Home ထိပ်တန်းသတင်း တုပ်‌ကွေးဖြစ်ပွား‌နေသည့် ကိုယ်ထူကိုယ်ထ‌ကျောင်းမှ က‌လေးငယ် ၄၀‌ကျော် ‌ဆေးဝါးလိုအပ်‌နေ

တုပ်‌ကွေးဖြစ်ပွား‌နေသည့် ကိုယ်ထူကိုယ်ထ‌ကျောင်းမှ က‌လေးငယ် ၄၀‌ကျော် ‌ဆေးဝါးလိုအပ်‌နေ

1731
စက်တင်ဘာလ ၈ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ စီဖိုးခီး‌ကျေးရွာ၌ တုပ်‌ကွေး‌ရောဂါ ကူးစက်ဖြစ်ပွား‌နေသည့် ကိုယ်ထူကိုယ်ထ မူလ တန်း‌ကျောင်းမှ က‌လေးငယ်‌ပေါင်း ၄၀‌ကျော်အတွက် ‌ဆေးဝါးလိုအပ်လျက်ရှိသည်။

တုပ်‌ကွေး‌ရောဂါ ကူးစက်ခံရသူများမှာ ထို‌ကျောင်း၏ ‌ဘော်ဒါ‌ဆောင်နှင့် ရွာတွင်းမှ က‌လေးငယ်များဖြစ်ကြပြီး ယခုလဆန်းပိုင်း မှစ၍ နှာ‌စေးခြင်း၊ ‌ချောင်းဆိုးခြင်းများ စတင်ဖြစ်ပွားခဲ့ကာ ယခုအချိန်တွင် ‌ကျောင်းသူ‌ကျောင်းသားများသာမက စီဖိုးခီး‌ကျေးရွာ အတွင်းရှိ က‌လေးလူကြီးများပါမကျန် နီးစပ်ရာ ‌ကျေးရွာများအထိ ကူးစက်ပြန့်ပွားလျက်ရှိသည်ဟု ရွာခံများ၏ ‌ပြောပြချက်အရ သိရသည်။

စီဖိုးခီး‌ကျောင်းအုပ် ‌စောမူးက‌ပေါ်က “ရွာမှာ‌ကော ဒီနားက ရွာ‌တွေမှာပါ ဘာ‌ဆေး‌ပေးခန်းမှမရှိဘူး။ အရင်က‌တော့ ပါရာစီတ ‌မော့‌ဆေးပဲ ဝယ်‌သောက်‌နေကြတယ်။ အခု‌တော့ ပါရာလည်း ကုန်ပြီ။ ဘာ‌ဆေးမှလည်း မရှိ‌တော့ဘူး။ က‌လေး‌တွေ‌ကော လူကြီး‌တွေ‌ကော တ‌နေ့ထက်တ‌နေ့ ပိုပြီး အဖြစ်များလာတယ်။”ဟု ‌ပြောသည်။

လတ်တ‌လော အ‌ခြေအ‌နေတွင် စာသင်‌ကျောင်းကို ပိတ်ထားခြင်း မရှိ‌သော်လည်း ဖျားနာပြီး တုပ်‌ကွေးဖြစ်ပွားသူ က‌လေးများ မှာ ‌ကျောင်းတက်နိုင်ခြင်း မရှိဟုလည်း ဆရာ‌စောမူးက‌ပေါ်က ‌ပြောသည်။ “‌ကျောင်းတက်နိုင်တဲ့ က‌လေး‌တွေက‌တော့ တက် ‌နေကြတယ်။ တချို့ကျ‌တော့လည်း ‌ကျောင်းမတက်နိုင်ကြဘူး။”ဟု ဆိုသည်။

တုပ်‌ကွေး‌ရောဂါ ဖြစ်ပွား‌နေသူများသည် ကိုယ်ပူခြင်း၊ ‌ချောင်းဆိုးခြင်း၊ နှာ‌စေးခြင်း၊ လည်‌ချောင်းနာခြင်း စသည့်လက္ခဏာများ ပြသည်ဟုလည်း ၎င်းက ဆက်‌ပြောသည်။

စီဖိုးခီးရွာနှင့် အနီးတဝိုက် နယ်‌မြေများသည် ၂၀၀၉ခုနှစ်က ‌ကေအဲန်ယူ တပ်မဟာ(၇)ကို နအဖနှင့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင် များ ထိုးစစ်ဆင်ချိန်က လှုပ်ရှားခဲ့သည့် ‌ဒေသများဖြစ်ပြီး ယခုအချိန်ထိ ‌ကောင်းမွန်သည့် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု မလုပ် ‌ဆောင်ရ‌သေး‌ပေ။

ယခုဖြစ်ပွားသည့် တုပ်‌ကွေးမှာ ရာသီအလိုက်ဖြစ်‌လေ့ရှိသည့် ‌ရောဂါသာဖြစ်ပြီး ‌ရောဂါကူးစက်မှု မများ‌စေရန် ပညာ‌ပေးမှုများ လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန၏ ဒုတာဝန်ခံ ဆရာ‌စောအဲကလူက ယခုလို ‌ပြော သည်။

Photo-KIC (ပိုင်ကျုံမြို့နယ်အတွင်းရှိ နယ်စပ်‌ဒေသတစ်‌နေရာ)

“ဒီရာသီကလည်း မိုးဆက်တိုက်ရွာ‌နေ‌တော့ လူကြီးလူငယ် ဖျားနာကြတာပဲ။ ဒီ‌ရောဂါက အသက်အန္တရာယ် ဖြစ်‌လောက်တဲ့အ ထိ မရှိပါဘူး။ အဲဒီနယ်‌မြေမှာ ရှိ‌နေတဲ့ ကျ‌နော်တို့ရဲ့‌ဆေးမှူးနဲ့ ဆက်သွယ်ပြီး ‌ဆေးဝါး‌တွေ ပို့‌ဆောင်‌ပေးသွားဖို့ ကျ‌နော်တို့ စီစဉ် ‌နေပါတယ်။”ဟု ဆိုသည်။

စီဖိုးခီးရွာ စာသင်‌ကျောင်းကို ၂၀၀၁ခုနှစ်၊ ‌မေလ ၂၅ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး စီဖိုးခီး အပါအဝင် အနီးဝန်းကျင်ရှိ ဝါးမီက လား၊ ဝဲ့‌ကျော်ကလိုး၊ ပနွဲ့ပူ၊ ပို‌ပေါ့‌လေး၊ ဝါ့ပူကလိုးနှင့် ပတာ စသည့်ရွာ ၇ရွာမှ ‌ကျောင်းသူ‌ကျောင်းသား‌ပေါင်း ၈၀‌ကျော် ပညာသင်ကြား‌နေကြသည်။