Home သတင်း ထိုင်းနိုင်ငံ ‌ရေကြီးမှု အရှိန်မြင့်လာ၍ ဌာ‌နေပြန်မည့် မြန်မာအလုပ်သမား များလာ

ထိုင်းနိုင်ငံ ‌ရေကြီးမှု အရှိန်မြင့်လာ၍ ဌာ‌နေပြန်မည့် မြန်မာအလုပ်သမား များလာ

2278
‌အောက်တိုဘာလ ၂ဝရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ထိုင်းနိုင်ငံတွင် ‌ရေကြီးမှု အရှိန်မြှင့်လာသည်နှင့်အမျှ ဘန်‌ကောက်မြို့အနီးရှိ စက်ရုံ အလုပ်ရုံ အများစုမှ မြန်မာအလုပ်သမား များသည် ယခုအပတ်အတွင်း ဌာ‌နေပြန်သူ များလာသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂လက ဘန်‌ကောက်ရှိ ဆည်များ ‌ရေ‌ဖောက်ချခံရပြီး‌နောက် ‌ရေကြီးမှု စတင် ဖြစ်ပွားကာ ယခုထိ ‌ရေပြန်မကျသည့် အပြင် ‌ရေများ ထပ်မံတက်လာသည့်အတွက် မြန်မာအလုပ်သမား အလုပ်မဆင်းနိုင်ဘဲ ဌာ‌နေပြန်ရန် စဉ်းစားလာခဲ့ကြခြင်း ဖြစ် သည်။

ဘန်‌ကောက်မြို့အနီးရှိ စမွတ်ဆာခွန်စက်မှုဇုံ အိမ်သုံးပရိ‌ဘောဂစက်ရုံမှ အလုပ်သမား ‌စောဖီး‌ကျော် ဆိုသူက “မနက် မနက်ဆို ရင် မြန်မာပြည်ကို ပြန်တဲ့ အလုပ်သမား‌တွေကို လာကြိုတာ ကားဆိုရင် လူအပြည့်ပဲ။ ကားက‌တော့ လိုင်းကား‌ကော၊ ဒတ်ဆန်း ကား‌ကောပဲ။ တစ်ရက်ဆိုရင် ဆယ်စီး‌ကျော်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလုပ်သမား ၃၀၀‌ကျော်ရှိ ၎င်းအလုပ်ရုံတွင် ဌာ‌နေပြန်သူ ၂ဝဦး‌ကျော်ရှိပြီး စမွတ်ဆာခွန်စက်မှုဇုံနှင့် ကပ်လျှက်ရှိသည့် ပထုံဌာ နီရပ်ကွက်မှ အလုပ်ရုံများတွင် ပြန်သည့်အလုပ်သမား အများဆုံးဖြစ်သည်ဟု သူက ဆက်‌ပြောသည်။

မြန်မာပြည် ပြန်သူများတွင် အလုပ်သမားမှတ်ပုံတင်ကဒ် ရှိသူများသည် ခရီးစရိတ် ထိုင်းဘတ်‌ငွေ ၅၀ဝမှ ၆၀ဝအထိ ကုန်ကျ ကာ လိုင်းကားစီး ပြန်နိုင်‌သော်လည်း ကဒ်မရှိသူများအတွက်မူ ကယ်ရီမှတဆင့် ဒတ်ဆန်းကားဖြင့် ဘတ်‌ငွေ ၄,၀၀ဝ မှ ၅,၀၀ဝ အထိ ကားခ‌ပေးရသည်ဟုလည်း သူက ရှင်းပြသည်။

သို့‌သော် ထိုင်းဘတ်‌ငွေ မရှိသူများအဖို့မူ အလုပ်မလုပ်နိုင်သည့်အပြင် ဌာ‌နေပြန်ရန်လည်း အခက်အခဲရှိပြီး ခိုလှုံရန်‌နေရာနှင့် စားနပ်ရိက္ခာပြဿနာများ ရင်ဆိုင်‌နေရသည်ဟု သိရသည်။

ပထုံဌာနီရပ်ကွက်ရှိ ကွတ်တီယိုဆိုင်ကြီးတခုတွင် အလုပ်လုပ်သူ ‌စောဖိုး‌ချောကလည်း “ကျ‌နော်တို့ဆိုင်မှာ ဒီည‌နေပဲ ပြန်တဲ့သူ သုံး‌လေး‌ယောက်‌လောက် ရှိတယ်။ ‌ရေကြီးလို့ အလုပ်မလုပ်နိုင်တာလည်း တစ်လနီးပါး‌လောက် ရှိပြီ။”ဟု ‌ပြောသည်။

ဆက်လက်၍ ၎င်း‌နေထိုင်သည့် တိုက်ခန်းတွင် ‌ရေများ တဖြည်းဖြည်းတက်လာသဖြင့် တိုက်ခန်းအ‌ပေါ်ထပ်သို့ ‌ပြောင်း‌နေရပြီး ယခုထက်ပို၍ ဆိုးဝါးလာပါက ရွာပြန်မည်ဖြစ်‌ကြောင်း သူက ဆိုသည်။ ၎င်းအပြင် ‌ရေကြီးသည့်‌ဒေသတွင် လုပ်ကိုင်‌နေသူ မြန် မာအလုပ်သမားများ၏ မိသားစုများကလည်း ‌နေရပ်ပြန်လာကြရန် မြန်မာပြည်တွင်းမှ ဖုန်းဆက်အ‌ကြောင်းကြားခဲ့ကြသည်။

ထိုင်းနိုင်ငံအတွင်းရှိ ခရိုင် ၇၇ခုအနက် ၆၁ခုမှာ ‌ရေကြီးမှုဒဏ် ခံ‌နေရပြီး လူဦး‌ရေ ၈၂သိန်း‌ကျော် ‌ရေ‌ဘေးနှင့် ရင်ဆိုင်‌နေရကာ ‌သေဆုံးသူ ၃၀၀‌ကျော် ရှိပြီဟု ယခုလ ၁၇ရက်တွင် ထိုင်းနိုင်ငံ၊ ရုပ်သံလွှင့်ဌာနများက သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံရှိ အယုဒ္ဓယမြို့ အပါအဝင် ချိုင်နက်နှင့် နခွန်စဝန်မြို့များတွင် ‌ရေကြီးမှုဒဏ်ကို ဆိုးဆိုးဝါးဝါး ခံ‌နေရပြီး အိမ် ‌ခြေ ၈သိန်း‌ကျော် ‌ရေ‌အောက်နစ်မြုပ်‌နေသည်ဟုလည်း သိရသည်။