Home သတင်း ထိုင်း‌ရွှေ့‌ပြောင်းအလုပ်သမားလုပ် အားခ အပြည့်အဝရရှိရန် ထိုင်းအစိုးရနှင့် ထိုင်းလုပ်ငန်းရှင် ‌ဆွေး‌နွေး

ထိုင်း‌ရွှေ့‌ပြောင်းအလုပ်သမားလုပ် အားခ အပြည့်အဝရရှိရန် ထိုင်းအစိုးရနှင့် ထိုင်းလုပ်ငန်းရှင် ‌ဆွေး‌နွေး

1757
ဧပြီလ ၂၆ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)


ထိုင်းနိုင်ငံရှိ ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ တစ်‌နေ့တာလုပ်အားခ အပြည့်အဝရရှိ‌ရေးအတွက် ထိုင်းအလုပ်သမား‌ရေးရာဦးစီးဌာနနှင့် ထိုင်းစီးပွား‌ရေးလုပ်ငန်းရှင်များ ယမန်‌နေ့က ပထမဦးဆုံးအကြိမ် တိုက်ရိုက် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြသည်။

တာ့ခ်ခရိုင် အလုပ်သမား‌ရေးရာဦးစီးဌာနမှ ဦး‌ဆောင်ကာ မဲ‌ဆောက်မြို့ စင်ထရယ်ဟိုတယ်တွင် စီးပွား‌ရေးလုပ်ငန်းရှင်များနှင့် မြန်မာ‌ရွှေ့ ‌ပြောင်းအလုပ်သမားကူညီ‌ရေးအဖွဲ့တို့ ‌တွေ့ဆုံပြီး အလုပ်သမားများ၏ တစ်‌နေ့တာလုပ်အားခ ရရှိ‌ရေးအတွက် အပြန်အလှန် ‌ဆွေး‌နွေးမှု များ ပြုလုပ်ခဲ့ကြသည်ဟု မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအ‌ရေး ‌ဆောင်ရွက်‌နေသည့် FTUB အဖွဲ့မှ ကို‌ကျော်မြင့်က ‌ပြောသည်။

သူက “အလုပ်ရှင်ကို အလုပ်သမား ဥပ‌ဒေ‌တွေနဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်‌တွေ တာဝန်‌တွေကို သူတို့ ပြန်ရှင်းပြသွားတယ်။ ဆိုလိုတာက အလုပ်သမား‌တွေကို လုပ်အားခ အပြည့်အဝ‌ပေးဖို့ လုပ်ငန်းရှင်‌တွေကို ‌ခေါ်ပြီးပညာ‌ပေးတဲ့ သ‌ဘောပါ”ဟု ‌ပြောသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ် အစိုးရ တက်လာပြီး‌နောက်ပိုင်း ဘန်‌ကောက်နှင့် အနီးတဝိုက်ရှိ ခရိုင် ၇ခုမှ ‌ရွှေ့‌ပြောင်းအလုပ် သမားများသည် တစ်‌နေ့လျှင် လုပ်အားခ ထိုင်းဘတ် ၃၀ဝ ရရှိခဲ့ပြီး တာ့ခ်ခရိုင် အပါအဝင် ကျန်ရှိ‌နေသည့် ခရိုင်များအား မူလရရှိရမည့် တစ်‌နေ့တာ လုပ်အားခ၏ ၄ဝရာခိုင်နှုန်း တိုးမြှင့်ပြီး ၂၂၆ဘတ် မရရှိ‌သေးသူများနှင့် ပတ်သက်၍ ‌ဆွေး‌နွေးခဲ့ကြခြင်း ဖြစ်သည်။

ထို့အပြင် အလုပ်သမားအရည်အချင်း တိုးတက်‌အောင် သင်တန်းများ‌ပေးခြင်း၊ အလုပ်သမားကာကွယ်‌ရေး ဥပ‌ဒေရှင်းပြခြင်း၊ အနိမ့်ဆုံး လုပ်အားခသတ်မှတ်ခဲ့ရပုံအ‌ကြောင်း၊ လူမှုဖူလုံ‌ရေးရန်ပုံ‌ငွေနှင့် ပတ်သက်သည်များကို ရှင်းပြခြင်း၊ အလုပ်သမား ခံစားခွင့်များကိုလည်း ရှင်းပြခဲ့သည်ဟု ကို‌ကျော်မြင့်က ‌ပြောသည်။

သူက “တကယ်လို့ လုပ်အားခအပြည့် ‌ပေးလိုက်မယ်ဆိုရင် ဥပ‌ဒေက‌နေပြီး ဘာ‌တွေ ဖြတ်ပိုင်ခွင့်ရှိသလား၊ မရှိသလား ‌မေးတယ်။ ဥပ‌ဒေ က‌တော့ ရသင့်ရထိုက်တဲ့ လုပ်အားခကို အပြည့်‌ပေးရမယ်။ ဥပ‌ဒေအရ ဘာမှဖြတ်ပိုင်ခွင့်မရှိဘူး။ ဒါ‌ပေမယ့် ဖြတ်ပိုင်ခွင့်ရှိတာက‌တော့ လူမှုဖူလုံ‌ရေး ဝန်‌ဆောင်မှုအတွက်‌တော့ ဖြတ်ပိုင်ခွင့်ရှိတယ်။ အဲ့ဒါမျိုး‌တွေ ‌ဆွေး‌နွေးကြတယ်”ဟု ‌ပြောသည်။

လူမှုဖူလုံ‌ရေးဝန်‌ဆောင်ခမှာ အလုပ်သမားများ၏ လုပ်အားခထဲမှ ၅ရာခိုင်နှုန်း သွင်းရမည်ဖြစ်ပြီး လုပ်ငန်းရှင်များကလည်း ၅ရာခိုင်နှုန်း ထပ်ဖြည့်‌ပေးရမည်ဖြစ်သည်။ ထိုနည်းဖြင့်သာ အလုပ်ရှင်များက အလုပ်သမားလစာကို ဖြတ်ယူနိုင်ပြီး တခြား‌သော နည်းလမ်းများဖြင့် ဖြတ်ယူခွင့်မရှိ‌ကြောင်းလည်း ထိုင်းအလုပ်သမား‌ရေးရာဦးစီးဌာနက ရှင်းပြခဲ့သည်ဟု သိရသည်။

မဲ‌ဆောက်မြို့ရှိ အလုပ်သမားတစ်ဦးက “ယခင်အတိုင်းပဲ အခုထိ တ‌နေ့တာ လုပ်အားခ ၇၀၊ ၈ဝပဲ ရ‌သေးတယ်။ သူတို့‌ပြောတဲ့လစာ အပြည့်အဝ‌တော့ အခုထိ မရ‌သေးဘူး”ဟု ‌ပြောသည်။

ထိုင်းသက္ကရာဇ် ၂၅၄၁ခုနှစ်က ထိုင်းဘုရင် ဘူမိ‌ဘော လက်မှတ်ထိုးပြဌာန်းခဲ့သည့် အလုပ်သမားဥပ‌ဒေတွင် တရားဝင်အလုပ်သမားဖြစ် ‌စေ၊ တရားမဝင်အလုပ်သမားဖြစ်‌စေ ထိုင်းတနိုင်ငံလုံးရှိ အလုပ်သမားများနှင့် တန်းတူညီတူ အခွင့်အ‌ရေးရှိသည်ဟုလည်း ပြဌာန်းခဲ့သည်။

ထိုဥပ‌ဒေအရ အလုပ်သမားတစ်ဦးသည် တစ်‌နေ့တာအလုပ်ချိန် ၈နာရီဖြစ်ပြီး အချိန်ပို(အိုတီ) ဆင်းရပါက လုပ်အားခတစ်ဆခွဲ ထပ်‌ပေးရ မည် ဖြစ်သည်။ ၎င်းအပြင် တနှစ်အတွင်း အစိုးရရုံးပိတ်ရက်များနှင့် ရိုးရာနှစ်သစ်ရက်များတွင် အနားယူခွင့်ရှိ‌သော်လည်း လုပ်အားခ အ ပြည့်အဝ ရပိုင်ခွင့်ရှိသလို အ‌ကြောင်းမဲ့ အလုပ်ထုတ်ခံရပါက အလုပ်ရှင်အ‌နေဖြင့် နစ်နာ‌ကြေး‌ပေး‌ဆောင်မှုတို့ ပါဝင်သည်။

ယခင်က ‌ရွှေ့‌ပြောင်းအလုပ်သမားအဖွဲ့များကသာ အလုပ်သမားများအား ပညာ‌ပေး‌ဆွေး‌နွေးမှုများရှိခဲ့ပြီး ယခုအခါတွင် ထိုင်းအစိုးရမှ လုပ် ငန်းရှင်များကို ‌ခေါ်ယူ၍ ဥပ‌ဒေများ ရှင်းပြ‌ပေးခြင်းဖြင့် အလုပ်သမားများအတွက် ပိုမို ‌ကောင်းမွန်လာဖွယ်ရှိ‌ကြောင်းလည်း အလုပ်သမား အဖွဲ့များက ‌ပြောဆို‌နေကြသည်။