Home သတင်း ‌သောက်‌ရေခပ်တမံပိတ် ဆို့မှု‌ကြောင့် ‌ရေလျှံထွက်ပြီး‌ဒေသခံများ ကူးသန်း‌ရောင်းဝယ်ရန် အခက်ကြုံ

‌သောက်‌ရေခပ်တမံပိတ် ဆို့မှု‌ကြောင့် ‌ရေလျှံထွက်ပြီး‌ဒေသခံများ ကူးသန်း‌ရောင်းဝယ်ရန် အခက်ကြုံ

2155
‌အောက်တိုဘာလ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ)


ပဲခူးတိုင်း၊ ‌တောင်ငူမြို့နယ်တွင် မြန်မာအစိုးရနှင့် ‌ရွှေ စွမ်းအင်(‌အေးရှား‌ဝေါ)ကုမ္ပဏီတို့ ပူး‌ပေါင်းသည့် ‌သောက်‌ရေခပ် ‌ရေ ‌လှောင်တမံ ပိတ်ဆို့မှု‌ကြောင့် ‌ချောင်း‌ရေစီးဆင်းမှု ရပ်တန့်ကာ ‌ရေလျှံထွက်သည့်အတွက် ‌တောင်သူ‌ဒေသခံ လူထုမှာ ကုန်စိမ်းများ ကူးသန်း‌ရောင်းဝယ်ရန် လမ်းပမ်းဆက်သွယ်‌ရေး ခက်ခဲလျှက်ရှိသည်။

‌သောက်‌ရေခပ်‌ချောင်း‌ပေါ်တွင် တည်‌ဆောက်ထားသည့် ၎င်း‌ရေ‌လှောင်တမံသည် ယခု ‌အောက်တိုဘာလ ၁၃ရက်‌နေ့က ‌ဘောဂလိကြီးမြို့နှင့် ‌တောင်ငူမြို့ကို ဖြတ်သန်းသွားလာရသည့် ပလက်ဝတံတား ‌ရေနစ်မြုပ်သွားသဖြင့် ‌ဒေသခံများ ကုန် ကူးသန်း‌ရောင်းဝယ်၍ မရ‌တော့‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ‌တောင်ငူခရိုင် ဥက္ကဌ ပဒို‌စောအယ်ဝါးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပဒို‌စောအယ်ဝါးက “‌သောက်‌ရေခပ်နဲ့ မြစ်ငန်း‌ချောင်း နှစ်ခုက စီးလာတဲ့‌ရေ‌တွေက ဆက်မသွားနိုင်‌တော့ဘဲ ‌တောင်ကုန်း ‌ပေါ်မှာရှိတဲ့ တံတားလည်း ‌ရေမြုပ်သွားတယ်။ သွားလာလို့ မရ‌တော့ဘူး။ ‌နောက် အနီးအနားမှာရှိတဲ့ ‌တောင်သူ‌တွေရဲ့ ခြံ ‌တွေ‌ကော မင်းကွတ်သီး၊ ကွမ်း၊ ဖာလာနဲ့ ဒူးရင်းသီးခြံ‌တွေ‌ကော အဲဒီ‌ဒေသက ထွက်တဲ့ အသီးအနှံ‌တွေ အကုန် ဆုံးရှုံးသွား တယ်”ဟု ‌ပြောသည်။

‌သောက်‌ရေခပ်‌ရေ‌လှောင်တမံ ပိတ်ဆို့မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ‌ဒေသခံများထံ အသိ‌ပေး အ‌ကြောင်းကြားခြင်းမရှိသကဲ့သို့ ‌ရေလျှံထွက်မှု‌ကြောင့် ထို‌ရေ‌လှောင်တမံအနီးရှိ ‌ကျေးရွာ‌ပေါင်း ၄ဝခန့်မှ ‌ဒေသခံပြည်သူ တစ်‌သောင်း‌ကျော်အတွက် စီးပွား‌ရေး ထိခိုက်နစ်နာပြီး ဆုံးရှုံးမှုများစွာရှိ‌နေ‌ကြောင်း ပဒို‌စောအယ်ဝါးက ဆက်‌ပြောသည်။

‌အောက်တိုဘာလ ၁၃ရက်‌နေ့က ၎င်း‌ရေ‌လှောင်တမံဆည်ကို မည်သည့်အချိန်တွင် စတင်၍ပိတ်ပစ်လိုက်‌ကြောင်း မသိရှိရ ‌သော်လည်း ထို‌နေ့ ‌နေ့လည် ၁၁နာရီခန့်တွင် ပလက်ဝတံတား ‌ရေနစ်မြုပ်‌နေပြီဖြစ်ကာ ယ‌နေ့အထိ နှစ်မြုပ်‌နေဆဲဖြစ်၍ ‌တောင်ငူ‌ဒေသခံများမှာ တစ်ရက်လျှင် ဝင်‌ငွေ သိန်းရာနှင့်ချီပြီး ထိခိုက်ရ‌ကြောင်းလည်း ‌တောင်ငူ‌ဒေသခံတစ်ဦးက ‌ပြော သည်။

၎င်းက “‌ရေ‌တွေက ‌အောက်ဘက်ကို ဆက်စီးလို့ မရ‌တော့ဘဲနဲ့ အ‌ပေါ်ကိုပြန်တက်သွားပြီး ‌ရေလျှံသွားတာ၊ အခု တံတားက အစအန လုံးဝ မမြင်ရ‌တော့‌လောက်‌အောင် ‌ရေမြုပ်သွားပြီ။ ဒါ‌ကြောင့် ဒီ‌နေ့အထိ ဘာပစ္စည်းမှသယ်လို့ကို မရ‌တော့ဘူး”ဟု ‌ပြောသည်။

‌သောက်‌ရေခပ်‌ချောင်း‌ပေါ်တွင် တည်‌ဆောက်ထားကာ ‌တောင်ငူမြို့အ‌ရှေ့ဘက်မိုင် ၂၄မိုင်ခန့်ကွာတွင် တည်ရှိသည့် ပလက်ဝတံတားသည် ‌သောက်‌ရေခပ်‌ရေ‌လှောင်တမံနှင့် ၁ဝမိုင် အကွာအ‌ဝေးရှိပြီး ‌တောင်ငူမြို့၏ ကုန်းမြင့်ပိုင်းတွင် တည်ရှိ သည်။
‌သောက်‌ရေခပ်‌ရေ‌လှောင်တမံကို ယခုနှစ်၊ နိုဝင်ဘာလတွင် အပြီး‌ဆောက်လုပ်၍ လျှပ်စစ်ဓာတ်အား ၄ဝ မဂ္ဂါဝပ် စတင် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျှက်ရှိပြီး ထို‌ရေ‌လှောင်တမံ‌ကြောင့် ‌ရေဝပ်မည့် ဧရိယာမှ ဥယျာဉ်ခြံဧက‌ပေါင်း ၅၆ဧကအတွက် မြန်မာကျပ်‌ငွေ သိန်းနှစ်‌ထောင်နီးပါးကိုသာ ‌ပေး‌ဆောင်ခဲ့‌သေး‌ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ရက်‌နေ့က ‌သောက်‌ရေခပ်‌ရေ‌လှောင်တမံ တည်‌ဆောက်မှုနှင့် ပတ်သက်၍ စိုးရိမ်မှုရှိ‌ကြောင်း ဆန္ဒထုတ်‌ဖော်ပွဲတစ်ခုကို ‌ဒေသခံ‌ကျေးရွာလူထု ၂၀ဝဦးခန့်က ‌တောင်ငူခရိုင်ရှိ KNU ထိန်းချုပ်နယ်‌မြေ၌ ပြုလုပ်ခဲ့ကြ‌သေး သည်။