Home သတင်း KBC အစည်းအ‌ဝေး တက်‌ရောက် ရန် KNU အဖွဲ့ဝင် ၃ဦး ဖိတ်ကြားခံရ

KBC အစည်းအ‌ဝေး တက်‌ရောက် ရန် KNU အဖွဲ့ဝင် ၃ဦး ဖိတ်ကြားခံရ

1558
နိုဝင်ဘာလ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာနိုင်ငံရှိ Karen Baptist Convention ‌ခေါ် နှစ်ခြင်းခရစ်ယာန်အဖွဲ့ တစ်ခုက နိုဝင်ဘာလ ၁၇ရက်‌နေ့၌ အစည်းအ‌ဝေးတစ် ရပ် ပြုလုပ် မည်ဖြစ် ပြီးယင်း အစည်းအ‌ဝေးတွင် ကရင်အမျိုးသားအစည်းအရုံး-KNU မှ ကိုယ်စားလှယ် ၃ဦး အပါအဝင် ထိုင်း-မြန် မာနယ်စပ်အ‌ခြေစိုက် ကရင်အဖွဲ့အစည်းအချို့ကို ဖိတ်ကြား ထားသည်။

၂ရက်ကြာ ပြုလုပ်မည့် ယင်းအစည်းအ‌ဝေးတွင် KBC အဖွဲ့ကိစ္စအပြင် လက်ရှိ ‌ကေအဲန်ယူနှင့် မြန်မာအစိုးရတို့၏ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်သည် မည်သည့်အဆင့်၌ ရှိ‌နေ‌ကြောင်း၊ ‌ရှေ့ဆက် မည်သို့လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်းနှင့်အ‌ခြေအ‌နေ‌ပေါ် မူတည်၍ ‌ဆောင်ရန်၊ ‌ရှောင်ရန် ကိစ္စများကို မည်သို့ ပြင်ဆင်သင့်‌ကြောင်း စသည်တို့ကို ‌ဆွေး‌နွေးသွားမည်ဟု KBC အမှု‌ဆောင် အရာရှိဖြစ်သူ ‌ဒေါက်တာဂါဘရီလ်(Dr. Gabriel)က ‌ပြောသည်။

‌ဒေါက်တာဂါဘရီလ်က “ပြည်တွင်းမှာရှိတဲ့ ကရင်‌တွေဟာ အပစ်ခတ်ရပ်စဲ‌ရေးဖြစ်‌စေ၊ စည်းလုံးညီညွှတ်‌ရေးဖြစ်‌စေ ကျ‌နော်တို့ ဘယ်လိုပူး‌ပေါင်းပါဝင်‌ဆောင်ရွက်မလဲဆိုတာ အားနည်း‌နေ‌သေးတယ်။ ဒါကို ဒီထက် နားလည်‌အောင် အခုလုပ်မယ့် အစည်းအ ‌ဝေးမှာ ‌ပြောဆို‌ဆွေး‌နွေးကြဖို့ ‌ကေအဲန်ယူကိုလည်း ဖိတ်တာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အစည်းအ‌ဝေးသို့ ‌ကေအဲန်ယူ ကိုယ်စားလှယ် ၃ဦး အပါအဝင် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်များ‌ကော်မတီ-KRC မှ ဥက္ကဌလည်းဖြစ်၊ နှစ်ခြင်းခရစ်ယာန် သိက္ခာ‌တော်ရ ဆရာ‌တော်‌စော‌ရောဘတ်‌ထွေး ပါဝင်သည့်အဖွဲ့ ၈ဦးနှင့် KBC အား ကူညီပံ့ပိုး သူများ၊ ပြည်တွင်းရှိ ခရစ်ယာန်အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ စသည်တို့ စုစု‌ပေါင်း လူဦး‌ရေ ၄၀‌ကျော် တက်‌ရောက်မည်ဟု သိရ သည်။

သို့‌သော် ‌ကေအဲန်ယူဘက်မှ KBC ၏ အစည်းအ‌ဝေးသို့ တက်‌ရောက်ရန် ကိုယ်စားလှယ်အဖြစ် မည်သူအား ‌စေလွှတ်မည်ကို ယခုထိ ထုတ်‌ဖော်‌ပြောဆိုထားခြင်း မရှိ‌သေး‌ပေ။

KBC အစည်းအ‌ဝေးသည် အဓိကအားဖြင့် ဘာသာ‌ရေးဆိုင်ရာ အစည်းအ‌ဝေးဖြစ်၍ လက်ရှိအချိန်တွင် ‌ကေအဲန်ယူအ‌နေဖြင့် တက်‌ရောက်ရန် မသင့်‌လျော်‌သေးသလို အ‌သေအချာ စဉ်းစားရန်လို‌ကြောင်းလည်း ပြည်ပ‌ရောက် ကရင်အဖွဲ့အစည်းအချို့က သုံး သပ်‌ဝေဖန်‌နေကြသည်။

KBC သည် ယခုလို အစည်းအ‌ဝေးကို ပြီးခဲ့သည့် ၂၀၁၁ခုနှစ်မှစ၍ လာမည့် ၂၀၂ဝခုနှစ်အထိ စတင်ကာ တနှစ်လျှင် ၂ကြိမ် စီမံ ကိန်းဖြင့် လုပ်‌ဆောင်သွားရန်ရှိပြီး ‌ကေအဲန်ယူကို ဖိတ်ကြားသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။