Home လူငယ့်အသံ လူငယ့်အမြင် လူငယ်များ၏စကားလက်‌ဆောင်

လူငယ်များ၏စကားလက်‌ဆောင်

2923

‌နော်‌ဒေးဝါးထူး ၂၁နှစ်
ပညာအရည်အချင်း အထက်တန်းလွန်
ဝါသနာ နိုင်ငံ‌ရေး

ကျမရဲ့ဇာတိက ကရင်ပြည်နယ်၊ ‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဟုမူဒဲရွာပါ။ ‌မောင်နှမ(၅)‌ယောက်ထဲမှာ ကျမက အငယ် ဆုံးပါ။ ကျမ ၂နှစ်သမီးအရွယ်ကတည်းက အ‌ဖေဆုံးသွား‌တော့ အခုဆို အ‌မေပဲရှိ‌တော့တယ်။ အ‌ဖေမရှိ‌တော့တဲ့‌နောက်မှာ အ‌ဖေရဲ့‌နေရာမှာ အ‌မေ၊ အ‌မေရဲ့‌နေရာမှာလည်း အ‌မေပဲ ဦး‌ဆောင်ရတယ်ဆို‌တော့ ကျမတို့မိသားစုအ‌ခြေအ‌နေက သိပ်မ ‌ကောင်း‌တော့ဘူး‌လေ။ ‌နောက် နယ်‌မြေအ‌ခြေအ‌နေကလည်း မတည်မငြိမ်ဖြစ်ပြီး‌တော့ ၂၀၀၆ခုနှစ်မှာ ကျမတို့ရွာက နအဖစစ် သား‌တွေက ရွာထဲမှာဝင်ပြီး အိမ်‌တွေကို မီးရှို့ဖျက်ဆီး၊ သူတို့ မိသားစု‌တွေအတွက် လိုအပ်တဲ့ ပစ္စည်း‌တွေကိုယူပြီး‌တော့ ကျမ တို့ကို ရွာက‌နေ ‌မောင်းထုတ်ပစ်တယ်။ ဒါ‌ပေမဲ့ ကျမတို့ ဘယ်မှာ‌နေရမလဲဆိုတာလည်း မ‌ပြောဘူး။ အဲဒါနဲ့ ကျမတို့ မိသားစု တစ်စုလုံး ထိုင်း-မြန်မာနယ်စပ်က အီတိုးထာ့ ကရင်ဒုက္ခသည်စခန်းမှာ ခိုလှုံ‌နေထိုင်လာခဲ့ရတယ်။

မြန်မာပြည်မှာ စ‌နေသင်း ခရစ်ယာန် ကျမ်းစာသင်‌ကျောင်းမှာ ၇တန်း၊ ဟို‌ကေ(သံလွင်ကမ်းနား)မှာ ၈တန်းကို၊ ၉တန်းမှာ‌တော့ အီတိုးထာ့မှာ ‌ကျောင်းတက်ခဲ့ရတယ်။ ၂၀၀၇ခုနှစ်မှာ မယ်လအူး ကရင်ဒုက္ခသည်စခန်းကို‌ပြောင်းပြီး အဲဒီမှာပဲ ၁ဝတန်း‌အောင် ခဲ့တယ်။ ဆယ်တန်း‌အောင်ပြီး‌တော့ ကရင်အမျိုးသမီး လူငယ်‌ခေါင်း‌ဆောင် (KYWLS)က ဖွင့်တဲ့ ၁နှစ်ကြာ နိုင်ငံ‌ရေးသင်တန်း တစ်ခုကို တက်‌ရောက်ခဲ့တယ်။ ကျမငယ်ငယ်တုန်းက ‌ကျောင်းခန်းထဲမှာ ဆရာမ‌တွေက ဘာဖြစ်ချင်လဲလို့‌မေးရင် ‌ဆေးဆရာမ ဖြစ်ချင်တယ်လို့‌ပြောတယ်။ အရွယ်‌လေး နည်းနည်း‌ရောက်လာ‌တော့ ကျမ စဉ်းစားတယ်‌ပေါ့။ ‌ဆေးဆရာမက လုပ်တဲ့သူ‌တွေ အများကြီးရှိပြီး။ ‌နောက် ကိုယ့်နိုင်ငံက မ‌အေးချမ်း‌သေးတဲ့အခါမှာ ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစား‌ပေးပြီး လုပ်ရ တာ‌ပေါ့ဆိုပြီး ‌နောက်ဆုံး ကိုယ့်အမျိုးသားလွတ်‌မြောက်‌ရေးအတွက် လုပ်မယ်လို့ ဆုံးဖြတ်တယ်။ ဒါ‌ကြောင့် နိုင်ငံ‌ရေးနဲ့ ပတ် သက်ပြီး ဆက် ‌လေ့လာသွားမယ်။

စခန်းထဲမှာ‌ကျောင်းတက်တုန်းက နိုင်ငံ‌ရေးနဲ့ပတ်သက်ပြီး‌တော့ သိပ်ပြီးမသိဘူး။ ဒီကရင်အမျိုးသမီးလူငယ်‌ခေါင်း‌ဆောင်သင် တန်း‌ကျောင်းနဲ့ အခု မျိုးဆက်သစ်‌ကျောင်းတက်မှ နိုင်ငံ‌ရေး ‌တွေး‌ခေါ်‌မြော်မြင်မှု‌တွေ သိလာတယ်။ ပြီး‌တော့ ကိုယ့်ကရင် သမိုင်းအ‌ကြောင်း‌တွေလည်း အများကြီး သိလာခဲ့တယ်။ ဒီလို‌ကျောင်းမျိုးက ကျမတို့လူငယ်‌တွေအတွက် တကယ်တက်သင့် တဲ့‌ကျောင်းတစ်‌ကျောင်း ဖြစ်တာ‌ကြောင့် တက်ကြပါလို့ ကျမ‌ပြောချင်တယ်။ ပြီး‌တော့ ကျမတို့နိုင်ငံက အခုထိ စစ်အစိုးရ အုပ် ချုပ်မှု‌အောက်မှာ မလွတ်‌မြောက်‌သေးဘူး။ ဒါ‌ကြောင့် လူငယ်တစ်‌ယောက်အ‌နေနဲ့ ကျမ‌ပြောချင်တာက‌တော့ အခုကျမတို့ ‌ခေါင်း‌ဆောင်‌တွေက အသက်ကြီး‌နေပြီ။ နိုင်ငံ‌ရေးကို ဆက်လက် တာဝန်ထမ်း‌ဆောင်ဖို့အတွက် လူငယ်‌တွေအများကြီး လိုအပ် တယ်။ အဲဒါ‌ကြောင့် ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်လွတ်‌မြောက်ဖို့အတွက် တတ်နိုင်တဲ့ဘက်က ရဲရဲဝင်လုပ်ကြပါလို့ တိုက်တွန်း ချင်ပါတယ်။