Home သတင်း ငြိမ်းချမ်း‌ရေးကာလ အကြီးစားဖွံ့ဖြိုး‌ရေးစီမံကိန်း ရပ်ထားရန် ကရင် ရပ်ရွာလူထုဆုံရပ် ထုတ်ပြန်

ငြိမ်းချမ်း‌ရေးကာလ အကြီးစားဖွံ့ဖြိုး‌ရေးစီမံကိန်း ရပ်ထားရန် ကရင် ရပ်ရွာလူထုဆုံရပ် ထုတ်ပြန်

1557
ဇွန်လ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ငြိမ်းချမ်း‌ရေးကာလတွင် ကရင်ပြည်နယ်အတွင်း အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်‌နေသည့် အကြီးစားဖွံ့ဖြိုး ‌ရေးစီမံကိန်းများကို ရပ်စဲထားရန် ကရင်ရပ်ရွာလူထုဆုံရပ်က မြန်မာအစိုးရနှင့် KNU တို့အား ယမန့်‌နေ့က ထုတ်ပြန်‌တောင်းဆိုလိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်‌မြေ ကရင်ပြည်နယ် ဖာပွန်မြို့နယ် သံလွင်မြစ်‌ချောင်း တ‌လျှောက်ရှိ ကရင်‌ကျေးရွာ (၂၃)ရွာမှ စု‌ပေါင်းဖွဲ့စည်းထားသည့် ကရင်ရွာလူထုဆုံရပ်သည် ထိုင်း-ကရင်ပြည် နယ် နယ်စပ်တ‌နေရာတွင် ဇွန်လ ၅ရက်‌နေ့မှ ၇ရက်‌နေ့အထိ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ပြီး‌နောက် ထိုသို့ ‌တောင်းဆို ချက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကရင်ရပ်ရွာလူထုဆုံရပ်၏ ‌ပြောခွင့်ရပုဂ္ဂိုလ် ‌နော်မူ‌ဆေဝါးက “ငြိမ်းချမ်း‌ရေးကာလမှာ ကရင်ပြည်နယ်ထဲက မြစ်‌ချောင်းထဲမှာ ဆည် တည်‌ဆောက်တာ‌တွေ၊ ‌ရေနံတူး‌ဖော်တာ‌တွေ၊ ‌ရွှေတူး‌ဖော်တာ‌တွေ စတဲ့ အကြီးစား စီမံကိန်း‌တွေကို မလုပ်သင့်‌သေးဘူးဆိုတာ KNUနဲ့ မြန်မာအစိုးရကို ကြိုတင်သတိ‌ပေးတဲ့အ‌နေနဲ့ ကျမတို့ သ‌ဘောထားပြလိုက်တာပါ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ‌ရွှေတူး‌ဖော်ခြင်း၊ ခ‌နောက်စိမ်းတူး‌ဖော်ခြင်းမှုများရှိခဲ့ပြီး ယခင် စစ်အစိုးရ လက်ထက်၌ ကရင်ပြည်နယ်နှင့်ထိစပ်လျှက်ရှိသည့် သံလွင်မြစ်‌ချောင်းအတွင်း ဝဲကြီး၊ ဟတ်ကြီး၊ ဒါးဂွင်၊ ‌ရေတာတာတည်‌ဆောက်‌ရေး စီမံကိန်းများလုပ်‌ဆောင်ရန် တရုတ်နှင့် ထိုင်းကုမ္ပဏီများနှင့် သ‌ဘောတူစာ ချုပ်များ ချုပ်ဆိုထားသည်။

တဆက်တည်း၌ပင် ကရင်ရပ်ရွာလူထုဆုံရပ် ထုတ်ပြန်ချက်အရ KNU နှင့် မြန်မာအစိုးရတို့၏ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်တွင် ‌ဒေသခံကရင်လူထုများ လွတ်လပ်စွာ လုပ်ကိုင်စား‌သောက်နိုင်ရန် အစိုးရတပ်များ ရုပ်သိမ်း ‌ပေးခြင်း၊ ‌မြေမြှုပ်မိုင်းများ ဖယ်ရှား‌ပေးခြင်း၊ အဓမ္မ လုပ်အား‌ပေးခိုင်း‌စေခြင်းနှင့် တရားမဝင် အခွန်‌ကောက်ခံခြင်း များ ရပ်တန့်‌ပေးခြင်း စသည့် အချက်များကို ထည့်သွင်း‌ဆွေး‌နွေး‌စေလို‌ကြောင်း ‌ဖော်ပြပါရှိသည်။

ကရင်ရပ်ရွာလူထုဆုံရပ်သည် ‌တောင်‌ပေါ်‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေးအတွက် လှုပ်ရှား‌နေသည့် ကရင်လူမှုအ‌ခြေပြု အဖွဲ့အစည်းတခုဖြစ်ပြီး ၁၉၉၇ခုနှစ်တွင် စတည်ဖွဲ့စည်းခဲ့ပြီး‌နောက် ယခု ပထမဆုံးအကြိမ် ‌ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဖာပွန်မြို့နယ် သံလွင်မြစ်‌ချောင်းတ‌လျှောက်ရှိ ရွာ (၂၃)ရွာမှ ရွာသူရွာသားများက ၎င်းတို့သက်ဆိုင်ရာ ရွာတစ်ရွာလျှင် ကရင်ရပ်ရွာလူထုဆုံရပ်၏ ‌ကော်မတီဝင်အဖြစ် ‌ခေါင်း‌ဆောင် ၇ဦးနှုန်းဖြင့် ဒီမိုက‌ရေစီကျင့် စဉ်အရ ‌ရွေးချယ်တင်‌မြှောက်ခဲ့ခြင်းဖြစ်သည်ဟု ‌နော်မူ‌ဆေဝါးက ‌ပြောသည်။