Home သတင်း ရွာသားကို သူလျှိူဟု စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်

ရွာသားကို သူလျှိူဟု စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်

1822
‌အောက်တိုဘာလ ၁၈ရက်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

သျှမ်းပြည်နယ်၊ မူဆယ်မြို့နယ် မုန်း‌ပေါ်ရွာအနီး မန်ဂွတ်ရွာ၌ စစ်စိမ်း‌ရောင်ခါးပတ် ပတ်ထား‌သော ရွာသားတစ်ဦးအား သူလျှိုဟု စွပ်စွဲကာ ခမရ(၅၂၂)မှ ကွတ်ခိုင်ဗျူဟာမှူး ဗိုလ်မှူးကြီး‌စော‌ကျော်သူ၏ လက်‌အောက်ခံ တပ်သားများက ယမန်‌နေ့မနက် ၈နာရီတွင် ဖမ်းဆီး‌ခေါ်‌ဆောင်သွားခဲ့သည်။

ကိုယ်တိုင်မြင်‌တွေ့ခဲ့သူ ရွာသားတစ်ဦးက “နှစ်‌ယောက်ကို ကြိုးတုတ်ဖမ်းတာဗျ။ တစ်‌ယောက်က သူ့ဖာသာ အိမ်ထဲ‌နေ‌နေတာ။ တစ်‌ယောက်က‌တော့ စစ်စိမ်း‌ရောင်ခါးပတ်ကို ပတ်ထားလို့ သူလျှိုလို့ ‌ပြောပြီးဖမ်းတာ။ နှစ်‌ယောက်စလုံးက အိမ်‌ထောင်သည် က‌လေးအ‌ဖေ‌တွေပါ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ခမရ(၅၂၂)တပ်ရင်းရှိ တပ်ဖွဲ့ဝင် ၁၂ဝဦးမှာ ရွာတွင်းသို့ တပ်သား ၆ဝစီ နှစ်ဖွဲ့ခွဲကာ ဝင်‌ရောက်လာပြီး ၎င်းရွာသားနှစ်ဦး ကို ‌ရှေ့တန်းစစ်‌မြေပြင် မုန်းကိုး‌ဒေသဘက်သို့ ‌ခေါ်‌ဆောင်သွား‌ကြောင်းလည်း ထိုရွာသားက ဆက်လက် ‌ပြောသည်။

ထို့အပြင် ရွာသား ၄ဦးကိုလည်း စစ်‌ကြောင်းနှင့်အတူ ‌ပေါ်တာအဖြစ် ‌ခေါ်‌ဆောင်သွားခဲ့သည့်အပြင် ရွာတွင်းရှိ အိမ်‌မွေးတိရိစ္ဆာန် ကြက်၊ ဝက်နှင့် အမျိုးသမီးထဘီများကိုပါ ယူ‌ဆောင်သွား‌ကြောင်းလည်း ‌ဒေသခံတစ်ဦးက ဆိုသည်။

အလားတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌လည်း ယင်းသို့ စစ်စိမ်း‌ရောင် အသုံးအ‌ဆောင်များနှင့် ပတ်သက်၍ ခလရ(၂၉)က စစ် ‌ဆေး‌မေးမြန်းမှုများ ရှိ‌နေ‌ကြောင်း မြို့ခံဖြစ်သူ ကျန်းမာ‌ရေးဆိုင်ရာ အဲန်ဂျီအိုအဖွဲ့ Artsen Zonder Grenzen (AZG) မှ ဝန်ထမ်း တစ်ဦးက ‌ပြောသည်။

“ခုဆို စီတာပူက ကျ‌နော့်မိတ်‌ဆွေ‌တွေဆို စစ်‌ရောင် အဝတ်အစား‌တွေ၊ ပစ္စည်း‌တွေ ဝှက်ထားရတယ်။ လွှင့်ပစ်ကြတယ်။ စစ်အကျင်္ီ က ခြံအလုပ်အတွက် အဆင်‌ပြေတယ်‌လေ။ ဒါ‌ပေမဲ့ သူတို့(စစ်တပ်)က မ‌ပြောနိုင်ဘူး။ မထင်ရင် မထင်သလို လုပ်မှာ‌လေ။”ဟု ၎င်း က ‌ပြောသည်။

စီတာပူရွာသည် မြစ်ကြီးနားမြို့၏ ‌မြောက်ဖက်တွင်တည်ရှိပြီး စိုက်ပျိုး‌ရေးဖြင့် အသက်‌မွေးလုပ်ကိုင်ကြသူများမှာ များ‌သောအားဖြင့် အကြမ်းခံ‌သော စစ်‌ရောင်အကျီင်္များကိုသာ လုပ်ငန်းခွင်တွင် ဝတ်ဆင်‌လေ့ရှိကြသည်။

လက်ရှိအချိန်တွင် သျှမ်းနှင့် ကချင်ပြည်နယ်ရှိ ပြည်သူများမှာ စစ်စိမ်း‌ရောင် အသုံးအ‌ဆောင်များ‌ကြောင့် စစ်တပ်၏ ဖမ်းဆီးအ‌ရေး ယူခံရမည်ကို စိုးရိမ်ထိတ်လန့်‌နေကြသည်ဟု ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။