Home သတင်း ရခိုင်ပြည်နယ် ကယ်ဆယ်‌ရေးစခန်းများတွင်ရှိ လူထုများ အကူအညီလိုအပ်

ရခိုင်ပြည်နယ် ကယ်ဆယ်‌ရေးစခန်းများတွင်ရှိ လူထုများ အကူအညီလိုအပ်

1729
ဇွန်လ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့‌သော ပဋိပက္ခများ‌ကြောင့် ကယ်ဆယ်‌ရေးစခန်းသို့ ‌ရောက်ရှိလာ သူများအတွက် အလှူ‌ငွေများလိုအပ်လျက်ရှိသည်ဟု ရန်ကုန်မြို့တာ‌မွေရှိ အလို‌တော်ပြည့်‌ကျောင်း မှ ဘုန်း‌တော်ကြီးတစ်ပါးက ‌ကေအိုင်စီသို့‌ပြောသည်။

“‌လော‌လောဆယ် ကယ်ဆယ်‌ရေးစခန်း ၄ ခုရှိပါတယ်။ ‌မောင်‌တောမှာ ၃ ခုနဲ့ ရ‌သေ့‌တောင်မှာ တစ်ခုပါ။ ရ‌သေ့‌တောင်က ပိုလို်အပ်‌နေပါတယ်။ အဲဒီ‌နေရာက သွားလာ‌ရေးခက်ခဲသလို ဆက်သွယ်‌ရေးကလည်း ဖုန်း ၁ဝ ခါဆက်ရင် တစ်ခါ‌လောက်ရတဲ့‌နေရာပါ။ အစားအ‌သောက်အခက်အခဲရှိပါတယ်။” ဟု ၎င်းက ‌ပြောသည်။

‌မောင်‌တော အလို‌တော်ပြည့်‌ကျောင်းတွင် လူဦး‌ရေ ၇၃၁ ဦးရှိပြီး ၊ ဗဟို‌ကျောင်းနှင့် အလို‌တော်ပြည့် ပရဟိတ‌ကျောင်းတို့တွင်မူ စာရင်းအတိအကျမသိ ရ‌သေး‌သော်လည်း ရ‌သေ့‌တောင်ရှိ အလို‌တော်ပြည့် ‌ကျောင်းတွင် လူထု ၃၀၀ဝ ‌ကျော်ရှိသည်ဟုသိရသည်။

အဆိုပါ ရ‌သေ့‌တောင်ရှိ ကယ်ဆယ်‌ရေးစခန်းတွင်ရှိ လူထုများသည် ရ‌သေ့‌တောင်အနီးရှိ ရွာများမှ လာ‌ရောက်ကြ‌သောသူများဖြစ်ကြသည်။ “အနီးနား ရွာ‌တွေမှာက‌တော့ ဘာမှမဖြစ်‌ပေမယ့် ရွာ‌တွေထဲမှာက ရိုဟင်ဂျာအိမ် ၁၀ဝဆို ရခိုင်လူမျိုး‌တွေရဲ့အိမ်က ၁ဝ အိမ်‌လောက်ဘဲရှိ‌တော့ ‌ကြောက်ပြီး ‌ရောက်လာကြတာပါ။ ” ဟု ‌ဒေသခံတစ်ဦးက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၉ ရက်‌နေ့က ပြည်နယ်ဝန်ကြီး နှင့်တိုင်းမှုးတို့သည် ပြသနာများ‌ဖြေရှင်းရန်အတွက် ဝင်‌ရောက်စစ်‌ဆေးပြီး‌နောက် မီးရှို့မှုများဖြစ်ပွားခဲ‌သေးသည်ဟု သိရသည်။

အဆိုပါ လူထုများအတွက် အလှူ‌ငွေ (သို့မဟုတ်) အလှူပစ္စည်းများ လှူဒါန်းလိုသည့် အလှူရှင်များအ‌နေဖြင့် ထိုကယ်ဆယ်‌ရေးစခန်းများသို့ ‌အောက်ပါ‌ဖော်ပြထားသည့် ဖုန်းနံပါတ်များကို ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

‌မောင်‌တောအလို‌တော်ပြည့်‌ကျောင်း- ဖုန်း- ဝ၄၃-၅၅၀၉၁၊
‌မောင်‌တောဗဟို‌ကျောင်း- ဝ၄၃- ၅၅၀၉၂၊
ရန်ကုန်မြို့ရခိုင်ပြည်နယ်ဓမ္မာရုံ-၀၁ ၃၇ ၅၇ ၂၈၊
ရန်ကုန်မြို့ ရခိုင်သဟာရအသင်း- ဝ၁ ၄၃ဝ ၁၇၂၊