Home သတင်း မယ်လစခန်းတွင် ‌ဘောလုံးနှင့် ‌ဘော် လီ‌ဘော ‌ကျောင်းသား အားကစားပြိုင်ပွဲ ကျင်းပ

မယ်လစခန်းတွင် ‌ဘောလုံးနှင့် ‌ဘော် လီ‌ဘော ‌ကျောင်းသား အားကစားပြိုင်ပွဲ ကျင်းပ

2194
‌အောက်တိုဘာလ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ မယ်လဒုက္ခသည်စခန်းတွင် ‌ကျောင်းသူ‌ကျောင်းသားများ စွမ်းရည်မြှင့်တင်‌ရေးအတွက် ရည်ရွယ် ၍ ကရင်‌ကျောင်းသားကွန်ယက်အဖွဲ့-KSNG မှ ဦး‌ဆောင်ကာ ‌ဘောလုံးနှင့် ‌ဘော်လီ‌ဘော ‌ကျောင်းသား အားကစားပြိုင်ပွဲတစ်ရပ်ကို ယ‌နေ့ မနက်တွင် စတင် ပြုလုပ်ကျင်းပ ခဲ့သည်။

ယင်းအားကစားပြိုင်ပွဲတွင် မယ်လဒုက္ခသည်စခန်းရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း‌ကျောင်းသူ ‌ကျောင်းသားများ ပါဝင်ယှဉ် ပြိုင်ကြပြီး အမျိုးသားများက ‌ဘောလုံးပြိုင်ပွဲနှင့် အမျိုးသမီးများက ‌ဘော်လီ‌ဘောပြိုင်ပွဲကို ပြိုင်ဆိုင်ကစားခဲ့ကြသည်။

KSNG အားကစားဖြစ်‌မြောက်‌ရေးအတွက် ပါဝင်‌ဆောင်ရွက်‌ပေးသူ မယ်လစခန်း၏ ပညာ‌ရေးမှူး ‌စော‌စေးဖာထူးက ‌ကျောင်းသူ‌ကျောင်း သားများ ကြိုးစားအားထုတ်ခြင်း၊ စည်းကမ်းလိုက်နာခြင်း၊ ကျန်းမာ‌ရေး‌ကောင်းမွန်ခြင်းနှင့် ရို‌သေ‌လေးစားမှုရှိခြင်း စသည့်စွမ်းရည်များ တိုး တက်ရန် အားကစားပြိုင်ပွဲကို လုပ်‌ဆောင်ခြင်းဖြစ်သည်ဟု ‌ပြောသည်။

‌စော‌စေးဖာထူးက “‌ကျောင်းသားတိုင်းမှာ ရှိသင့်ရှိထိုက်တဲ့ စွမ်းရည်မြှင့်တင်‌ပေးတဲ့သ‌ဘောပါ။ အားကစားလုပ်ရင် ကျန်မား‌ရေး‌ကောင်း တယ်။ ကျန်းမာ‌ရေး‌ကောင်းမှ ‌ကျောင်းကို မှန်မှန်တက်နိုင်မှာ စာကိုလည်း ကြိုးစားနိုင်မယ်။ လုပ်ချင်တဲ့အလုပ်လည်း လုပ်နိုင်မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လာမည့် နိုဝင်ဘာလ ၇ရက်‌နေ့အထိ ပြုလုပ်ကျင်းပသွားမည့် ၎င်း‌ကျောင်းသား အားကစား‌ဘောလုံးပြိုင်ပွဲတွင် မူလတန်းအဆင့် ၂၂သင်း၊ အလယ်တန်းအဆင့် ၁၃သင်း၊ အထက်တန်းအဆင့် ၈သင်းနှင့် ‌ကျောင်းသူ‌ဘော်လီ‌ဘောပြိုင်ပွဲမှာမူ အလယ်တန်းအဆင့် ၃သင်း၊ အထက်တန်းအဆင့် ၇သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။

မယ်လစခန်း KSNG ရုံးထိုင်မှူး ‌စောဝါး‌သောက “အခုလို ‌ကျောင်းသား‌တွေ အဖွဲ့လိုက်အဖွဲ့ ဝင်‌ရောက်ယှဉ်ပြိုင်‌နေတဲ့အတွက် ကျ‌နော့်အ ‌နေနဲ့ အရမ်းစိတ်‌ကျေနပ်အားရမိတယ်။ မနှစ်ကဆို မလုပ်ဖြစ်‌တော့ အခုနှစ်မှပဲ ပြန်လုပ်‌ပေး‌နေတာဆို‌တော့ စခန်းမှာရှိတဲ့ KSNG အဖွဲ့က လည်း ‌တော်‌တော်‌လေးကို စိတ်လှုပ်ရှားတယ်”ဟု ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ အပါအဝင် ပြည်တွင်းနှင့် ပြည်ပတွင် ‌နေထိုင်ကြ‌သော ကရင်‌ကျောင်းသူ‌ကျောင်းသားများ တဖွဲ့နှင့်တဖွဲ့ ဆက်သွယ်ကာ ၎င်းတို့၏ အ‌တွေ့အကြုံ ဗဟုသုတများကို ‌ဝေငှကြရန် ရည်ရွယ်၍ KSNG ကို ၁၉၉၆ခုနှစ်၊ ဇူလိုင်လ ၆ရက် ‌နေ့က မယ်လဒုက္ခသည်စခန်းတွင် စတင် ဖွဲ့စည်းခဲ့သည်။

မယ်လဒုက္ခသည်စခန်းတွင် KSNG ဖွဲ့စည်းတည်‌ထောင်ပြီး‌နောက် ပြီးခဲ့သည့် ၂၀၁၁ခုနှစ်မှလွဲ၍ ‌ဘောလုံးနှင့် ‌ဘော်လီ‌ဘောအားကစား ပြိုင်ပွဲကို နှစ်စဉ် ကျင်းပလာခဲ့ရာ ယခုအချိန်ထိ ဖြစ်သည်။