Home သတင်း ဗိုလ်မှူး‌စောဘိ၏ DKBA တပ်ဖွဲ့ ‌ကေအဲန်ယူအဖြစ်သာ ရပ်တည်သွားမည်

ဗိုလ်မှူး‌စောဘိ၏ DKBA တပ်ဖွဲ့ ‌ကေအဲန်ယူအဖြစ်သာ ရပ်တည်သွားမည်

1938
နိုဝင်ဘာလ ၁၄ရက်။ (‌ကေအိုင်စီ)

နယ်ခြား‌စောင့်တပ်မှ ခွဲထွက်ကာ ဒီ‌ကေဘီ‌အေအဖြစ် ရပ်တည်ခဲ့သည့် ကရင်ပြည်နယ် မြိုင်ကြီးငူ‌ဒေသမှ ဗိုလ်မှူး‌စောဘိ ဦးစီးသည့်တပ်ဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး(KNU) အဖြစ်သာ ဆက်လက် ရပ်တည်သွားမည်ဟု ယမန်‌နေ့က ‌ဆွေး‌နွေးခဲ့ကြသည်။

‌ကေအဲန်ယူ၏ ထိန်းချုပ်နယ်‌မြေတ‌နေရာတွင် KNU ဖားအံခရိုင်၊ သထုံခရိုင် ဥက္ကဌများ၊ တပ်မဟာ(၁)နှင့် တပ်မဟာ(၇)မှူးများ နှင့် ဒီ‌ကေဘီ‌အေ ဗိုလ်မှူး‌စောဘိတို့ မနက် ၉နာရီမှစ၍ နှစ်နာရီကြာ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြရာမှ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူ တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူးအယ်ဆဲဆဲက ယခုလို ‌ပြောသည်။

“ဗိုလ်ဘိအ‌နေနဲ့ BGF သို့မဟုတ် DKBA သို့မဟုတ် KNU အဲဒီအ‌နေအထားထဲမှာ ဘယ်လိုရပ်တည်မလဲဆိုတာ အားမနာတမ်း ပွင့်ပွင့်လင်းလင်း ‌ဆွေး‌နွေးခဲ့ကြတယ်။ ဗိုလ်ဘိက‌တော့ အစိုးရနဲ့လည်း ပြန်မ‌ပေါင်းချင်ဘူး။ ဒီ‌ကေဘီ‌အေအ‌နေနဲ့ ရပ်တည်ဖို့က လည်း ဆရာ‌တော်(ဦးသုဇန)ကို အားကိုးလို့ မဖြစ်‌တော့ဘူး။ ဒါ‌ကြောင့် ‌ရှေ့ဆက်ပြီး ‌ကေအဲန်ယူရဲ့ ညွှန်ကြားချက်‌အောက်မှာပဲ ရပ်တည် လုပ်‌ဆောင်သွား‌တော့မယ်လို့ ‌ပြောတယ်။”ဟု ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၄ရက်‌နေ့က ဒီ‌ကေဘီ‌အေသည် ၎င်းတို့ထိန်းချုပ်နယ်‌မြေတွင် တပ်မှူးညီလာခံတစ်ခု ပြုလုပ်ခဲ့ပြီး ဗိုလ်မှူး ချုပ်‌စောလားပွယ် ဦးစီး‌သော ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘော ဌာနချုပ်‌အောက်တွင် ဗိုလ်မှူး‌ကျော်သက်နှင့် ဗိုလ်မှူး‌စောဘိတို့ကို ကလို့ထူးဝါးနှင့် ကလို့ထူးလား ဗျူဟာမှူးများအဖြစ် တာဝန်‌ပေးအပ်ခဲ့သည်ဟု ဒီ‌ကေဘီ‌အေက ထုတ်‌ဖော်‌ပြောဆိုခဲ့သည်။

လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ‌ဒေသတွင် အ‌ခြေစိုက်ခဲ့သည့် နယ်ခြား‌စောင့်-BGF (၁၀၁၂) တပ်ရင်းမှူးဖြစ်ခဲ့သူ ဗိုလ်မှူး‌စောဘိသည် ယခုနှစ် ‌မေလ‌လောက်ကတည်းက အစိုးရကို ပြန်လည် တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်တွင် ‌ကေအဲန်ယူ တပ်မဟာ(၁)နှင့် တပ်မ ဟာ(၇)‌ဒေသများတွင် ၎င်း၏တပ်ဖွဲ့ဝင် အင်အား ၁၀၀‌ကျော်ဖြင့် လှုပ်ရှားလျှက်ရှိသည်။

Photo-KNU (ဒီ‌ကေဘီ‌အေ ဗိုလ်မှူး‌စောဘိနှင့် ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်အချို့၏ မှတ်တမ်းဓာတ်ပုံ)
ယမန်‌နေ့က ‌ဆွေး‌နွေးခဲ့ကြသည့်အထဲတွင် ‌ကေအဲန်ယူ တပ်မဟာ(၁)မှူး ဗိုလ်မှူးချုပ်‌ကျော်လင်း၊ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ် ‌ဂျော်နီ၊ သထုံခရိုင် ဥက္ကဌ ပဒို‌စောပန်းနု၊ ဖားအံခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေးနှင့် ဒီ‌ကေဘီ‌အေမှ ဗိုလ်မှူး‌စောဘိတို့ ပါဝင် ခဲ့ကြသည်။

ဗိုလ်မှူး‌စောဘိက ၎င်းအ‌နေဖြင့် ‌ကေအဲန်ယူမှ ‌ပေးအပ်သည့် မည်သည့်တာဝန်ကိုမဆို တပ်ခွဲမှူးဖြစ်‌စေ၊ တပ်ရင်းမှူးဖြစ်‌စေ လုပ်‌ဆောင်သွားမည် ဖြစ်‌ကြောင်း ယမန်‌နေ့က ‌ဆွေး‌နွေးချပြ ရှင်းလင်းခဲ့သည်ဟုလည်း သိရသည်။

သို့‌သော် ‌ကေအဲန်ယူ၏ တပ်ဖက်ဆိုင်ရာ စစ်ရုံးချုပ်က ဗိုလ်မှူး‌စောဘိအား မည်သည့်တာဝန် ‌ပေးအပ်မည်ကို ‌လော‌လောဆယ် မသတ်မှတ်ရ‌သေး‌ကြောင်း အမည်မ‌ဖော်လိုသူ ‌ကေအဲန်အယ်လ်‌အေ ထိပ်တန်းအရာရှိတစ်ဦးက ‌ကေအိုင်စီကို ‌ပြောသည်။

လက်ရှိအချိန်တွင် ဗိုလ်မှူး‌စောဘိက ၎င်း၏တပ်ဖွဲ့ဝင်များကို ပြန်လည်စုစည်းကာ နယ်‌မြေသတ်မှတ် လှုပ်ရှား‌ရေးအတွက် ဆက်လက် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘောတပ်ဖွဲ့မှ ဗိုလ်မှူးကြီးမို‌ရှေး ဦး‌ဆောင်‌သော ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုအဖွဲ့သည် ယခုလ ၃ရက် ‌နေ့က ကရင်ပြည်နယ် အစိုးရ၏ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုအဖွဲ့နှင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူ လက်မှတ်‌ရေးထိုးခဲ့ကြ ‌သော်လည်း အစိုးရအ‌နေဖြင့် ဗိုလ်မှူး‌စောဘိအဖွဲ့ကိုမူ လက်ခံခြင်းမရှိ‌သေး‌ကြောင်း အတည်မပြုနိုင်သည့် သတင်းများအရ သိရသည်။