Home သတင်း စည်းလုံးရန်အတွက်ကရင်ဘာ သာ‌ရေး‌ခေါင်း‌ဆောင်များ‌ဆွေး‌နွေးခဲ့

စည်းလုံးရန်အတွက်ကရင်ဘာ သာ‌ရေး‌ခေါင်း‌ဆောင်များ‌ဆွေး‌နွေးခဲ့

2132
‌အောက်တိုဘာလ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ စ’ဖန်း‌ရှောင်း (‌ကေအိုင်စီ)

ကရင်အမျိုးသားများအတွင်း စည်စည်းလုံးလုံးနှင့် ပြသနာအခက်အခဲများကို ‌ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ကရင်ဘာသာ‌ရေး‌ခေါင်း ‌ဆောင်များက ယမန်‌နေ့က ထိုင်း-မြန်မာနယ်စပ် တ‌နေရာ၌ ‌ဆွေး‌နွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်။

အဆိုပါ‌ဆွေး‌နွေးပွဲကို မနက် ၉နာရီအချိန်မှ စတင်၍ ည‌နေ ၃နာရီခွဲခန့်အထိ ကျင်းပခဲ့ပြီး ပြီးခဲ့သည့်အပတ်က ‌ကေအဲန်ယူ ထိပ်ပိုင်း‌ခေါင်း‌ဆောင် ၃ဦးအား တာဝန်မှ ရပ်စဲလိုက်သည့်အ‌ပေါ် အဖွဲ့အစည်းအ‌နေဖြင့် ရင်ဆိုင်‌နေရ‌သော ပြဿနာများကို အ‌မြော်အမြင်ရှိစွာ ‌ဖြေရှင်းနိုင်‌ရေး ‌ဆွေး‌နွေးခဲ့ကြသည်ဟု ‌ပြော‌ရေးဆိုခွင့်ရှိသူ ဗုဒ္ဓဘာသာဘုန်း‌တော်ကြီး ဦးဝိဇာနက ‌ပြောသည်။

အဆိုပါ ‌ဆွေး‌နွေးပွဲသို့ ပြည်တွင်းနှင့် နယ်စပ်‌ဒေသမှ ဗုဒ္ဓဘာသာဘုန်း‌တော်ကြီများ၊ ခရစ်ယာန် ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ အပါအဝင် လူဦး‌ရေ ၄၀‌ကျော် ပါဝင်တက်‌ရောက်ခဲ့ကြခြင်း ဖြစ်သည်။

၎င်းဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၏ ‌ဆွေး‌နွေးပွဲနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များကို ပြင်ဆင်‌ရေးသား‌နေဆဲဖြစ်သည်ဟု သိရ သည်။