Home သတင်း ဗိုလ်ချုပ်‌စောလားပွယ်ကို သတင်းစာရှင်းလင်းပွဲ၌ ရလလဖ ဒုဥက္ကဌလာ‌ရောက်‌ထောက်ခံအား‌ပေး

ဗိုလ်ချုပ်‌စောလားပွယ်ကို သတင်းစာရှင်းလင်းပွဲ၌ ရလလဖ ဒုဥက္ကဌလာ‌ရောက်‌ထောက်ခံအား‌ပေး

1990
‌မေလ ၁ဝရက်၊ ၂၀၁၂ခုနှစ်။ ‌ကေအိုင်စီသတင်း‌ထောက် နန်းသူး‌လေ၏ သတင်း‌ပေးပို့ချက်


ကရင်ပြည်နယ် ဆုံဆည်းမြိုင်(‌ကော်သူးမွဲခီး)တွင် ယ‌နေ့မနက် ၁ဝနာရီ၌ တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBA ‌ခေါင်း‌ဆောင် ဗိုလ်ချုပ်‌စောလားပွယ်(နှုတ်ခမ်း‌မွေး)က မူးယစ်ရာဇာအဖြစ် ထိုင်းအစိုးရ၏ ဆု‌ငွေထုတ်စွပ်စွဲမှုကို ‌ဖြေရှင်းသည့် ဒုတိယအ ကြိမ် သတင်းစာရှင်းလင်းပွဲသို့ သျှမ်းပြည်လူမျိုး‌ပေါင်းစုံ ပြည်သူ့လွတ်‌မြောက်‌ရေးအဖွဲ့(ရလလဖ) ဒု-ဥက္ကဌ စိုး‌အောင်‌ငွေ တက်‌ရောက်ခဲ့ သည်။

“အခုလာတဲ့ သျှမ်း‌ခေါင်း‌ဆောင်က ဗိုလ်ချုပ်နှုတ်ခမ်း‌မွှေးကို ‌ထောက်ခံတဲ့အ‌နေနဲ့ လာတယ်လို့ ‌ပြောတယ်။ ‌နောက် အချက်(၅)ချက်ပါတဲ့ ထုတ်ပြန်ချက်တ‌စောင်လည်း ပါလာတယ်။”ဟု ကိုယ်တိုင် သတင်းသွား‌ရောက်ယူသည့် ‌ကေအိုင်စီသတင်း‌ထောက်က ‌ပြောသည်။

ရလလဖ၏ ထုတ်ပြန်ချက်ထဲတွင်
၁။ မြန်မာအစိုးရသည် မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကို လုံးဝ အထိမခံ‌စေရန်နှင့် မိမိ၏ နိုင်ငံသားတို့ကို လုံးဝ ကာကွယ်‌စောင့်‌ရှောက်ရ မည်။
၂။ နိုင်ငံ‌တော်အစိုးရတရပ်၏ အချုပ်အခြာအာဏာဆိုသည်မှာ (၁)ဥပ‌ဒေပြု လွှတ်‌တော်အာဏာ (၂)အစိုးရအဖွဲ့ အုပ်ချုပ်‌ရေးအာဏာ (၃) တရားစီရင်‌ရေးအာဏာတို့ ဖြစ်သည်။
၃။ မိမိ၏နိုင်ငံနှင့် ပတ်သက်‌သော နိုင်ငံသားတစ်ဦးအ‌ပေါ် တပါးနိုင်ငံက အချုပ်အခြာအာဏာဖြင့် ရာဇဒဏ်‌ပေး၍ ဖမ်းဆီးအ‌ရေးယူခြင်း သည် သက်ဆိုင်ရာ နိုင်ငံ‌တော်၏ အချုပ်အခြာအာဏာကို မထီမဲ့မြင်ပြု ‌စော်ကားခြင်းဖြစ်သည်။
၄။ မထီမဲ့မြင်ပြုခြင်းနှင့် အ‌စော်ကားခံရ‌သော သက်ဆိုင်ရာနိုင်ငံသည် မိမိ၏ အချုပ်အခြာအာဏာ လုံးဝ အထိအပါး မခံရ‌စေရန် ချက်ချင်း ပြန်လည်တုန့်ပြန်ရမည်။
၅။ ယခု အိမ်နီးချင်း ထိုင်းအစိုးရမှ ကရင်လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့တဖွဲ့ကို ရာဇဒဏ်‌ပေး စွပ်စွဲ‌သော ပြဿနာမှာ ယခင် ဘိန်းရာ ဇာ ဦးခွန်ဆာ ပြဿနာနှင့် နှိုင်းယှဉ်လျှင် မ‌ပြောပ‌လောက်‌ကြောင်း သိရှိရန် လိုအပ်ပါသည် ဟူ၍ဖြစ်သည်။

ရလလဖ အဖွဲ့အ‌နေဖြင့် မူးယစ်‌ဆေးအမှုဖြင့် ဆု‌ငွေထုတ်ခံရသည့် ဗိုလ်ချုပ်‌စောလားပွယ်ဘက်မှ‌နေ၍ ရပ်တည်သွားမည်ဟု ၎င်းရှင်းလင်း ပွဲတွင် ဦးစိုး‌အောင်‌ငွေက ‌ပြောသည်။

ဗိုလ်ချုပ်‌စောလားပွယ်သည် ‌မေလ ၁ရက်‌နေ့က ပထမအကြိမ် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ရာ မီဒီယာအနည်းငယ်သာ လာ‌ရောက် သည့်အတွက် မြန်မာပြည်တွင်း အပါအဝင် ထိုင်း-မြန်မာနယ်စပ်နှင့် ထိုင်းသတင်း‌ထောက်များကို အများအပြားလာနိုင်ရန် ရည်ရွယ်၍ ယခု ဒုတိယအကြိမ် ထပ်မံ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ဒီသတင်းစာရှင်းလင်းပွဲက‌တော့ ကျ‌နော်တို့ ပထမလုပ်ခဲ့စဉ်တုန်းက ‌နောက်ဆက်တွဲပါပဲ။ ဒီရှင်းလင်းပွဲမှာ ကျ‌နော်‌ပြောချင်တာက ထိုင်း အစိုးရဟာ အ‌ထောက်အထား၊ အခိုင်အလုံမရှိဘဲ ဒီလို စွပ်စွဲ‌ပြောဆိုတာဖြစ်တယ်။ ကျ‌နော့်ကို အပြစ်အရှိ အပြစ်ရှာတယ်လို့ပဲ ‌ပြောချင် တယ်။”ဟု ဗိုလ်ချုပ်‌စောလားပွယ်က သတင်းစာရှင်းလင်းပွဲတွင် ‌ပြောကြားခဲ့သည်။

ဗိုလ်ချုပ်‌စောလားပွယ်အ‌နေဖြင့် မူးယစ်‌ဆေးဝါးမလုပ်ဘဲ ‌ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများကို မည်သည့်ဝင်‌ငွေဖြင့် ‌ဆောင်ရွက်သနည်းဟု ထိုင်း သတင်း‌ထောက်က ‌မေးမြန်းရာ ၎င်းတို့အ‌နေဖြင့် ‌ပြောင်းကုမ္ပဏီများထံမှ အခွန်များ၊ ‌ကျောက်မီး‌သွေးတူး‌ဖော်‌ရေးလုပ်ငန်းများ၊ သစ်လုပ် ငန်းအနည်းငယ်နှင့် နယ်စပ်ကုန်သွယ်မှု ဂိတ်ခွန်‌ကောက်ခံခြင်းများမှ ရရှိခြင်းဖြစ်သည်ဟု ပြန်လည်‌ဖြေကြားခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မြန်မာပြည်တွင်းသတင်းဌာနများမှ သတင်း‌ထောက် ၄၂ဦး၊ ထိုင်းရုပ်သံ သတင်းဌာနများဖြစ်သည့် Channel 3, Channel 7 အပါအဝင် ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် မြန်မာသတင်းဌာနအချို့မှ သတင်း‌ထောက် ၁ဝဦး‌ကျော် တက် ‌ရောက်ခဲ့ကြသည်။

ထိုင်းဒုတိယဝန်ကြီးချုပ် ချရုမ်ယူဘန်းရူး ဦး‌ဆောင်သည့် ထိုင်းနိုင်ငံ မူးယစ်‌ဆေး ထိန်းချုပ်‌ရေးဘုတ်အဖွဲ့ရုံး-ONCB အဖွဲ့သည် ဧပြီလ ၂ဝ ရက်‌နေ့က မူးယစ်ရာဇာ ၂၅ဦး အမည်စာရင်း ထုတ်ပြန်ခဲ့ရာတွင် ဗိုလ်ချုပ်‌စောလားပွယ် ပါဝင်ပြီး ထိုသူများကို ဖမ်းဆီးရန် ဆု‌ကြေး‌ငွေ ဘတ် ၁၂သန်း ထုတ်ထားခဲ့သည်။