Home သတင်း ကိုယ်စားလှယ်‌လောင်းဦး‌ရေ စာရင်း ‌ကြေညာပြီးသည်နှင့် မဲဆွယ်စည်းရုံး‌ရေးကို NLD စတင်မည်

ကိုယ်စားလှယ်‌လောင်းဦး‌ရေ စာရင်း ‌ကြေညာပြီးသည်နှင့် မဲဆွယ်စည်းရုံး‌ရေးကို NLD စတင်မည်

1903
ဇန်နဝါရီ ၁၁ရက်၊ ၂၀၁၂။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကြားဖြတ်‌ရွေး‌ကောက်ပွဲ ဝင်‌ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD က ၎င်းတို့ပါတီ ကိုယ်စားလှယ်‌လောင်း ဦး‌ရေ စာရင်း ထုတ်ပြန်‌ကြေညာပြီးသည်နှင့် တပြိုင်နက် မဲဆွယ်စည်းရုံး‌ရေးလုပ်ငန်းကို စတင်‌တော့မည် ဖြစ်သည်။

NLD ‌ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “မနက်ဖြန် ကိုယ်စားလှယ်‌လောင်း‌တွေ ကျ‌နော်တို့အားလုံး စိစစ်‌တော့မယ်။ ကိုယ်စား လှယ်‌လောင်းသတ်မှတ်ပြီးရင် ကျ‌နော်တို့ အဲဒီကဲန်ပိန်း(စီမံကိန်း)စမယ်။ ကိုယ်စားလှယ်‌လောင်းအမည်စာရင်းက‌တော့ မနက် ဖြန်မှီရင် ‌ကြေညာမယ်။ မမှီရင် သန်ဘက်ခါ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ မြန်မာအစိုးရက ဧပြီလ ၁ရက်‌နေ့တွင် ကြားဖြတ်‌ရွေး‌ကောက်ပွဲ ကျင်းပ‌ပေးမည်ဟု ထုတ်ပြန်ခဲ့ပြီး‌နောက် NLD သည် ပါတီကို အသစ်ပြန်လည်ဖွဲ့စည်းကာ ကြားဖြတ်‌ရွေး‌ကောက်ပွဲ ဝင်‌ရောက်ယှဉ်ပြိုင်‌ရေးအတွက် လိုအပ်သည့် လုပ်‌ဆောင်ချက် များကို တဆင့်ချင်း ‌ဆောင်ရွက်လာခြင်းဖြစ်သည်။

ထို့အပြင် NLD သည် ကျန်လစ်လပ်‌နေသည့် မဲဆန္ဒနယ်‌မြေ ၄၈ခုစလုံးကို ဝင်‌ရောက်အ‌ရွေးခံ‌ရေး ဦး‌ဆောင်သည့်အ‌နေဖြင့် ပါတီ၏ ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းနှင့်အညီ ပါတီကို သဘာပတိအဖွဲ့နှင့် ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဟူ၍ ယမန်‌နေ့က ဦး‌ဆောင်အဖွဲ့ ၂ဖွဲ့ ပြန်လည်ဖွဲ့စည်းခဲ့သည်။

သဘာပတိအဖွဲ့တွင် ဦးတင်ဦး (နာယက)၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှ‌ဖေနှင့် ဦးညွှန့်‌ဝေ ဖြစ်ပြီး ဗဟိုအလုပ်အမှု‌ဆောင်အ ဖွဲ့တွင် ‌ဒေါ်‌အောင်ဆန်းစုကြည် (ဥက္ကဋ္ဌ)၊ ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဦးအုန်းကြိုင်၊ ဦးဟန်သာမြင့်၊ ဦးထွန်းထွန်းဟိန်း၊ ‌ဒေါက်တာ ‌မေဝင်းမြင့်တို့ဖြစ်သည်ဟု NLD က ထုတ်ပြန်ခဲ့သည်။

သို့‌သော် သဘာပတိအဖွဲ့နှင့် ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့အတွင်း လိုအပ်ပါက ပြင်ဆင်ဖြည့်စွက်သွားမည်ဟုလည်း သိရ သည်။

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှု‌ဆောင် ဥက္ကဌ ဖြစ်လာသည့် မြန်မာ့ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်း စုကြည်က ကြားဖြတ်‌ရွေး‌ကောက်ပွဲ၌ ရန်ကုန်တိုင်း၊ ‌ကော့မှူးမြို့နယ် မဲဆန္ဒနယ်‌မြေတွင် ဝင်‌ရောက်အ‌ရွေးခံမည် ဖြစ်သည်။

“သူ(‌ဒေါ်စု)‌နေတဲ့‌နေရာနဲ့ ‌နေ့ချင်းပြန် သွားလို့ရတဲ့ ‌နေရာဖြစ်တယ်။ ‌နောက်တချက်က မဖွံ့ဖြိုး‌သေးတဲ့‌နေရာကို သူသွားချင်တာ ဖြစ်တယ်။ အ‌ရွေးချယ်ခံချင်တယ်။ အဲဒီနှစ်ချက်ပါပဲ။”ဟု ဦးဉာဏ်ဝင်းက ‌ပြောသည်။

၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်အ‌ရွေးချယ်ခံရန် ငြင်းပယ်ခဲ့သည့် NLD သည် လက်ရှိ မြန်မာအစိုးရ ကျင်းပမည့် ကြားဖြတ်‌ရွေး‌ကောက်ပွဲကို ဝင်‌ရောက်ယှဉ်ပြိုင်ရန် ပြီးခဲ့သည့်လ ဒီဇင်ဘာ (၂၃)ရက်‌နေ့က နိုင်ငံ‌ရေး ပါတီမှတ်ပုံတင်ကာ ‌နေပြည်‌တော် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်တွင် ‌ဒေါ်‌အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်‌ရေးထိုးခဲ့သည်။