Home သတင်း ‌ရွှေ့‌ပြောင်းအလုပ်သမားများလုပ်အားခ အပြည့်အဝရရှိရန်ဆာင်ရွက်‌ပေးမည်ဟု ထိုင်းအစိုးရ ထပ်မံကတိပြုခဲ့

‌ရွှေ့‌ပြောင်းအလုပ်သမားများလုပ်အားခ အပြည့်အဝရရှိရန်ဆာင်ရွက်‌ပေးမည်ဟု ထိုင်းအစိုးရ ထပ်မံကတိပြုခဲ့

1787

ဇူလိုင်လ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (ကရင်သတင်းဌာန)

ထိုင်းနိုင်ငံအစိုးရက ထိုင်းနိုင်ငံသားများနည်းတူ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအား လုပ်အားခ အပြည့်အဝရရှိရန် တာဝန်ယူ ‌ဆောင်ရွက်‌ပေးမည်ဟု သမ္မတဦးသိန်းစိန်၏ ထိုင်းခရီးစဉ်တွင် ထပ်မံကတိပြုခဲ့သည်။

ယင်းခရီးစဉ်အတွင်း ဘန်‌ကောက်မြို့ရှိ အစိုးရအိမ်‌တော်၌ ကျင်းပ‌သော ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံမှ လာ‌ရောက်အလုပ် လုပ်ကိုင်‌နေသည့် အလုပ်သမားများအတွက် ထိုင်းနိုင်ငံသားများနည်းတူ လုပ်ခအပြည့် အဝရရှိ‌ရေးနှင့် ‌နေထိုင်ခွင့် ထုတ်‌ပေး‌ရေးတို့ကို တာဝန်ယူပါ‌ကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်က ‌ပြောခဲ့သည်ဟု ယ‌နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ယင်းသို့ ‌ဖော်ပြထားသည်။

ဝန်ကြီးချုပ် ယင်လပ် အစိုးရတက်လာပြီး‌နောက်ပိုင်း ဘန်‌ကောက်နှင့် အနီးတဝိုက်ရှိ ခရိုင် ၇ခုမှ ‌ရွှေ့‌ပြောင်းအလုပ်သမားများအား တစ်‌နေ့ လျှင် လုပ်အားခ ဘတ် ၃၀ဝ ရရှိရမည်ဖြစ်ပြီး တာ့ခ်ခရိုင် အပါအဝင် ကျန်ရှိ‌နေသည့် ခရိုင်များမှ အလုပ်သမားများကို တ‌နေ့တာလုပ်အားခ ၂၂၆ဘတ် ရရှိရမည်ဟု ထုတ်ပြန်‌ပြောဆိုခဲ့‌သော်လည်း ယခုတိုင် လုပ်အားခ အပြည့်အဝ မရရှိကြ‌သေး‌ကြောင်း မြန်မာအလုပ်သမားများ က ‌ထောက်ပြကြသည်။

“‌ပြောတာက‌တော့ ကြာ‌နေပါပြီ။ ကျ‌နော်တို့ အလုပ်ရုံတစ်ခုလုံးမှာ ဘတ် ၃၀ဝ ရတဲ့သူတစ်‌ယောက်မှ မရှိဘူး။ အားလုံး ၂၀၀‌ကျော်ပဲ ရကြတယ်။ သူတို့‌ပြောတဲ့ အပြည့်အဝ လုပ်အားခ လစာ မရတဲ့သူ‌တွေ အများကြီးပါပဲ။”ဟု ဘန်‌ကောက်မြို့အတွင်း လျှပ်စစ်ပစ္စည်းနှင့် အိမ်သုံးပစ္စည်းများ လိုက်လံပို့‌ဆောင်‌ပေး‌ရေး အလုပ်လုပ်ကိုင်‌နေသည့် အသက် ၂၀‌ကျော် ကရင်လူငယ်တစ်ဦးက ‌ပြောသည်။

မဲ‌ဆောက်မြို့နယ် မဲ့‌တောင်မိုင်တွင် အားကစားဝတ်စုံ အမျိုးမျိုးချုပ်လုပ်သည့် A1 စက်ရုံတွင် လုပ်ကိုင်‌နေ‌သော ကို‌အောင်သူဝင်းက လည်း “အရင်က ကျ‌နော်တို့ တ‌နေ့မှ ၁၀ဝပဲ ရတယ်။ ဒါ‌ကြောင့် ပြီးခဲ့တဲ့ လတုန်းကပဲ တရုံလုံး ဆန္ဒပြကြ‌တော့မှ ၁၄ဝ အထိရတယ်။ ဒါ‌တောင် အကုန်လုံးက မရ‌သေးပါဘူး။ တချို့‌တော့ ၁၀ဝပဲ ရတဲ့သူ‌တွေ ရှိ‌နေတုန်းပါပဲ ” ဟု‌ပြောသည်။

၎င်း A1 စက်ရုံပိုင်ရှင် တရုတ်လူမျိုးက စက်ရုံဝန်ထမ်းများ နားမလည်သည့် တရုတ်ဘာသာစကားဖြင့် ထုတ်ပြန်ထားသည့် စည်းကမ်းချက် များကိုလည်း လက်မှတ်‌ရေးထိုးခိုင်းခဲ့ပြီး မထိုးပါက အလုပ်ထုတ်မည်ဟု ‌ပြောသဖြင့် အလုပ်သမားများက လက်မှတ်ထိုးလိုက်ရ‌ကြောင်း သိရသည်။

ယခုနှစ် ဧပြီလ ၁၆ရက်‌နေ့က မဲ‌ဆောက်မြို့တွင် တာ့ခ်ခရိုင် အလုပ်သမား‌ရေးရာဦးစီးဌာနမှ ကြီးမှူးပြီး စီးပွား‌ရေးလုပ်ငန်းရှင်များနှင့် မြန်မာ ‌ရွှေ့‌ပြောင်းအလုပ်သမားကူညီ‌ရေးအဖွဲ့တို့ ‌တွေ့ဆုံကာ ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမားများ၏ တ‌နေ့တာ လုပ်အားခ အပြည့်အဝရရှိ‌ရေး၊ အလုပ်သမားအခွင့်အ‌ရေးဥပ‌ဒေများနှင့် ပတ်သက်၍ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့‌သေးသည်။