Home ထိပ်တန်းသတင်း အ‌မေရိကန်‌ရောက် ကရင်လူငယ် ၃ဦး အစိုးရ၏ပညာ‌တော်သင်ဆုရရှိ

အ‌မေရိကန်‌ရောက် ကရင်လူငယ် ၃ဦး အစိုးရ၏ပညာ‌တော်သင်ဆုရရှိ

1763
‌မေလ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)

အ‌မေရိကန်နိုင်ငံ၊ နယူး‌ယော့ခ်ပြည်နယ် ဘတ်ဖလိုမြို့တွင် ‌နေထိုင်သည့် ကရင်လူငယ် ၃ဦး အ‌မေရိကန်အစိုးရမှ ‌ပေးအပ်ချီးမြှင့်သည့် ၂၀၁၂ခုနှစ်အတွက် ပညာ‌တော်သင်ဆု(Scholastic Achievement Recognition)ကို လက်ခံရရှိခဲ့သည်။

ယခုနှစ်အတွက် ပညာ‌တော်သင်ဆု(စ‌ကောလားရှစ်ပ်)ကို ဘတ်ဖလိုမြို့ရှိ ‌ကျောင်းသူ‌ကျောင်းသား ၂၄၆ဦးအား ‌ရွေးချယ်‌ပေးအပ်ခဲ့သည့် အထဲတွင် အထက်တန်း‌ကျောင်းကို ထူးချွန်စွာ ‌အောင်မြင်ခဲ့သည့် ‌နော်အယ်‌စေးထူး ၂ဝနှစ်၊ ‌စောဝင်းကိုဟန် ၁၈နှစ်နှင့် ‌နော်မိုရင်းဒါသွယ် ၂၁နှစ်တို့လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။

Lafayette High School အထက်တန်း‌ကျောင်းတွင် ဘာသာစုံ၌ အမှတ်အများဆုံး ရရှိခဲ့သူ ‌နော်မိုရင်းဒါသွယ်က “‌မျှော်လင့်မထားဘဲ အခုလို ပညာသင်ဆုရ‌တော့ ဝမ်းသာတယ်။ သူများနိုင်ငံသား‌တွေကြားမှာမို့ ဂုဏ်လည်းယူတယ်။ တချိန်မှာ ကိုယ်တတ်ထားတဲ့ ပညာနဲ့ ကိုယ့်တိုင်းပြည်အတွက် ပြန်လုပ်ကိုင်‌ပေးမယ်လို့ စိတ်ကူးရှိပါတယ်”ဟု ‌ပြောသည်။

သူမအ‌နေဖြင့် Business and Accounting ဘာသာရပ်ဖြင့် Houghton College ‌ကျောင်းတွင် ပညာဆက်လက်သင်ကြားရန် ရည်ရွယ် ထားသည်ဟုလည်း ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ကရင်လူငယ်သုံးဦးသည် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လနှင့် အုန်းဖျန်ဒုက္ခသည်စခန်းများမှ တတိယနိုင်ငံ အစီအစဉ်ဖြင့် ၂၀၀၈ခု နှစ်က အ‌မေရိကန်နိုင်ငံသို့ ‌ရောက်ရှိလာကြသူများ ဖြစ်သည်။

‌ကျောင်းစာအပြင် အားကစားပါ ထူးချွန်သူ ‌စောဝင်းကိုဟန်က “ကျ‌နော်အခုလို ပညာသင်ဆုရတာ ဝမ်းသာတယ်။ မြန်မာပြည်မှာ စာမကြိုး စားခဲ့‌ပေမဲ့ ယူအက်စ်‌ရောက်‌တော့ မကြိုးစားရင် အနှိမ်ခံရတယ်။ အပြိုင်အဆိုင်‌တွေလည်း ရှိလာ‌တော့ ကြိုးစားရင်း အခုလို အစိုးရက ‌ထောက်ပံ့ဆုကို ရရှိတာပါပဲ။ ကျ‌နော်က Fashion designer and business ကို အဓိကထားပြီး Billamariar college မှာ ဆက်တက် သွားမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

Errie Community College-ECC တက်ရန် ရည်ရွယ်ထားသည့် ‌နော်အဲ့‌စေးထူးက “ကျမရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဆရာဆရာမ‌တွေ စကားကို နား‌ထောင်တဲ့အ‌ပေါ် ဒီပညာသင်ဆုကို ရတာပါ။ Business လိုင်းကို ကျမ ဆက်တက်မယ်။ အခု ဘတ်ဖလိုကို‌ရောက်‌နေတဲ့ ကရင်လူမှုအသိုင်းအဝိုင်းအတွက် စီးပွား‌ရေးလုပ်ငန်းထူ‌ထောင်ချင်လို့ပါ”ဟု ‌ပြောဆိုသည်။

ဘတ်ဖလိုမြို့ Buffalo Niagara Marriott in Amherst တွင် ယခုနှစ်အတွက် ‌ပေးအပ်သည့် ၃၂ကြိမ်‌မြောက် အဆိုပါပညာသင်ဆုတံဆိပ် နှင့်အတူ ‌ကောလိပ်‌ကျောင်းဆက်တက်ရန် ‌လေးနှစ်စာ ပညာသင်စရိတ် ‌ဒေါ်လာ ၈‌သောင်းကို အ‌မေရိကန်အစိုးရမှ ဆုရရှိသူ ‌ကျောင်းသူ ‌ကျောင်းသားများအား ‌မေလ ၁၇ရက်‌နေ့က ‌ပေးအပ်ချီးမြှင့်ခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံသား ၆၀၀၀‌ကျော်ရှိသည့် အ‌မေရိကန်နိုင်ငံ၊ ဘတ်ဖလိုမြို့တွင် ယခုနှစ်အတွက် ၎င်းကရင်လူငယ် ၃ဦးအပြင် ချင်းလူငယ်တစ် ဦး စုစု‌ပေါင်း မြန်မာလူငယ် ၄ဦး ပညာ‌တော်သင်ဆု လက်ခံရရှိခဲ့ခြင်းဖြစ်သည်။