Home သတင်း BGF နှင့် အစိုးရတပ် ထိုင်းဘက်ခြမ်းကူးကာ ကရင်တပ်ကို ပစ်ခတ်

BGF နှင့် အစိုးရတပ် ထိုင်းဘက်ခြမ်းကူးကာ ကရင်တပ်ကို ပစ်ခတ်

1884
‌အောက်တိုဘာလ ၁၈ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

မြန်မာအစိုးရတပ်ဖွဲ့နှင့် နယ်ခြား‌စောင့်တပ်များက ထိုင်းနိုင်ငံဘက်သို့ ဝင်‌ရောက်၍ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မဲ့သ‌ဝေါ ဂွင် ‌သောင်ရင်းမြစ်ကမ်းနံ‌ဘေး၌ အ‌ခြေစိုက် လှုပ်ရှားလျှက်ရှိသည့် ကရင်ပူး‌ပေါင်းတပ်ဖွဲ့ကို ယ‌နေ့မနက် ၆နာရီ‌ကျော်တွင် လက်နက်ကြီးဖြင့် စတင် ပစ်ခတ်ကာ နှစ်ဘက် တိုက်ပွဲဖြစ်ပွားခဲ့သည်။

အချိန် ၁၅မိနစ်ကြာသည့် အဆိုပါတိုက်ပွဲတွင် BGF နှင့် အစိုးရတပ်ဖွဲ့တို့ဘက်မှ ၂ဦး ဒဏ်ရာရရှိပြီး ကရင်တပ်ဘက်မှလည်း ‌ဆေးမှူးတစ်ဦး‌ပျောက်သွား‌ကြောင်း တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော်(DKBA) ကလို့ထူးလားဗျူဟာမှ ဗိုလ်မှူး‌မောင်‌လေးက ‌ပြောသည်။

၎င်းက “သူတို့က ‌သောင်ရင်းမြစ်ဖြတ်ကူးပြီး ကျ‌နော်တို့ရှိတဲ့ မြန်မာပြည်ဘက်ခြမ်းကို RPG–7 နဲ့ ‌လေးချက်၊ M–79 နဲ့ ဆယ့် တစ်ချက် ပစ်သွားတယ်။ ကျ‌နော်တို့ဘက်ကလည်း M–79 နဲ့ ပြန်ပစ်တာ သူတို့ ပြန်ထိတယ်။”ဟု ‌ပြောသည်။

ယင်းသို့ လာ‌ရောက်ပစ်ခတ်သည့် နယ်ခြား‌စောင့် (၁၀၁၂)တပ်ဖွဲ့ဝင်များမှာ ဗိုလ်မှူး‌စောဘိ၏ လက်ကျန် တပ်ဖွဲ့ဝင်များဖြစ်ကြ ပြီး ၎င်းတို့မှာ ဒီ‌ကေဘီ‌အေအဖြစ် ပြန်လည် မရပ်တည်ဘဲ မြန်မာစစ်တပ်နှင့် ဆက်လက် ပူး‌ပေါင်း‌နေသူများ ဖြစ်သည်။

ထို့အပြင် ‌ပျောက်ဆုံး‌နေသည့် ‌ဆေးမှူးမှာ ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၂၄)မှ ဖြစ်ပြီး ‌လော‌လောဆယ် မည်သည့်‌နေရာ ‌ရောက်ရှိ‌နေသည်ကို စုံစမ်း‌နေဆဲဖြစ်‌ကြောင်းလည်း ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်‌စော‌ဂျော်နီက ‌ကေအိုင် စီသို့ ‌ပြောသည်။

ဗိုလ်မှူးချုပ်‌ဂျော်နီက “ကျ‌နော်တို့လူနှစ်‌ယောက်က မနက် ၆နာရီ‌လောက် မဲ့သ‌ဝေါဘက်ဂွင်မှာ ‌သောင်ရင်းမြစ်ထဲ ငါးရှာထွက် တယ်‌လေ။ အဲဒါကို နယ်ခြား‌စောင့်တပ်‌တွေက ထိုင်းဘက်ကမ်းကိုကူးပြီး ဗမာစစ်တပ်က ကရင်ဘက်ခြမ်းက‌နေ နှစ်ဖက်ညှပ် ပစ်‌တော့ ‌ဆေးမှူးက ‌ရေထဲပြီး ‌မျောသွားတယ်။”ဟု ဆိုသည်။

ယခုလို BGF နှင့် အစိုးရတပ်ဖွဲ့တို့ဘက်မှ ထိုင်းနိုင်ငံဘက်ခြမ်းကူးပြီး ကရင်ပူး‌ပေါင်းတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်သည်မှာ ၂၀၁၁ ခုနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။

မဲ့သ‌ဝေါဂွင်သည် ကရင့်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၇)၏ ထိန်းချုပ်နယ်‌မြေဖြစ်ပြီး ယခုအချိန်တွင် ဗိုလ်မှူးတာမ လာ ဦး‌ဆောင်သည့် KNLA နှင့် ဗိုလ်မှူး‌စောဘိ ဦး‌ဆောင်သည့် (DKBA) ကလို့ထူးလားဗျူဟာတို့ အ‌ခြေစိုက်လှုပ်ရှားလျှက်ရှိ သည်။

အလားတူ ထိုနယ်‌မြေတွင် နယ်ခြား‌စောင့်တပ်ရင်း-၁၀၁၂ နှင့် ခမရ(၃၃၉)ပူး‌ပေါင်းတပ်ဖွဲ့တို့ အ‌ခြေစိုက် လှုပ်ရှားလျှက်ရှိသည်။