Home သတင်း ထာဝရငြိမ်းချမ်း‌ရေးအတွက် ဗြိတိန်ဝန်ကြီး ဝီလျံဟိတ်ထံ ညီ‌နောင် ၅ပါတီ တင်ပြခဲ့

ထာဝရငြိမ်းချမ်း‌ရေးအတွက် ဗြိတိန်ဝန်ကြီး ဝီလျံဟိတ်ထံ ညီ‌နောင် ၅ပါတီ တင်ပြခဲ့

1738
ဇန်နဝါရီ ၁ဝရက်၊ ၂၀၁၂။ (‌ကေအိုင်စီ)

၁၉၉၅ ခုနှစ်‌နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ၂ရက်ကြာခရီးဖြင့် ‌ရောက်ရှိလာခဲ့သည့် ဗြိတိန်နိုင်ငံခြား‌ရေးဝန်ကြီး ဝီလျံဟိတ်ကို ထာဝရငြိမ်းချမ်း‌ရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသား ညီ‌နောင် ၅ပါတီက တင်ပြခဲ့‌ကြောင်း သိရသည်။

ဝီလျံဟိတ်သည် သူ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ‌နေပြည်‌တော်ရှိ သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်‌တော် ဥက္ကဋ္ဌ သူရဦး‌ရွှေမန်း၊ နိုင်ငံခြား‌ရေးဝန်ကြီး ဦးဝဏ္ဏ‌မောင်လွင် အပါအဝင် မြန်မာအစိုးရ‌ခေါင်း‌ဆောင်ပိုင်းတို့နှင့် ‌နေပြည်‌တော်တွင် ‌တွေ့ဆုံခဲ့ကြသည်။

ထို့အတူ ရန်ကုန်မြို့ရှိ အမျိုးသားဒီမို‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲဝင် တိုင်းရင်းသားနိုင်ငံ‌ရေး ပါတီ‌ခေါင်း‌ဆောင်များ၊ ၁၉၉ဝ ‌ရွေး‌ကောက်ပွဲအနိုင်ရ တိုင်းရင်းသား‌ခေါင်း‌ဆောင်တို့နှင့်လည်း အသီးသီး ‌တွေ့ဆုံခဲ့ကြသည်။

“‌တွေ့ဆုံချိန်က နည်း‌တော့ ဘာမှလည်း ထူးထူးခြားခြား ‌ပြောဆိုခဲ့တာမရှိဘူး‌လေ။ အဓိကက‌တော့ ထာဝရငြိမ်းချမ်း‌ရေးနဲ့ ပတ်သက် ပြီး‌တော့ ‌ပြောကြတယ်။ ကချင်‌ဒေသက တိုက်ပွဲ‌တွေ ရပ်တန့်ဖို့ ‌ပြောကြတယ်။”ဟု မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ ဥက္ကဌ နိုင် ‌ငွေသိန်း (‌ခေါ်) နိုင်ဂျနူမွန်က ‌ပြောသည်။

ဝီလျံဟိတ်အ‌နေနှင့်လည်း သူ၏ ခရီးစဉ်အတွင်း မည်သူမည်ဝါနှင့် ‌တွေ့ဆုံခဲ့ခြင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး နိုင်ငံ‌ရေးအကျဉ်း သားကိစ္စ၊ ငြိမ်းချမ်း‌ရေးကိစ္စ စသည်တို့ကို ‌ပြောဆိုခဲ့သည်ဟုလည်း သူက ‌ပြောသည်။

၎င်းအပြင် ယခုလို တိုင်းရင်းသား‌ခေါင်း‌ဆောင်များနှင့် ကိုယ်တိုင်ကိုယ်ကျ ‌တွေ့ဆုံခွင့်ရခဲ့ပြီး တိုင်းရင်းသားတို့၏ လိုအပ်ချက်၊ တင်ပြ ချက်များကို သိရှိရခြင်းအ‌ပေါ် ဝမ်းသာမိ‌ကြောင်းလည်း ‌ပြောခဲ့သည်။

တိုင်းရင်းသားညီ‌နောင် ၅ပါတီတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ၊ ရခိုင်တိုင်းရင်း သားများ တိုးတက်‌ရေးပါတီ၊ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီနှင့် ချင်းအမျိုးသားပါတီတို့ ပါဝင်ကြသည်။

မြန်မာအစိုးရနှင့် ‌တွေ့ဆုံခဲ့စဉ် ဝီလျံဟိတ်က နိုင်ငံ‌ရေးအကျဉ်းသားအားလုံး လွှတ်‌ပေးရန်နှင့် မကြာခင်ကျင်းပသည့် ကြားဖြတ်‌ရွေး ‌ကောက်ပွဲသည် အများယုံကြည်‌လောက်သည့် ‌ရွေး‌ကောက်ပွဲဖြစ်ရန်နှင့် တိုင်းရင်းသား‌ဒေသမှ ပဋိပက္ခများ ရပ်တန့်‌စေရန် ငြိမ်းချမ်း ‌ရေး ‌ဆွေး‌နွေး‌ပေးပြီး လူသားချင်း စာနာကူညီမှုများ ပြုလုပ်ရန် စသည်တို့ကို ဗြိတိန်အစိုးရက လိုလား‌နေ‌ကြောင်း ‌ပြောကြားခဲ့ သည်။