Home သတင်း မူးယစ်ရာဇာအဖြစ် စွပ်စွဲမှုကို တာဝန်ခံရန် ထိုင်းအစိုးရကို ဒီ‌ကေဘီ‌အေ တုန့်ပြန်

မူးယစ်ရာဇာအဖြစ် စွပ်စွဲမှုကို တာဝန်ခံရန် ထိုင်းအစိုးရကို ဒီ‌ကေဘီ‌အေ တုန့်ပြန်

2166
ဧပြီလ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


ထိုင်းအစိုးရမှ တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBA ကလို့ထူး‌ဘော၏ ဗိုလ်မှူးချုပ်‌စောလားပွယ် (ဗိုလ်နှုတ်ခမ်း ‌မွှေး) အား မူးယစ်ရာဇာအဖြစ် စွပ်စွဲ‌ကြေညာမှုအ‌ပေါ် ပတ်သက်ခြင်းမရှိပါက ထုတ်ပြန်သူကိုယ်တိုင် တာဝန်ခံရမည်ဖြစ်‌ကြောင်း DKBA မှ ‌ပြောဆိုလိုက်သည်။

ယမန်‌နေ့ညက ‌ကေအိုင်စီထံ ‌ရောက်ရှိလာသည့် DKBA ကလို့ထူး‌ဘော၏ သ‌ဘောထား‌ကြေညာချက်ထဲတွင် ဧပြီလ ၂ဝရက်‌နေ့က ထိုင်း အမှတ်(၃) ရုပ်သံလိုင်းမှ ထုတ်လွှင့်လိုက်‌သော ထိုင်းနိုင်ငံမှ အလိုရှိသူ မူးယစ်ရာဇာ ၂၅ဦးထဲတွင် ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘော စစ်ဦးစီး ချုပ် ဗိုလ်မှူးချုပ်‌စောလားပွယ် ပါဝင်‌ကြောင်း ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ် ချလိမ့်ယူဘမ်းရုန်းကိုယ်တိုင် ရှင်းလင်းခဲ့မှုအ‌ပေါ် ထိုသို့ တုန့်ပြန် လိုက်ခြင်းဖြစ်သည်။

ဒီ‌ကေဘီ‌အေ ထုတ်ပြန်ချက်ပါ ‌ပြော‌ရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး‌စောကိုမျိုးက “ထိုင်းအစိုးရက အ‌ကြောင်းအရာရှိလို့ ထုတ်ပြန်တယ်လို့ ယူဆ တယ်။ ကျ‌နော်တို့ကလည်း မဟုတ်တဲ့အတွက် မဟုတ်ပါဘူးလို့ တုန့်ပြန်ရမှာပဲ။ ဒီကိစ္စကို ‌ဖြေရှင်းဖို့ ဆုံးခန်းတိုင်‌အောင် ကျ‌နော်တို့ လုပ် ‌ဆောင်သွားမယ်။”ဟု ‌ပြောသည်။

ထိုင်းအစိုးရ၏ စွပ်စွဲချက်သည် နိုင်ငံ‌တော်အ‌နေဖြင့်‌သော်လည်း‌ကောင်း၊ ၎င်းတို့တပ်ဖွဲ့အ‌နေဖြင့်‌သော်လည်း‌ကောင်း၊ ပုဂ္ဂိုလ်‌ရေး ဂုဏ် သိက္ခာအားဖြင့်‌သော်လည်း‌ကောင်း ထိခိုက်‌နေသည့်အ‌ပေါ် ပြန်လည် ထုတ်ပြန်ရခြင်းဖြစ်သည်ဟုလည်း သူက ဆက်‌ပြောသည်။

DKBA ‌ကြေညာချက်တွင် ၎င်းတို့ကို မူးယစ်‌ဆေးဝါးနှင့် ပတ်သက်‌ကြောင်း ယူဆပါက ဒု-ဝန်ကြီးချုပ် ချလိမ့်ယူဘမ်းရုန်းအ‌နေဖြင့် DKBA အ‌ခြေစိုက်ရာ မည်သည့်‌နေရာမဆို ဝင်‌ရောက်‌လေ့လာနိုင်‌ကြောင်းနှင့် မူးယစ်‌ဆေးဝါးကိစ္စ ထုတ်‌ဖော်‌တွေ့ရှိပါက မည်သည့်တရားရုံး၊ ခုံရုံး မဆို တက်‌ရောက်ရင်ဆိုင်သွားမည် ဖြစ်‌ကြောင်းလည်း ပါရှိသည်။

တဆက်တည်း၌ပင် လူတစ်ဦး သို့မဟုတ် အဖွဲ့တစ်ဖွဲ့ကို စွပ်စွဲ‌ပြောဆိုမည်ဆိုပါက “ဘယ်သူက ဘယ်အချိန်၊ ဘယ်‌နေရာမှာ ဘာ‌တွေ လုပ်ခဲ့သလဲဆိုတဲ့ တိကျခိုင်လုံတဲ့ အ‌ထောက်အထားများ ပြသဖို့ တာဝန်ရှိတယ်လို့ ယူဆ‌ကြောင်း” ဒီ‌ကေဘီ‌အေ၏ ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

ထိုင်း ဒု-ဝန်ကြီးချုပ်ကိုယ်တိုင် ယခု ဧပြီလ ၃ဝရက်‌နောက်ဆုံးထားကာ ၎င်းတို့‌ဒေသကို လာ‌ရောက်ကြည့်ရှု‌ဖြေရှင်း‌ပေးရန် ဖိတ်‌ခေါ်ပါ ‌ကြောင်း၊ လာ‌ရောက်‌ဖြေရှင်း‌ပေးခြင်း မရှိပါက နိုင်ငံတကာ ဥပ‌ဒေအရ ထိုင်းအစိုးရအား ဆက်လက် အ‌ရေးယူ ‌ဆောင်ရွက်သွားမည်ဖြစ် ‌ကြောင်း DKBA က ‌ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ ၁၁ရက်‌နေ့က DKBA သည် မြန်မာအစိုးရနှင့် လက်မှတ်‌ရေးထိုးရာတွင် သ‌ဘောတူညီချက်အပိုဒ် (၅)အရ မူးယစ်‌ဆေးဝါးနှင့် စိတ်ကို‌ပြောင်းလဲ‌စေ‌သော ‌ဆေးဝါးများအား တိုက်ဖျက်ရန် ပြည်‌ထောင်စုအစိုးရနှင့် ပူး‌ပေါင်း‌ဆောင်ရွက်ရန် အချက်ကို သ‌ဘောတူထားသည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်၌ ‌ဖော်ပြထားသည်။

ထိုင်းအစိုးရက ဗိုလ်မှူးချုပ်‌စောလားပွယ်အား ဆုလာဒ်‌ငွေထုတ်၍ ဖမ်းဆီးရန် ‌ကြေညာထားသည့်အ‌ပေါ် ‌ကေအိုင်စီမှ ဗိုလ်မှူးချုပ်‌စောလား ပွယ်အား တိုက်ရိုက်‌မေးမြန်းနိုင်ရန် ယ‌နေ့ အကြိမ်ကြိမ် ကြိုးစားဆက်သွယ်‌သော်လည်း မအားလပ်မှုများရှိသည်ဟူ‌သော အ‌ကြောင်းပြ ချက်များ‌ကြောင့် ပြန်လည်‌ဖြေကြားမှုကို မရရှိခဲ့‌ပေ။

ထိုင်းအစိုးရက ဧပြီလ ၂ဝ ရက်‌နေ့တွင် ထိုင်းဘတ်‌ငွေ ၁၂သန်းဖြင့် ဖမ်းဆီးရန် ထုတ်ပြန်ခဲ့သည့် မူးယစ်‌ဆေးဝါး ကုန်ကူးမှု၌ ထိပ်တန်းစာ ရင်း ပါဝင်သူ ၂၅ဦး၏ အမည်ကို ထိုင်းအစိုးရ၏ Office of the Narcotics Control Board -ONCB အဖွဲ့က ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံ သား ၃ဦးဖြစ်သည့် ‌ရွှေတြိဂံ‌ဒေသမှ ‌နော်ခမ်း၊ တာချီလိတ် နမ့်ပုံပြည်သူ့စစ်‌ခေါင်း‌ဆောင် ယီ‌ဆေးနှင့် ဗိုလ်မှူးချုပ်‌စောလားပွယ်တို့ ပါဝင်ခဲ့ သည်။

ဒီ‌ကေဘီ‌အေသည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး-KNU မှ ခွဲထွက်ကာ စစ်အစိုးရနှင့် ငြိမ်းချမ်း‌ရေးယူခဲ့သည့် ကရင်လက် နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး ၎င်းတို့အား စစ်အစိုးရက ၂၀၁ဝခုနှစ်၊ ဩဂုတ်လတွင် နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်းလဲဖွဲ့စည်း‌ပေးခဲ့သည် ကို ဗိုလ်မှူးချုပ်‌စောလားပွယ် ဦး‌ဆောင်သည့် ကလို့ထူး‌ဘောတပ်ဖွဲ့က ဆန့်ကျင်၍ အစိုးရနှင့် တနှစ်ကြာ ပြန်လည် တိုက်ခိုက်ပြီး‌နောက် အသစ်တက်လာသည့် မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်စဲ‌ရေး ပြုလုပ်ခဲ့သည်။