့် အချက်အလက်များ ယခုထိ မသိရ‌သေး‌ပေ။

မိဇံ‌တောင်အ‌ရေးကို လွှတ်‌တော်အမတ် နန်း‌စေအွာမှ သွား‌ရောက်စုံစမ်း စစ်‌ဆေးပြီး‌နောက် ‌ဒေသခံများ၏ ဆန္ဒအတိုင်း ဌာနဆိုင် ရာ အာဏာပိုင်များထံသို့ ကန့်ကွက်လက်မှတ်များ ‌ပေးပို့ခဲ့သည့်အတွက် ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၉ရက်‌နေ့တွင် ၎င်း‌တောင် ဖြိုသည့်စီမံကိန်းမှာ ရပ်တန့်ခဲ့ခြင်း ဖြစ်သည်။