Home သတင်း ငြိမ်းချမ်း‌ရေးကမ်းလှမ်းချိန်တွင် အစိုးရတပ်က ရွာသားတစ်ဦးကို ပစ်သတ်

ငြိမ်းချမ်း‌ရေးကမ်းလှမ်းချိန်တွင် အစိုးရတပ်က ရွာသားတစ်ဦးကို ပစ်သတ်

2199
ဇန်နဝါရီ ၄ရက်၊ ၂၀၁၂။ ‌စောဖိုးမူး၊ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ ငြိမ်းချမ်း‌ရေးအတွက် နှစ်ဖက်စကား‌ပြောဆို‌နေကြ‌သော်လည်း ကရင် ပြည်နယ်‌မြောက်ပိုင်း‌ဒေသတွင် အစိုးရစစ်တပ်က ‌တောင်ငူ‌ဒေသရှိ ရွာသားတစ်ဦးကို ယခင်ကုန်ပိုင်းက ပစ်သတ်ခဲ့သည်။

ယခင်လ ၂၄ရက်‌နေ့က ကရင်ပြည်နယ်‌မြောက်ပိုင်း ‌တောင်ငူခရိုင် ထန်းတပင်မြို့နယ်၊ ‌ရေသိုးကြီး‌ဒေသမှ ရွာပုန်းရွာ‌ရှောင် ‌ကျေးရွာဖြစ်သည့် ခူ‌လောင်‌ကျေးရွာတွင် ဝင်‌ရောက်လှုပ်ရှားသည့် အစိုးရစစ်တပ် စကခ(၉) လက်‌အောက်ခံ ခမရ(၅၄၀)တပ် ရင်းသည် ရွာသား ‌စောကိုမြအား အ‌ကြောင်းမဲ့ ပစ်သတ်ခဲ့သည်ဟု အမည်မ‌ဖော်လိုသူ ‌ဒေသခံရွာသားတစ်ဦးက ‌ပြောသည်။

၎င်းက “အဲဒီ‌နေ့ ‌နေ့လည်‌လောက်မှာ ‌သေနတ်သံ အချက်အ‌တော်များများ ကြားလိုက်တယ်။ လူတ‌ယောက်‌ယောက် ပစ်တယ် လို့ ကျ‌နော်တို့ ခန့်မှန်းတယ်။ ပစ်ခတ်မှုအပြီး ည‌နေ‌စောင်း‌လောက်မှာ ကျ‌နော်တို့သွားကြည့်‌တော့ ‌စောကိုမြ ‌သေတဲ့အ‌လောင်း ကိုပဲ ‌တွေ့ရတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌သေဆုံးသူ ‌စောကိုမြသည် မိဘနှစ်ပါးနှင့်အတူ ‌နေထိုင်သူ လူလွတ်တစ်ဦးဖြစ်သလို မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းမှ ဆက်နွယ်မှုမရှိ‌ကြောင်း အဆိုပါရွာသားက ဆက်‌ပြောသည်။

အဆိုပါ အခင်းဖြစ်ပွားရာ‌ဒေသတွင် မြန်မာအစိုးရတပ်ဘက်က အမဲ‌ရောင်နယ်‌မြေအဖြစ် သတ်မှတ်သဖြင့် ရွာသူရွာသားမှန်သ မျှကို ရန်သူအဖြစ် သတ်မှတ်ကြရာ အစိုးရစစ်တပ်များ စစ်‌ရေးလှုပ်ရှားမှုများ လုပ်‌ဆောင်ပါက ထို‌ဒေသခံ ရွာသူရွာသားများမှာ လွတ်‌မြောက်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်ရ‌လေ့ရှိသည်ဟု နယ်‌မြေခံ ‌ကေအဲန်ယူ တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

သူက “ရွာသား‌တွေဟာ အစိုးရစစ်တပ်က ရန်သူအဖြစ် သတ်မှတ်ကြခံထားရ‌တော့ ဘာမှမတတ်နိုင်ကြဘူး။ မြို့ထဲသွား‌နေဖို့ ကလည်း သူတို့အတွက် အဆင်မ‌ပြေဘူး‌လေ။ ဒီလိုနဲ့ပဲ ရွာပုန်းရွာ‌ရှောင်အ‌နေနဲ့ပဲ ရုန်းကန်‌နေရတယ်။ စစ်တပ်လာရင် ထွက် ‌ပြေး၊ စစ်တပ်ပြန်ထွက်သွားရင် တဲမှာ ပြန်‌နေကြရ‌တော့ အန္တရာယ် ‌တော်‌တော်များတယ်။”ဟု ‌ပြောသည်။

ထို‌ဒေသတွင် ၂၀၀၆ခုနှစ်က စစ်အစိုးရတပ်များ ‌ကေအဲန်ယူ တပ်မဟာ(၂)ကို တပ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှု ‌ကြောင့် ‌ရေသိုးကြီး‌ဒေသရှိ ခူ‌လောင်ရွာ အပါအဝင် ရွာ‌ပေါင်း ၁ဝရွာ‌ကျော်မှ ရွာသားတချို့မှာ စုစည်း‌ကျေးရွာအဖြစ် ‌နေထိုင်ခဲ့ ကြရပြီး ‌ထောင်နှင့်ချီသည့် ရွာသားများလည်း ဋ္ဌာ‌နေမဲ့ပြည်သူများအဖြစ် ‌တောထဲ‌တောင်ထဲတွင် ယ‌နေ့အချိန်ထိ ထွက်‌ပြေး‌နေ ကြရသည်။

ယခုလ ၁၂ရက်‌နေ့တွင် နိုင်ငံ‌တော်အစိုးရ၏ ပြည်‌ထောင်စုအဆင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ကိုယ်စားလှယ်အဖွဲ့နှင့် KNU ပြည်တွင်းငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေး‌ကော်မတီတို့ ကရင်ပြည်နယ် ဘားအံမြို့တွင် အပစ်အခတ်ရပ်စဲ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေး ကြမည်ဖြစ်‌သော်လည်း ကရင်ပြည်နယ်အတွင်း လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုနှင့် ပစ်ခတ်မှုများမှာ ဖြစ်ပွား‌နေဆဲဖြစ်သည်။

အခင်းဖြစ်ပွားရာ ‌ရေသိုးကြီး‌ဒေသ ခူ‌လောင်ရွာမှာ ‌ဘောဂလိနှင့် ဘူဆာခီး ကားလမ်းတ‌လျှောက်တွင် တည်ရှိပြီး ထို‌ဒေသရှိ အစိုးရစစ်တပ်၏ နယ်‌မြေခံတပ်များမှာ စကခ(၉) လက်‌အောက်ခံ ခမရ(၅၄၀)၊ ခမရ(၃၈၀)တပ်ရင်းများဖြစ်ပြီး KNU တပ်ရင်း (၆)လည်း လှုပ်ရှားလျှက်ရှိသည်။

ခမရ(၅၄၁)နှင့် ခမရ(၃၇၆)တပ်ရင်းများသည် ၂၀၁ဝခုနှစ်၊ ‌မေလ ၁၅ရက်‌နေ့က ‌ရေသိုးကြီးဂွင်ရှိ ‌မောင်းတိုင်ကြီး၊ ခူ‌လောင် ‌ဒေသခံရွာသားများထံမှ စပါးမျိုး‌စေ့ ၃၃တင်းခွဲနှင့် လူ‌နေတဲအိမ် ၆လုံးကို အ‌ကြောင်းမဲ့ ဝင်‌ရောက်မီးရှို့ ဖျက်ဆီးခဲ့သည်။