Home သတင်း တိုင်းရင်းသားလူမျိုးများ၏ အခွင့်အ‌ရေးကာကွယ်သည့် ဥပ‌ဒေလိုအပ်‌ကြောင်း ‌ဒေါ်စု တိုက်တွန်း

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အ‌ရေးကာကွယ်သည့် ဥပ‌ဒေလိုအပ်‌ကြောင်း ‌ဒေါ်စု တိုက်တွန်း

2168

ဇူလိုင်လ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ စအိုင်သန်

ပင်လုံစိတ်ဓါတ်ကိုအ‌ခြေခံ၍ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အ‌ရေးကို ကာကွယ်နိုင်မည့်ဥပ‌ဒေများကို ပြုပြင်ခြင်း၊ ပြဌါန်းခြင်းများ ‌ဆောင် ရွက်ရန် လိုအပ်‌ကြောင်း ဇူလိုင်လ ၂၅ရက်‌နေ့က ပြည်သူလွှတ်‌တော်အစည်းအ‌ဝေးတွင် NLD ဥက္ကဌ ‌ကော့မူးမြို့နယ် ပြည်သူ့လွှတ်‌တော် အမတ် ‌ဒေါ်‌အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။

ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်‌တော်အမတ် ဦးတီခွန်မြတ်၏ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်သည့် ဥပ‌ဒေ ပြဌာန်း‌ရေးအဆိုကို ‌ဒေါ်‌အောင်ဆန်းစုကြည်က ပထမဆုံး‌ထောက်ခံ‌ဆွေး‌နွေးခဲ့ခြင်း ဖြစ်သည်။

လွှတ်‌တော်တွင် ‌ဒေါ်‌အောင်ဆန်းစုကြည်က “တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အ‌ရေးများကို ကာကွယ်‌စောင့်‌ရှောက်ခြင်းဆိုတာဟာ ဘာ သာစကား၊ ယဉ်‌ကျေးမှု ထိန်းသိမ်းခြင်းထက် များစွာ ကျယ်ပြန့်နက်နဲတယ်ဆိုတာ ကျမတို့မြင်နိုင်ပါတယ်”ဟုလည်း ထည့်သွင်း‌ဆွေး‌နွေး သွားခဲ့သည်။

ကမ္ဘာ့ဘဏ်က ပြုစုထား‌သော စာရင်းအရ မြန်မာနိုင်ငံတွင် ဆင်းရဲမွဲ‌တေမှုနှင့်ပတ်သက်၍ တိုင်းရင်းသားများ အများဆုံး‌နေထိုင်သည့် ပြည် နယ်များတွင် အဆိုးရွားဆုံးဖြစ်ပြီး ချင်းပြည်နယ်တွင် ၇၃.၃ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်အ‌ရှေ့ပိုင်းတွင် ၄၆.၄ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်တွင် ၄၃.၅ရာခိုင်နှုန်းတို ့ရှိသည်။

ဆွမ်ပရာဘွမ် မဲဆန္ဒနယ်မှ ဦးခမိုင်မုံကွမ် (ခ) ဦးခမိုင်တန်က ‌ဆွေး‌နွေးရာတွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အ‌ရေး ကာကွယ်‌စောင့် ‌ရှောက်သည့် ဥပ‌ဒေပြဌာန်း‌ဆောင်ရွက်ရန် လိုအပ်‌ကြောင်းနှင့် မူလအခွင့်အ‌ရေးကို ‌ဆောင်ရွက်ခွင့်‌ပေးအပ်ရန် အချိန်ကျ‌ရောက်‌နေပြီဖြစ် ‌ကြောင်းလည်း ‌ဆွေး‌နွေးခဲ့သည်ဟု သိရသည်။

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်သည့် ဥပ‌ဒေပြဌာန်း‌ရေး အဆိုနှင့်ပတ်သက်၍ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ ချုပ်ပါတီမှ ၄ဦး အပါအဝင် လွှတ်‌တော်ကိုယ်စားလှယ် ၇ဦးတို့က ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်။