Home သတင်း အလူး‌လေးရွာ NLD ရုံးဖွင့်ပွဲနှင့် ‌ဟော‌ပြောပွဲသို့ လူထု ၃၀ဝနီးပါး တက်‌ရောက်

အလူး‌လေးရွာ NLD ရုံးဖွင့်ပွဲနှင့် ‌ဟော‌ပြောပွဲသို့ လူထု ၃၀ဝနီးပါး တက်‌ရောက်

1567

ဇူလိုင်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ (ကရင်သတင်းဌာန)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ အလူး‌လေး‌ကျေးရွာတွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)က ရုံးဖွင့်ပွဲ အခမ်းအနားနှင့် ‌ဟော ‌ပြောပွဲ ပြုလုပ်ကျင်းပခဲ့ရာ လူထု ၃၀ဝနီးပါး တက်‌ရောက်ခဲ့ကြသည်။

“NLD ရုံးခွဲဖွင့်‌တော့ စည်းရုံး‌ရေးလုပ်တာ ပိုလွယ်သွားတာ‌ပေါ့။ အရင်က ဆက်သွယ်မယ်ဆိုရင် ဘယ်သူ့ကို ဆက်သွယ်ရမှန်းမသိဘူး။ အခု‌တော့ ဆက်သွယ်ရတာလည်း လွယ်သွားပြီ‌ပေါ့။ အဓိကက‌တော့ ဒီလိုလှုပ်ရှားတာ‌တွေက ရှင်းရှင်း‌ပြောရရင် ၂၀၁၅မှာ မဲရရှိ ‌အောင် ကြိုတင်လုပ်ထားရတဲ့ အ‌ခြေခံ အ‌ဆောက်အအုံ‌တွေ‌ပေါ့”ဟု အခမ်းအနား သဘာပတိတစ်ဦးဖြစ်သူ မန်းကြင်မြင့်က ‌ပြော သည်။

ထိုအခမ်းအနားသို့ ဘီးလင်းမြို့နယ်မှ NLD အတွင်း‌ရေးမှူး ဦး‌ကျော်မျိုးမင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ကြံ့ခိုင်ဖွံ့ဖြိုး‌ရေးပါတီ အဖွဲ့ဝင် အပြင် ဇုတ်သုတ်၊ ‌ရွှေ‌လှေ၊ ‌တောင်စွန်း၊ သ‌ပြေနီ၊ ကျိုက်တဲ စသည့်ရွာများမှ ‌ဒေသခံ ပြည်သူလူထု တက်‌ရောက်ခဲ့ကြ သည်။

ရုံးဖွင့်ပွဲကို မနက် ၁ဝနာရီမှစ၍ နာရီဝက်ကြာ ကျင်းပခဲ့ပြီး ဆက်လက်၍ ‌ဟော‌ပြောပွဲ အစီအစဉ်ကို ‌နေ့လည် ၁၂နာရီအထိ တစ်ပါ တည်း ပြုလုပ်ခဲ့‌ကြောင်း တက်‌ရောက်ခဲ့သူတစ်ဦး၏ ‌ပြောပြချက်အရ သိရသည်။

“စစ်အစိုးရလက်ထက်က လူထု‌တွေ ခံစားရတာ‌တွေ။ အခုပါတီစုံ ဒီမိုက‌ရေစီလက်ထက်မှာ ‌ပြောခွင့်ဆိုခွင့်‌တွေ ရလာပြီ။ လူထု‌တွေ နိုးကြားကြပါ။ နိုင်ငံ‌ရေးဆိုတာ ခင်ဗျားတို့နဲ့ ပတ်သက်တယ်‌ပေါ့။မ‌ကြောက်ကြပါနဲ့‌ပေါ့။ အခု အခွင့်ရတုန်းမှာ အာဏာရှင်စနစ်ကို ‌တော်လှန်ကြ‌ပေါ့။ အဲန်အယ်လ်ဒီကို ‌ထောက်ခံကြဖို့၊ မဲ‌ပေးကြဖို့၊ ဝင်ကြဖို့ အဲဒါ‌တွေ ‌ပြောသွားပါတယ်”ဟု ၎င်းက ဆိုသည်။

အလူး‌လေးရွာသူ ‌နော်‌ရွှေအိမ်စည်က “ဒီလိုဖွင့်ပွဲကို တက်‌ရောက်လာတဲ့အ‌ပေါ်မှာ ‌တော်‌တော်‌တော့ အားရဖို့ ‌ကောင်းတယ်။ မထင် ထားဘဲ လာကြတဲ့အတွက် အရမ်း‌ကျေနပ်တယ်”ဟု ‌ပြောသည်။

NLD အ‌နေဖြင့် ဘီးလင်းမြို့နယ်အတွင်း ဇွန်လ ၂၄ရက်‌နေ့ တစ်ရက်တည်းနှင့် ရွာ ၁ဝရွာ၌ ရုံးများကို တပြိုင်နက် ဖွင့်လှစ်ခဲ့သလို အလူး‌လေးရွာနှင့်ဆိုလျှင် ၂၁ရွာရှိပြီး ဖြစ်သည်။