Home ထိပ်တန်းသတင်း မိုင်းစစ်ဆင်‌ရေး‌ကြောင့် အစိုးရတပ်ကြပ်ကြီး ၁ဦး ကျဆုံးကာ ၅ဦးဒဏ်ရာရရှိ

မိုင်းစစ်ဆင်‌ရေး‌ကြောင့် အစိုးရတပ်ကြပ်ကြီး ၁ဦး ကျဆုံးကာ ၅ဦးဒဏ်ရာရရှိ

1711
‌အောက်တိုဘာလ ၁၉ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကရင်ပြည်နယ် မြဝတီမြို့နယ် ‌သေ့‌ဘောဘိုး‌ဒေသရှိ ‌လေး‌ဝေါ်(‌တောင်နီ)ရွာအနီးရှိ ခမရ(၂၀၃) တပ်ရင်းအား တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (DKBA)မှ ယမန်‌နေ့ည‌နေက မိုင်းစစ်ဆင်‌ရေးဖြင့် တိုက်ခိုက်ခဲ့ရာ အစိုးရတပ်ဘက်မှ တပ်ကြပ်ကြီး ၁ဦး ကျဆုံးကာ ၅ဦးမှာ ဒဏ်ရာရရှိခဲ့သည်။

DKBA ကလို့ထူးဝါးဗျူဟာမှ ဒုဗိုလ်‌စောအ‌ဆောင် ဦး‌ဆောင်သည့် တပ်ရင်း(၉၀၇) တပ်ဖွဲ့ဝင်များက ယမန်‌နေ့ည‌နေ ၅နာရီ ‌ကျော်အချိန်တွင် ‌လေး‌ဝေါ်ရွာ တံတားထိပ်၌ ခြင်းခတ်‌နေကြသည့် အစိုးရတပ်ဖွဲ့ဝင်တချို့ကို ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ကလို့ထူးဝါးဗျူဟာမှ ဗိုလ်ကြီးသရီးတူးက ယခုလို ‌ပြောသည်။

၎င်းက “မ‌နေ့ည‌နေပိုင်းအချိန်‌လောက် ‌လေး‌ဝေါ်တံတားထိပ်မှာ ‌ရေချိုးဖို့လုပ်ရင်း ခြင်းခတ်‌နေကြတဲ့ ခမရ(၂၀၃) တပ်ဖွဲ့ဝင်‌တွေ ကို ကျ‌နော်တို့က‌တွေ့လို့ ဆွဲမိုင်းနဲ့တိုက်ခိုက်ခဲ့တယ်။ အဲဒါ ရန်သူဘက်က ဒုတပ်ကြပ်၊ တပ်ကြပ် အပါအဝင် ၅‌ယောက် ဒဏ် ရာရသွားပြီး တပ်ကြပ်ကြီး ၁ဦး ‌သေဆုံးသွားတယ်လို့ မြင်‌တွေ့လိုက်သူ‌တွေကတဆင့် ကျ‌နော်တို့ ပြန်သိရတယ်။”ဟု ဆိုသည်။

ထိုတိုက်ခိုက်မှု‌ကြောင်း အစိုးရတပ်ဘက်မှ လက်နက်ကြီးငယ်များဖြင့် နာရီဝက်ခန့် ပြန်လည် ပစ်ခတ်ခဲ့‌သော်လည်း DKBA တပ် ဖွဲ့ဝင်များဘက်မှ ထိခိုက်ကျဆုံးမှု တစုံတရာ မရှိ‌ကြောင်း DKBA ဘက်က ‌ပြောသည်။

သို့‌သော် ၎င်းဆွဲမိုင်း တိုက်ခိုက်မှု‌ကြောင့် ‌သေ့‌ဘောဘိုးရွာသားတစ်ဦး ဒဏ်ရာရရှိသွားကာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဖုတ်ဖရမြို့ နယ်‌ဆေးရုံသို့ ရွာသူရွာသားများက သွား‌ရောက် ပို့‌ဆောင်ခဲ့သည်ဟု ကြားသိရ‌သော်လည်း ယခုထိ အတည်မပြုနိုင်‌သေး‌ပေ။

‌လေး‌ဝေါ်ဂွင်တဝိုက်တွင် တပ်မ(၂၂) လက်‌အောက်ခံ ခမရ(၂၀၃)၊ (၂၀၄)နှင့် အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်(ရတခ) လက် ‌အောက်ခံ ခမရ(၃၁၀)တို့ လှုပ်ရှားလျှက်ရှိပြီး ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်ရင်း(၁၀၃)နှင့် DKBA တပ်ရင်း(၉၀၇)တို့ အ‌ခြေစိုက် လှုပ်ရှား‌နေကြသည်။

အလားတူ ပြီးခဲ့သည့် ‌အောက်တိုဘာလ ၁၄ရက်‌နေ့၊ မနက် ၁ဝနာရီမှ ၁၁နာရီအထိ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အစိုးရစစ်တပ် နှင့် နယ်ခြား‌စောင့်တပ်များကို ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၇) လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များက ‌ပြောက်ကျားသုံးကြိမ် တိုက်ခိုက် ခဲ့သည်ဟု တပ်မဟာ(၇)ရုံးထိုင်မှူး ဗိုလ်မှူးအဲ့ဆဲဆဲက ‌ပြောသည်။

သူက “အဲဒီ‌နေ့မှာ ကျ‌နော်တို့လူ‌တွေက မဲ့‌ပေါ်ပ‌လောကွင်းမှာ တက်လာတဲ့ ခမရ(၅၄၅)စစ်‌ကြောင်းကို ပထမတကြိမ် ချုံခိုတိုက် တယ်။ ဒုတိယအ‌ခေါက်က ထီး‌သေ့ဟီး‌နေရာမှာ နယ်ခြား‌စောင့်(၁၀၁၄)အဖွဲ့ကို တိုက်တယ်။ ‌နောက်ဆုံးတကြိမ်က အဲဒီ မဲ့‌ပေါ် ပ‌လောမှာပဲ ခမရ(၃၃၈)နဲ့ဖြစ်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းတိုက်ခိုက်မှုများတွင် ခမရ(၅၄၅)မှ ၄ဦးကျဆုံးကာ ၅ဦးဒဏ်ရာရရှိပြီး နယ်ခြား‌စောင့်တပ်ဖွဲ့မှ ဒဏ်ရာရရှိသည့် ၄ဦးမှာ စိုးရိမ် ရသည့် အ‌ခြေအ‌နေတွင် ရှိခဲ့‌ကြောင်း သိရသည်။

‌ကေအဲန်ယူ တပ်မဟာ(၇)မှ ချုံခိုတိုက်ခိုက်ခဲ့သည့် ခမရ(၅၄၅)မှာ စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၁၂)လက်‌အောက်ခံဖြစ်ပြီး ခမရ(၃၃၈)မှာ ရတခ လက်‌အောက်ခံ တပ်ရင်းများ ဖြစ်သည်။