Home သတင်း နိုင်ငံသားစိစစ်‌ရေးကဒ် လုပ်‌ဆောင်သူများထံမှ ရွာလူကြီးအချို့ ‌ငွေ‌ကောက်ခံခဲ့

နိုင်ငံသားစိစစ်‌ရေးကဒ် လုပ်‌ဆောင်သူများထံမှ ရွာလူကြီးအချို့ ‌ငွေ‌ကောက်ခံခဲ့

4456
‌အောက်တိုဘာလ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ထီးဝါပ‌လောနှင့် ပ‌နောကလဲခီး(သံပုရာ)‌ကျေးရွာတို့၌ နိုင်ငံသားစိစစ်‌ရေး ကဒ်ပြားကို အခမဲ့ လုပ်‌ဆောင်‌ပေး‌နေ‌သော်လည်း ရွာသူရွာသားများနှင့် ‌ကျောင်းသားများမှာ ‌ကျေးရွာ လူကြီးများအား ‌ငွေ‌ပေး‌ဆောင်ခဲ့ရ ‌ကြောင်း စိစစ်‌ရေးကဒ် လုပ်‌ဆောင်ခဲ့သူများက ‌ပြောသည်။

မြဝတီမြို့နယ် လူဝင်မှုကြီးကြပ်‌ရေးဌာန(လဝက)နှင့် Norwegian Refugee Council -NRC တို့သည် ယင်း‌ကျေးရွာများ၌ တရွာလျှင် နှစ်ရက်နှုန်းဖြင့် စက်တင်ဘာလကုန်ပိုင်းမှစ၍ ‌အောက်တိုဘာလ ၅ရက်‌နေ့အထိ စိစစ်‌ရေးကဒ်ရိုက်‌ပေးရာတွင် ရွာလူကြီး အချို့မှ လူတစ်ဦးလျှင် ကျပ်‌ငွေ ၁,၀၀ဝမှ ၅,၀၀၀‌ထောင်အထိ ‌ကောက်ခံခဲ့သည်ဟု ထီးဝါပ‌လောရွာသား တစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အခမဲ့လို့‌တော့ ‌ပြောထားတယ်။ ဒါ‌ပေမယ့် မရိုက်မီ ရွာသူကြီးဆီ နာမည်အရင်သွားထိုးရပြီး မြန်မာကျပ်‌ငွေ ငါး‌ထောင် ‌ပေးရတယ်။ ‌ကျောင်းသား‌ကျောင်းသူ‌တွေက တစ်‌ထောင်ပဲ ‌ပေးရတယ်”ဟု ‌ပြောသည်။

ထို့အတွက် ‌ငွေ‌ကြေးမတတ်နိုင်သည့် အချို့ရွာသားများမှာ နိုင်ငံသားစိစစ်‌ရေးကဒ်ကို လာ‌ရောက်လုပ်‌ဆောင်ခြင်း မရှိ‌တော့သဖြင့် ၎င်းတို့အတွက် နစ်နာရ‌ကြောင်း အဆိုပါရွာသားက ဆက်လက် ‌ပြောဆိုသည်။

ထိုသို့ ‌ငွေ‌ကောက်ခံခြင်းမှာ ထီးဝါပ‌လောရွာလူကြီး‌ဟောင်းတစ်ဦးက စိစစ်‌ရေးကဒ် လာ‌ရောက်ရိုက်‌ပေးသူ လဝကနှင့် NRC ဝန်ထမ်းများအတွက် လိုအပ်‌သော အ‌ထွေ‌ထွေကုန်ကျစရိတ်အဖြစ် ၃,၀၀ဝကျပ်သာ ‌ကောက်ခံခြင်းသာဖြစ်သည်ဟု ဒီဗွီဘီသတင်းဌာန ကရင်ပိုင်း ‌ရေဒီယိုအစီအစဉ်တွင် ‌ပြောဆိုထားသည်။

သို့‌သော် NRC ဝန်ထမ်းများအ‌နေဖြင့် ကရင်ပြည်နယ်အတွင်း One Stop Service (‌နေ့ချင်းတွင်းအပြီး) စနစ်ဖြင့် စိစစ်‌ရေး ကဒ်ကို အခမဲ့ ရိုက်‌ပေး‌နေခြင်းဖြစ်ပြီး ၎င်းတို့၏ သွားလာ‌ရေး၊ အစားအ‌သောက်နှင့် အခြားကုန်ကျစရိတ်အားလုံးကို ကွင်း ဆင်းခရီးစဉ်နှင့် တစ်ပါတည်း စီစဉ်ထားပြီးဖြစ်‌ကြောင်း မှတ်ပုံတင်လိုက်လံလုပ်‌ပေးသည့်အဖွဲ့တို့နှင့် နီးစပ်သူတစ်ဦးက ‌ပြောဆိုသည်။

“NRC ဝန်ထမ်း‌တွေက အစစအရာရာ စရိတ်အားလုံးကို ဌာနက စီစဉ်လာခဲ့ပြီးသား။ ဒီလို ရွာသူကြီး‌တွေ လုပ်တာကြားလို့ စိတ်မ‌ကောင်းဘူး။ ဘာဖြစ်လဲဆို‌တော့ အဲလို ‌ငွေ‌ကောက်ခံတဲ့အခါ တချို့လူ‌တွေ မှတ်ပုံတင်(စိစစ်‌ရေးကဒ်) လိုချင်လျှက် သားနဲ့ မရိုက်ဖြစ်‌တော့ဘူး‌လေ”ဟု ဆိုသည်။

အလားတူ မြဝတီမြို့နယ်၊ ပ‌နောကလဲခီးရွာတွင် ရွာလူကြီးမှ မှတ်ပုံတင်တခါမျှ မရိုက်ရ‌သေးသူအား ၄,၅၀ဝကျပ်၊ မှတ်ပုံတင် အ‌ဟောင်းမှ အသစ်သို့ ပြန်လဲလှယ်သူအား ၃,၅၀ဝကျပ် ‌ကောက်ခံလျှက်ရှိသည်ဟု ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

ယခု‌အောက်တိုဘာလအတွင်း မြဝတီမြို့နယ်မှာ နိုင်ငံသား စိစစ်‌ရေးကဒ် ပြုလုပ်ပြီးသူဦး‌ရေ ၇၀ဝ နီးပါး ရှိပြီဖြစ်‌ကြောင်း သိရသည်။