Home သတင်း ဘုရားပွဲ ဗုံး‌ပေါက်ကွဲမှု အပြစ်မဲ့လူထု ၃ဦး‌သေ ၅ဝဦး ထိခိုက်ဒဏ်ရာရ

ဘုရားပွဲ ဗုံး‌ပေါက်ကွဲမှု အပြစ်မဲ့လူထု ၃ဦး‌သေ ၅ဝဦး ထိခိုက်ဒဏ်ရာရ

1941
ဇန်နဝါရီလ ၉ရက်၊ ၂၀၁၂။ (‌ကေအိုင်စီ)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အနန်းကွင်း‌ကျေးရွာ ဘုရားပွဲ‌တော်အတွင်း ဇန်နဝါရီလ ၇ရက်‌နေ့ညက ဗုံး‌ပေါက်ကွဲမှု‌ကြောင့် ပွဲလာလူထု ၃ဦး ပွဲချင်းပြီး ‌သေဆုံးကာ ၅ဝဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု ‌ဒေသခံများက ‌ပြောသည်။

‌ဒေသခံတစ်ဦးက “၇ရက်‌နေ့ည ၉နာရီ မိနစ် ၅ဝအချိန် အနန်းကွင်းရွာ ဘုရားပွဲမှာ လူတစ်‌ယောက်က လက်ပစ်ဗုံးနဲ့ ပွဲခင်းထဲ လာပစ်ချတယ်။ ဗုံးက ဘယ်‌လောက်ပြင်းလဲဆို ပွဲ‌ဈေးတန်းလမ်းမ‌ပေါ်မှာကျတာ ပွဲချင်းပြီးက ၃‌ယောက်‌သေတယ်ဗျ။ ထိခိုက် ဒဏ်ရာရတာက‌တော့ အ‌ယောက် ၅ဝလို့ ကျ‌နော်တို့ သိရတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ယင်းသို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အနက် ၁၅ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ‌မော်လမြိုင်‌ဆေးရုံသို့ ညတွင်းချင်းပင် ပို့‌ဆောင်ခဲ့ရ သလို ကျန်ဒဏ်ရာရသူများကို အနန်းကွင်းနှင့် သံပုရာ‌ကျေးရွာရှိ ‌ဆေးရုံတွင် ‌ဆေးကုသ‌ပေး‌နေ‌ကြောင်း အဆိုပါ‌ဒေသခံက ဆက်‌ပြောသည်။

“အနန်းကွင်း‌ဆေးရုံမှာ မတတ်နိုင်လို့၊ ‌ဆေးရုံမဆံ့လို့ သံပုရာ‌ဆေးရုံကို ပို့လိုက်တယ်။ သံပုရာ‌ဆေးရုံမှာက ၁၄ဦး၊ အနန်းကွင်း ‌ဆေးရုံမှာက ၂၁ဦး။ ဒဏ်ရာအပြင်းအထန်ရလို့ အ‌ရေး‌ပေါ် ပို့လိုက်တာက ၁၅ဦး‌ပေါ့။ ဟိုး ‌မော်လမြိုင်ကို။”ဟု ဆိုသည်။

‌သေဆုံးသွားသူများမှာ ခုံခံရွာမှ ကရင်ရွာသား ဖားအူးယူ ၂၅နှစ်၊ အနန်းကွင်းနှင့် ခလယ်တံခွန်တိုင်‌ကျေးရွာမှ မွတ်ဆလမ်အမျိုး သမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ဖြစ်ကြပြီး ဒဏ်ရာပြင်းထန်သူများထဲမှ ထပ်မံ ‌သေဆုံးမှုများရှိ‌သော်လည်း ဦး‌ရေ အတိအ ကျကို ဆက်လက် စုံစမ်း‌နေဆဲဖြစ်သည်။

‌ကျေးရွာ‌ပေါင်း ၄ဝနီးပါး လာ‌ရောက်ဆင်နွဲသည့် အဆိုပါဘုရားပွဲ‌တော်မှာ ဇန်နဝါရီ ၆ရက်မှ ၈ရက်‌နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်‌သော်လည်း ယခုလို ဗုံး‌ပေါက်ကွဲမှု‌ကြောင့် ပွဲပျက်သွားခဲ့ရပြီး ပရိဿတ်များ အထိတ်တလန့်ဖြစ်ကာ ကစဉ့်ကလျား ထွက် ‌ပြေးခဲ့ကြသည်။

ဗုံး‌ဖောက်ခွဲသူကို ရှာ‌ဖွေမရ‌သေး‌သော်လည်း ထိုဖြစ်စဉ်မတိုင်ခင် တရက်အလို ဇန်နဝါရီလ ၆ရက်‌နေ့ ပွဲ‌တော် ပထမညတွင် ရွာ အပြင်ဘက်ရှိ အစိုးရစစ်သားများက ပွဲ‌တော်သို့ လက်နက်များကိုင်‌ဆောင်လာသဖြင့် သံဃာ‌တော်များနှင့် ပဋိပက္ခ ဖြစ်ခဲ့သည်။

အနန်းကွင်းရွာသားတစ်ဦးက “ဘုန်းကြီး‌တွေက ပွဲ‌တော်မှာ လက်နက်ကိုင်‌ဆောင်ခွင့် မရှိဘူး‌လေ။ ပွဲပထမညမှာပဲ စစ်သား‌တွေ ဟာ ယူနီ‌ဖောင်း လက်နက်‌တွေနဲ့လာ‌တော့ ဘုန်းကြီး‌တွေနဲ့ စကားများတယ်။ ဒီလိုဖြစ်‌တော့ သူတို့(စစ်တပ်)က မ‌ကျေမနပ်နဲ့ ပြန်သွားတယ်။ ဗုံး‌ပေါက်ကွဲတဲ့ ၇ရက်‌နေ့ညကျ‌တော့ သူတို့က မလာ‌တော့ဘဲနဲ့ ပွဲဒကာ‌တွေကို ဘီယာ ၆ပါကင်‌တောင်းတယ်။
ပွဲဒကာ‌တွေကလည်း ဘီယာကို ၁ပါကင်ပဲပို့‌တော့ ပို့ပြီး ၁ဝမိနစ်၊ ၁၅မိနစ်‌လောက်မှာ ဗုံး‌ပေါက်တာပဲ။”ဟု ‌ပြောသည်။

အနန်းကွင်း‌ကျေးရွာတွင် ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးမိုး‌အောင် ဦး‌ဆောင်သည့် အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ် လက်‌အောက်ခံ စကခ(၁၉)မှ ဗျူဟာအမှတ်(၁) အ‌ခြေစိုက်လျှက်ရှိပြီး ဗုံး‌ပေါက်ကွဲအပြီး ၁ဝမိနစ်အကြာတွင် အဆိုပါတပ်စခန်းမှ ‌သေနတ် ၃ ချက် ပစ်‌ဖောက်ခဲ့သည်ဟု ရွာသူရွာသားများ၏ ‌ပြောပြချက်အရ သိရသည်။

ထို‌ဒေသတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) လက်‌အောက်ခံ တပ်ရင်း(၁၆)လည်း လှုပ်ရှားလျှက်ရှိသဖြင့် ‌ကေအဲန်ယူ ဒူးပလာယာခရိုင် သတင်းနှင့်ပြန်ကြား‌ရေးတာဝန်ခံ ‌စော‌နေမင်းကို ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းခဲ့ရာ ယခုလို ‌ပြောသည်။

သူက “ဒီကိစ္စကြားကြားချင်း ကျ‌နော် တပ်ရင်း(၁၆)ကို ဆက်သွယ်တယ်။ သူတို့ကလည်း မလုပ်ရ‌တော့ အံ့ဩ‌နေတယ်။ ကျ‌နော်တို့ ‌ကေအဲန်ယူလူကြီး‌တွေ အစိုးရနဲ့ စကား‌ပြောဆိုခါနီးကာလမှာ အခုလိုဖြစ်တာ အစိုးရတပ်က တပ်ရင်း(၁၆)ကို နာမည်ဖျက်ချင်တာလို့ ကျ‌နော်ထင်တယ်။”ဟု ဆိုသည်။

၂၀၁ဝခုနှစ် နိုဝင်ဘာလကတည်းက ယခုနှစ်ဆန်းပိုင်းအထိ အစိုးရတပ်မှ စကခ(၁၉) လက်‌အောက်ခံ အမှတ်(၁)၊ (၂)၊ (၃) ဗျူဟာသုံးခု လာ‌ရောက်တိုးချဲ့လှုပ်ရှားလျှက်ရှိ‌ကြောင်း နယ်‌မြေခံ ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များက ‌ပြောသည်။

ဗမာ၊ မွန်၊ မွတ်ဆလမ်နှင့် ကရင်လူမျိုးအများစု ‌နေထိုင်သည့် အနန်းကွင်း‌ကျေးရွာသည် ‌ကေအဲန်ယူ သတ်မှတ်ထားသည့် နယ် နိမိတ်အရ ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ်အတွင်း တည်ရှိ ပြီး ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၆) ထိန်းချုပ်နယ်‌မြေ ဖြစ် သည်။