Home သတင်း ပဏာမငြိမ်းချမ်း‌ရေးကာလ ကရင်ပြည်နယ် လုံခြုံ‌ရေး စိုးရိမ်‌နေရဆဲ

ပဏာမငြိမ်းချမ်း‌ရေးကာလ ကရင်ပြည်နယ် လုံခြုံ‌ရေး စိုးရိမ်‌နေရဆဲ

2067
ဇန်နဝါရီ ၂၆ ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကရင်အမျိုးသား အစည်းအရုံး(KNU)နှင့် မြန်မာအစိုးရကြား ပဏာမအဆင့် ငြိမ်းချမ်း‌ရေး သ‌ဘောတူညီမှု ရပြီးဖြစ်‌သော်လည်း ကရင်‌ဒေသအတွင်း ‌ဆေးကုသမှု ‌ဆောင်ရွက်‌ပေးရာတွင် လုံခြုံမှူမရှိ စိုးရိမ်‌နေရဆဲ ဖြစ်‌ကြောင်း နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့ (BPHWT) က ‌ပြောသည်။

“တကယ်တမ်း ကျ‌နော်တို့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကို ကြည့်တာ ‌အောက်‌ခြေထိ စစ်‌ရေး ပြင်ဆင်မှု‌တွေ မလုပ်ရဖူးဆိုတာ‌တွေ ညွန်ကြားတာ‌တွေလည်း မ‌တွေ့ရသလို တဖက်နဲ့ တဖက် နယ် ‌ကျော်လာမယ်ဆိုရင် တိုက်ပွဲ‌တွေ ဖြစ်လာမယ် ဆိုတာ‌တွေကို ကျ‌နော်တို့မြင်‌နေရဆဲပါ ” ဟု BPHWT ညွန်ကြား‌ရေးမှူး ‌စောဝင်း‌ကျော် က ‌ပြော သည်။

လက်မှတ်‌ရေးထိုး ထားရုံနှင့် စစ်မှန်သည့် ငြိမ်ချမ်း‌ရေး အာမခံချက် မရှိသဖြင့် ကျန်းမာ ‌ရေးအဖွဲ့များ လှုပ်ရှား သွားလာရသည်မှာ ‌ကြောက်ရွံ့မှုများ ရှိ‌နေသည်ဟု ၎င်းက ဆက်‌ပြောသည်။

‌ကေအဲန်ယူနှင့် မြန်မာ အစိုးရသည် ယခုလ ၁၂ ရက်‌နေ ့တွင် ပဏမငြိမ်းချမ်း‌ရေး သ‌ဘောတူ လတ်မှတ်‌ရေးထိုးခဲ့ပြီး‌နောက် ၄၅ ရက်အတွင်း ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေး‌ရေး အဖွဲ ့နှင့် ဆက်လက်‌ဆွေး‌နွေးရန် သ‌ဘောတူညီခဲ့ကြသည်။

လက်ရှိ အ‌ခြေအ‌နေတွင် တိုက်ခိုက်မှုများ မရှိ‌သော်လည်း အစိုးရတပ်များ ဘက်မှ ရိက္ခာသယ်ယူမှုကို ကရင် တပ်များဘက်မှ တားဆီးမှုများ ဖြစ်လာနိုင်သည်ဟု စိုးရိမ်မှုများ ‌ပေါ်‌ပေါက်‌နေသဖြင့် ကျန်းမာ ‌ရေးလုပ်သားများ အ‌နေဖြင့် ထိုုအ‌ခြေအ‌နေ အကြား သတိဖြင့် သွားလာ‌နေရသည်ဟု ‌စောဝင်း‌ကျော်က ‌ပြောသည်။

‌ကေအဲန်ယူ အုပ်ချုပ်‌ရေးနယ်‌မြေများဖြစ်သည့် ဖာပွန်ခရိုင်၊ဘားအံခရိုင်၊ ထားဝယ်ခရိုင် အပါအဝင် ခရိုင် (၇)ခုတွင် ကျန်းမာ‌ရေး ကူညီ‌စောင့်‌ရှောက်မှုများ ‌ပေး‌နေသည့်ထိုအဖွဲ ့သည် ပြီးခဲ့သည့်နှစ် ‌အောက်တိုဘာ၂၉ ရက်‌နေ့က ကရင်ပြည်နယ်၊ ဖာပွန်မြို ့နယ် မာ‌ထော‌ကျေးရွာ အုပ်စုအတွင်း ‌ဆေးကု သွားစဉ် ကျန်းမာ‌ရေးဝန်ထမ်းနှစ်ဦး အစိုးရစစ်တပ်မှ ဖမ်းဆီးခြင်း ခံခဲ့ရသည်။
၎င်းတို့နှစ်ဦးကို ယခုလ ၁၉ ရက်‌နေ့ကမှ အစိုးရက ပြန်လွှတ်‌ပေးခဲ့သည်ဟု ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှု ‌ဆောင်ရွက်‌ပေး‌နေသည့် ဝန်ထမ်းများက ‌ပြောသည်။

၁၉၉၈ခုနှစ် ဩဂုတ်လတွင် စတင် ဖွဲ့စည်းခဲ့သည့် နယ်လှည့်‌ကျောပိုးအိတ် ကျမ်းမာ‌ရေး လုပ်သား အဖွဲ ့သည် စစ်ဖြစ်သည့် ‌ဒေသများအတွင်း တိုုက်ပွဲများမှ ရရှိသည့် ဒဏ်ရာများ၊ ငှက်ဖျား‌ရောဂါ၊ ဝမ်း ပျက်ဝမ်း‌လျှော၊ အသက်ရှုလမ်း‌ကြောင်း ‌ရောဂါများ၊ မိခင်နှင့် က‌လေးများအတွက် လိုအပ်သည့် ပြုစု ‌စောင့်‌ရှောက်မှုများကို အဓိ်က‌ဆောင်ရွက်‌ပေးလျက်ရှိသည်။

ထို့အပြင် ရပ်ရွာအတွင်း လူထုနှင့် ပူး‌ပေါင်းပြီး ‌ရေလုံအိမ်သာများ တည်‌ဆောက်‌ပေးခြင်း၊ ‌ရေသန့် ရရှိရန်အတွက် ‌ရေပိုက်များသွယ်‌ပေးခြင်း၊ ကျန်းမာ‌ရေး မြှင့်တင်မှုလုပ်ငန်းများ၊ ပညာ‌ပေး ‌ဆွေး‌နွေး ပွဲများကို ‌ဒေသအလိုက် ၆ လတစ်ကြိမ် လုပ်‌ဆောင်‌ပေးသည်ဟု ‌စောဝင်း‌ကျော်က ‌ပြောသည်။

နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့(BPHWT)သည် နိုင်ငံတကာအဖွဲ့အစည်းများမှ ကူ ညီ‌ထောက်ပံ့မှုဖြင့် ကျန်းမာ‌ရေး ကူညီ‌စောင့်‌ရှောက်မှုများကို ‌ပေး‌နေခြင်း ဖြစ်သည်။