Home သတင်း ကရင်ပြည်နယ်အတွင်း တိုက်ပွဲဆက်ဖြစ်‌နေဆဲ

ကရင်ပြည်နယ်အတွင်း တိုက်ပွဲဆက်ဖြစ်‌နေဆဲ

1733
‌အောက်တိုဘာလ ၂၁ရက်။ ‌စောခါးစူးညား/‌စောဖိုးမူး (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBA နှင့် မြန်မာအစိုးရ တပ်ဖွဲ့တို့အကြား ‌နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။

ယ‌နေ့မနက် ၈နာရီ‌ကျော်အချိန်၌ ဝါ့မီထာ့၌ လှုပ်ရှား‌နေသည့် တပ်မ(၂၂)လက်‌အောက်ခံ ခလရ(၂၄၅) တပ်ရင်းကို DKBA ၏ ကလို့ထူး‌ဘောဗျူဟာက တိုက်ခိုက်ခဲ့သည်။ နှစ်ဘက်ထိခိုက်မှုနှင့် ပတ်သက်၍ ‌ကေအိုင်စီက ယခုထိ အတည်မပြုနိုင်‌သေး‌ပေ။

ယမန်‌နေ့ကလည်း ကွီးတာအုတွင် DKBA တပ်ဖွဲ့က မြန်မာစစ်တပ် ခလရ(၂၀၃)၊ (၂၀၄) တပ်ရင်းကို ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ ရာ တပ်ဗိုလ်တစ်ဦးနှင့် တပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု DKBA မှ ဗိုလ်မှူးဆန်း‌အောင်က ‌ကေအိုင်စီသို့ ‌ပြော သည်။

သူက “မ‌နေ့က ကျ‌နော်တို့ဘက်က ဆွဲမိုင်းနဲ့ ဆွဲ‌တော့ နှစ်ပွင့်ဗိုလ်တဦးနဲ့ တပ်သားတစ်ဦး ထိတယ်လို့ သိရတယ်။ ‌သေ မ‌သေ ‌တော့ ကျ‌နော်တို့ စုံစမ်းဆဲပဲ။”ဟု ‌ပြောသည်။

တဆက်တည်းပင် ယမန်‌နေ့ ည‌နေ၌ DKBA က မြဝတီမြို့နယ်၊ ကွီးလယ်ဆုတွင် လှုပ်ရှား‌နေသည့် ခလရ(၂၀၃)ကို စနိုက်ဘာ ‌သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ တစ်ဦး ‌သေဆုံးပြီး တစ်ဦးမှာ ‌မြေမြှုပ်မိုင်းထိကာ ဘယ်‌ခြေတစ်ဖက် ဖြတ်သွားသည်ဟု သူက ဆို သည်။

မြန်မာအစိုးရတပ်ကို ‌ပြောက်ကျားစနစ်သုံး၍ တိုက်ခိုက်သဖြင့် လတ်တ‌လော ဖြစ်ပွားသည့် တိုက်ပွဲတွင် ၎င်းတို့ဘက်မှ ထိခိုက် ဒဏ်ရာရမှု မရှိ‌ကြောင်း DKBA ဘက်က ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း၌ ယခုလို မိုးရာသီအကုန် ပွင့်လင်းရာသီ၌ မြန်မာအစိုးရတပ်ဘက်မှ စစ်‌ရေးလှုပ်ရှားမှု များလာသည်နှင့် အမျှ တိုက်ပွဲလည်း မကြာခဏ ဖြစ်ပွား‌လေ့ရှိသည်။