Home သတင်း ဘုရားသုံးဆူမြို့တွင် ပန်းသီးပုံး ‌လောင်းကစားဝိုင်းများ ပြန်ဖွင့်

ဘုရားသုံးဆူမြို့တွင် ပန်းသီးပုံး ‌လောင်းကစားဝိုင်းများ ပြန်ဖွင့်

2271
‌မေလ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ပန်းသီးပုံးဟု‌ခေါ်သည့် ‌လောင်းကစားဝိုင်းများကို ပြီးခဲ့သည့် ရက်အနည်း ငယ်မှစ၍ တရားဝင်ပုံစံမျိုးဖြင့် ပြန်လည် ဖွင့်လှစ်လိုက်သည်ဟု မြို့ခံများက ‌ပြောသည်။

လွန်ခဲ့သည် ‌ဖေ‌ဖော်ဝါရီလက ဘုရားသုံးဆူမြို့တွင် ၎င်းပန်းသီးပုံး‌လောင်းကစားဝိုင်းကို ပိတ်ပစ်ခဲ့ပြီးဖြစ်‌သော်လည်း ယခုလ ၁၅ရက်‌နေ့က ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်း ‌ရောက်ရှိလာသည့်‌နောက်ပိုင်း (‌ကေအဲန်ယူ ဆက်ဆံ‌ရေးရုံးလာ‌ရောက်ဖွင့်လှစ်ချိန်) ဘုရားသုံးဆူ အ‌ခြေ စိုက် နယ်ခြား‌စောင့်တပ် (၁၀၂၃)တပ်ရင်းမှ ဗိုလ်ကြီးရန်ရှင်း၊ အမှတ်(၃)ရပ်ကွက် အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးအတွင်း‌ရေးမှူး ဦး‌သောကြာ၊ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်‌ရေးအတွင်း‌ရေးမှူး ဦး‌ဒေးဗစ်တို့ ညှိနှိုင်းကြပြီး ယခုလို ပြန်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

မြို့ခံတစ်ဦးက “၁၅/၅/၂၀၁၂ ပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ် ပြီးသွားပြီးမှ စီးပွား‌ရေးသမား‌တွေနဲ့ လက်ရှိ အာဏာပိုင်အဖွဲ့အစည်း‌တွေ ညှိနှိုင်းပြီး‌တော့ ပန်းသီးပုံး‌တွေကို တရားဝင်ပုံစံမျိုးနဲ့ ပြန်လည်ဖွင့်လိုက်တယ်။ ဒီ ၂၈ရက်‌နေ့မနက်‌ပေါ့‌နော်။ အဲဒီမတိုင်ခင်က ခိုးဖွင့်တာ ‌တော့ရှိတယ်”ဟု ‌ပြောသည်။

ထိုပန်းသီးပုံး‌လောင်းကစားဝိုင်းများကို မြို့အနှံ့ လမ်းကြိုလမ်းကြားများတွင် လုံခြုံ‌ရေးအ‌စောင့်များဖြင့် ဖွင့်ထားလျှက်ရှိပြီး ယခုဆိုလျှင် ဘုရားသုံးမြို့တစ်မြို့လုံး၌ ပန်းသီးပုံးဝိုင်း စုစု‌ပေါင်း ၅၀ဝခန့်ရှိပြီဟု ၎င်းက ‌ပြောသည်။

သူက “ငါးဘတ်‌စေ့‌တောင် မက‌တော့ဘူး။ အခု ၁ဝဘတ်‌စေ့ပါ‌နေပြီ၊ ဒီပန်းသီးပုံးကို ဖွင့်လိုက်တာ တကယ်ဘဝပျက်သွားတဲ့လူလည်း ရှိ တယ်”ဟု ‌ပြောသည်။

ယခုလို ပန်းသီးပုံး ‌လောင်းကစားဝိုင်း ကျယ်ပြန့်လာမှု‌ကြောင့် ယခင်ကဲ့သို့ လုယက်မှု၊ ခိုးဝှက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု များပြားလာမည်ကို မြို့ခံ များက အလွန်စိုးရိမ်ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် ‌မေလ ၂၇ရက်‌နေ့တုန်းကလည်း ဘုရားသုံးဆူမြို့ခံ ၂ဦးအား အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့မှ ပြန်‌ပေးဆွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ ၎င်းလက်နက်ကိုင်တပ်ဖွဲ့ဘက်က ပြန်လည် ဆက်သွယ်မှုတစုံတရာ မရှိ‌သေး‌ကြောင်း မြို့ခံများက ‌ပြောသည်။

အစိုးရစစ်တပ်၊ နယ်ခြား‌စောင့်တပ်၊ မွန်ပြည်သစ်ပါတီ၊ ဒီ‌ကေဘီ‌အေ၊ ‌ကေအဲန်ယူ စသည့်လက်နက်ကိုင်တပ်ဖွဲ့များ အ‌ခြေစိုက်သည့် ဘုရားသုံးမြို့တွင် ‌လောင်းကစားဝိုင်းများအပြင် ပစ်ခတ်မှု၊ ဗုံး‌ပေါက်ကွဲမှု၊ ဓါးပြတိုက်မှု၊ ပြန်‌ပေးဆွဲမှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိသည်။