Home သတင်း မြဝတီ- ‌ကော့ကရိတ် နှစ်လမ်း သွားကားလမ်းသစ်‌ဖောက်လုပ်မည်

မြဝတီ- ‌ကော့ကရိတ် နှစ်လမ်း သွားကားလမ်းသစ်‌ဖောက်လုပ်မည်

1783
ဇန်နဝါရီလ ၂၆ရက် ၂၀၁၂၊ ‌ရွှေသိုက်‌တော (‌ကေအိုင်စီ)

အာရှဖွံ့ဖြိုး‌ရေးဘဏ်အကူအညီဖြင့် ထိုင်း-မြန်မာနယ်စပ် မြဝတီ-‌ကော့ကရိတ် နှစ်လမ်းသွား ကားလမ်းကို လာမည့်လဆန်းတွင် စတင်‌ဆောက်လုပ်မည်ဟု ယ‌နေ့မဲ‌ဆောက်တွင်ပြုလုပ် သည် ့နှစ်နိုင်ငံ တာဝန်ရှိသူများ‌ဆွေး‌နွေးပွဲ အပြီးတွင် မြန်မာဘက်က ‌ပြောသည်။

မြဝတီ-‌ကော့ကရိတ် လမ်းသစ်‌ဖောက်လုပ်‌ရေးအတွက် ယ‌နေ့မွန်းလွဲပိုင်းက မဲ‌ဆောက်တွင်ပြု လုပ်သည့် ‌ဆွေး‌နွေးပွဲကို တက်‌ရောက်လာသည့် မြန်မာကိုယ်စားလှယ်အဖွဲ့‌ခေါင်း‌ဆောင် ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာန ဦး‌ဆောင်ညွန်ကြား‌ရေမှူး ဦးဝင်းတင့်က ‌ပြောကြားခြင်းဖြစ်သည်။

၎င်းက”ဒီလမ်းသစ်‌ဖေါက်လုပ်‌ရေးကို မကြာခင်မှာလုပ်ငန်းစတင်မှာဖြစ်တယ်။ ဒီ လမ်းကနှစ်လမ်းသွား ကားလမ်းဖြစ်တဲ့အတွက် ဒီလမ်းပြီးသွားရင် နှစ်နိုင်ငံကုန်သွယ်‌ရေး သာမက အာစီယံ‌ဒေသတွင်းအတွက်ပါ ကုန်သွယ်‌ရေးလုပ်ငန်း‌တွေ တိုးတက်ဖြစ်ထွန်း လာမှာဖြစ်တယ်”ဟု သတင်း‌ထောက်များကို‌ပြောသည်။

‌ဆွေး‌နွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာန ဦး‌ဆောင်ညွှန်ကြား‌ရေးမှူး ဦးဝင်းတင့်ဦး‌ဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ၁၆ ဦးတက်‌ရောက်‌ဆွေး‌နွေးခဲ့ကြ ပြီး ထိုင်းဘက်မှအ‌ဝေး‌ပြေးလမ်းဦးစီးဌာန၏ အကြံ‌ပေးပုဂ္ဂိုလ ်နိုင်အာစဝင်ကန်နစွတ် ဦး ‌ဆောင်သည့် အဖွဲ့ဝင်များတက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။

ထိုင်းကိုယ်စားလှယ်အဖွဲ့ကမူ လမ်း‌ဖောက်လုပ်မှုလုပ်ငန်းနှင့်ပတ်သက်၍ ၎င်းတို့ဘက်တွင် အရံသင့်ရှိသည်ဟု ‌ပြောသည်။

အသစ်‌ဖောက်လုပ်မည့်လမ်းမှာ ၆၃ ကီလိုမီတာရှိပြီး လက်ရှိအသုံးပြု‌နေသည့် လမ်းကဲ့သို့ ‌ဒေါန‌တောင်‌ကျော်ကားလမ်းမဟုတ်ဘဲ ‌တောင်‌ခြေမှ‌ဖောက်လုပ်မည့် နှစ်လမ်းသွားကား လမ်းဖြစ်သည့်အတွက် ‌တောင်တက်‌တောင်ဆင်းမရှိဘဲ ကုန်သွယ်မှုပြုရာတွင်လည်း ပိုမို မြန်ဆန်မည်ဟု သိရသည်။

လက်ရှိမြဝတီ-‌ကော့ကရိတ်ကားလမ်းမှာ ၈၄ ကီလိုမီတာရှိသည့် ‌ဒေါန‌တောင်‌ကျော်ကား လမ်းဖြစ်ပြီး ‌တောင်ဆင်း‌တောင်တက်ကားလမ်းဖြစ်ကာ လမ်းခရီးတ‌လျှောက်တွင် ဂ ‌ကွေ့ နှင့် ပ ‌ကွေ့‌ပေါင်း ၂၀ဝ ‌ကျော်ရှိသည့်အပြင် တလမ်းသွားဖြစ်‌သော‌ကြောင့် ‌မော်‌တော် ယာဉ်များတရက်ခြားစနစ်ဖြင့် အဆင်းအတက်အသုံးပြု‌နေရသည့်လမ်းဖြစ်သည်။

အဆိုပါလမ်းတွင် တရက်ခြား‌ပြေးဆွဲ‌နေသည့်ယာဉ်တန်းမှာ တ‌နေ့လျှင်ကားကြီးကားငယ် အစီး‌ရေ ၁,၀၀ဝ ခန့်ရှိပြီးလမ်းခရီးကြာမြင့်ချိန်မှာပျှမ်းမျှ ၂ နာရီခွဲခန့်ရှိပြီး အသစ်‌ဖောက် လုပ်မည့်နှစ်လမ်းသွားကားလမ်းပြီးစီးပါကအချိန် ၁ နာရီခန့်သာကြာမြှင့်မည်ဟု မြန်မာအင် ဂျင်နီယာတဦးက ‌ပြောသည်။

အသစ်‌ဖောက်လုပ်မည့် မြဝတီ-‌ကော့ကရိတ်ကားလမ်းကို ထိုင်းနိုင်ငံဘက်မှ တာဝန်သူ ‌ဖေါက်လုပ်‌ပေးမည်ဖြစ်ပြီး တနှစ်ခွဲခန့်အချိန်ကြာမြင့်မည်ဖြစ်ကာ လိုအပ်သည့်ယန္တယား များနှင့် အခြားဆက်စပ်ပစ္စည်းများကို ထိုင်းဘက်ကမြန်မာဘက်သို့တင်ပို့သွားမည်ဖြစ် သည်။

အာရှဖွံ့ဖြိုး‌ရေးဘဏ်အကူအညီဖြင့် ထိုင်းနိုင်ငံက မကြာမီ‌ဖောက်လုပ်မည့် မြဝတီ-‌ကော့က ရိတ်ကားလမ်းစီမံကိန်းကို ၂၀၀၄ ခုနှစ်ကစတင်‌ဖောက်လုပ်ခဲ့‌သော်လည်း ၂၀၀၅ ခုနှစ်တွင် နယ်‌မြေ‌အေးချမ်းမှုမရှိသည့်အတွက ်ရပ်နားခဲ့ရသည်။

ယခု‌ဖောက်လုပ်မည့်လမ်းပိုင်းသည် အာရှအ‌ဝေး‌ပြေးလမ်းမကြီး‌ပေါ်တွင်ပါဝင်ပြီး အာရှအ ‌ဝေး‌ပြေးလမ်းမသည် ဗီယက်နမ်နိုင်ငံဒါနန်းမှ စတင်ကာ လာအို၊ ထိုင်း၊ မြန်မာ၊ အန္ဒိယ၊ နိုင်ငံတို့ ကိုဖြတ်သန်းသည့်လမ်းဖြစ်သည်။

ယခုလ ၁၂ ရက်‌နေ့က မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြား နှစ်ဘက်အပစ်အခတ်ရပ်စဲ‌ရေးလက်မှတ်‌ရေးထိုးခဲ့ပြီး‌နောက်ပိုင်း ထိုင်းနှင့်မြန်မာအစိုးရများ က အဆိုပါကားလမ်း ကိုပြန်လည်‌ဖောက်လုပ်ရန်စီစဉ်ကြခြင်းဖြစ်သည်။

ကားလမ်းသစ်‌ဖောက်လုပ်မှုနှင့်ပတ်သက်၍ မြန်မာနှင့်-ထိုင်းနှစ်ဘက်တာဝန်ရှိသူများက ၎င်းတို့ကိုဆက်သွယ်အ‌ကြောင်းကြားခြင်းမရှိဟု KNU တာဝန်ရှိသူတဦးက ‌ပြောသည်။