Home ဆောင်းပါး ၆၁နှစ်တိုင်ခဲ့ပြီ ‌နေ့ထူး‌နေ့မြတ် ကရင့်အာဇာနည်

၆၁နှစ်တိုင်ခဲ့ပြီ ‌နေ့ထူး‌နေ့မြတ် ကရင့်အာဇာနည်

2165
ဩဂုတ်လ ၁၂ရက်။ ‌ခေါင်ဆူလိုင့်

“အခမ်းအနားမှာ အာဇာနည်‌နေ့အ‌ကြောင်း ‌ပြောရင် ရင်ထဲမှာ အလုံးကြီး ဆို့တက်လာတယ်။ အသက်ရှူလည်း မဝ‌တော့ဘူး ဖြစ်လာတယ်။ အဲလိုဖြစ်တာ ၂နှစ်ရှိပြီ။ ဒီနှစ်‌တော့ ကျ‌နော့်ကို အာဇာနည်‌နေ့ အခမ်းအနားမှာ ‌ပြောခိုင်းရင်‌တော့ မ‌ပြော‌တော့ ဘူး။ မဟုတ်ရင် ‌စောဘဦးကြီးလို အာဇာနည်ဖြစ်သွားအုံးမယ်။”

အသက် ၈၄နှစ်အရွယ်ရှိ ကရင်အမျိုးသား လွတ်‌မြောက်‌ရေး တပ်မ‌တော်(KNLA)မှ ဒုတိယ ဗိုလ်မှူးကြီး‌စောဒူးက သူ့ရဲ့ခံစား ချက်နှင့် ခံနိုင်ရည်အား ‌လျော့နည်းလာမှုကို ‌ပြောပြသည်။

၁၉၅ဝခုနှစ် ဩဂုတ်လ ၁၂ရက်‌နေ့က ဖဆပလတပ်များ၏ တိုက်ခိုက်မှု‌ကြောင့် ကရင်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီးတို့ ကျဆုံးသွားခဲ့သည့်‌နေ့ကို ကရင့်အမျိုးသားအာဇာနည်‌နေ့အဖြစ် သတ်မှတ်သွားရန် ၁၉၅၁ခုနှစ်၊ ဧပြီလက ကျင်းပခဲ့သည့် Karen Government Body-KGB အစည်းအ‌ဝေးတွင် ဆုံးဖြတ်အတည်ပြုခဲ့ပြီး ထိုနှစ်မှစ၍ ယ‌နေ့အချိန်ထိ ပြုလုပ်လာခဲ့သည် မှာ ယ‌နေ့ဆိုလျှင် ၆၁နှစ်ပြည့်‌မြောက်ခဲ့ပြီ ဖြစ်သည်။

နဘူးမြို့နယ်၊ ထီးစံရွာ ကရင်ရွာသား ‌စော‌မောင်အဲ၏ သတင်း‌ပေးမှု‌ကြောင့် ဗိုလ်စိန်လွင် ဦး‌ဆောင်သည့် ဖဆပလ တပ်စုတစု သည် KNU ‌ခေါင်း‌ဆောင် ‌စောဘဦးကြီးတို့ရှိရာ ကရင်ပြည်နယ် (ယခင် ‌မော်လမြိုင်ခရိုင်) နဘူးမြို့နယ်၊ ထို‌ကော်ကိုး‌ကျေးရွာ အနီးရှိ လယ်တဲကို ၁၉၅ဝခုနှစ်၊ ဩဂုတ်လ ၁၂ရက်‌နေ့ မနက်‌ဝေလီ‌ဝေလင်းအချိန်၌ အလစ် ဝင်‌ရောက်တိုက်ခိုက်ခဲ့ရာ ရန်သူ ကို ခုခံတိုက်ခိုက်ရင်း ‌စောဘဦးကြီး၊ ဗိုလ်ချုပ်စိုင်း‌ကေ၊ ဗိုလ်ကြီး‌လေး‌တောနှင့် ဆရာ‌ဝေါ‌လေ အပါအဝင် တပ်ဖွဲ့ဝင် ၈ဦးတို့ ကျ ဆုံးခဲ့ရသည်။

ထိုအချိန်က အသက် ၂၃နှစ်သာရှိ‌သေးသည့် ဒုဗိုလ်မှူးကြီး‌စောဒူးမှာ ကရင့်လွတ်‌မြောက်‌ရေးတပ်ဦး(Karen Armed Forces-KAF)၏ တပ်စုမှူး(ထိုအချိန်က ဒုခွဲမှူးတာဝန်)ဖြင့် မုန်းမြို့နယ်တွင် လှုပ်ရှား‌နေရင်း ‌စောဘဦးကြီးတို့ ကျဆုံးမှုကို သတင်းစာ တွင် ဖတ်ရှုသိရှိခဲ့သည်ဟုလည်း သူက ‌ပြောဆိုသည်။

“အမှန်‌တော့ ကရင်အချင်းချင်း သစ္စာ‌ဖောက်လို့ ‌စောဘဦးကြီးတို့ ‌သေရတာ။ အဲဒီအချိန်တုန်းက ကျ‌နော်က မုန်းမြို့နယ်မှာ ကညွှတ်ကွင်း မီးရထားလမ်းမှာရှိတဲ့ ရန်သူတပ်စိတ်တစိတ်ကို သွားတိုက်ဖို့ ပြင်ဆင်ချိန်။ ‌ကြေးမုံသတင်းစာထဲမှာ ‌စောဘဦးကြီး ကျဆုံးတဲ့သတင်းကို ‌တွေ့လိုက်ရတယ်။ ‌နေ့ရက်နဲ့ သတင်း‌ခေါင်းစဉ်ကို‌တော့ ကျ‌နော် မမှတ်မိ‌တော့ဘူး။ သတင်းစာထဲက ဓာတ်ပုံဟာ ‌စောဘဦးကြီးအ‌လောင်းကို ယူနီ‌ဖောင်းဝတ် အစိုးရစစ်တပ်က တရွတ်တိုက်ဆွဲလာ‌နေတဲ့ပုံ‌လေ။”

အာဇာနည်ဟု ဆိုရာတွင် အများအကျိုး၊ မိမိအမျိုးသားများ အကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ ဘဝတစ်ခုလုံး အပ်နှံ ရင်း တိုက်ပွဲဝင်ကာ ကျဆုံးသွားသူများကို အာဇာနည်အဖြစ် သတ်မှတ်‌လေ့ရှိကြသည်။

ကရင့်အမျိုးသားအာဇာနည် ‌စောဘဦးကြီးကို ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင် ဘဲဂယက်‌ကျေးရွာတွင် ၁၉၀၅ခုနှစ်က ဖွားမြင်ခဲ့ သည်။ သူသည် ၁၉၄၂ခုနှစ် ဂျပန်‌ခေတ်က ဖြစ်ပွားခဲ့သည့် ကရင်-ဗမာ အဓိကရုဏ်းတွင် အသတ်ခံရ‌သော ကရင်အမျိုးသား ပါလီမန်အမတ် ‌စော‌ဖေသာ၏ ဝမ်းကွဲညီအစ်ကိုအရင်း ဖြစ်သည်။

ဖခင် ‌မြေပိုင်ရှင်ကြီး ‌စောသာမြတ်ကြီး၏ သားဖြစ်၍ ပုသိမ်မြို့၊ နီ‌ကောလ်(ကိုသာဖြူ)‌ကျောင်းတွင် အထက်တန်း၊ ‌မော်လမြိုင်ရှိ မစ္စတာဝက်ဒက်စမွန်‌ကျောင်းတွင် အထူးအဂင်္လိပ်စာသင်ကြားပြီး‌နောက်ပိုင်း ဗြိတိန်သို့ သွား‌ရောက်ပညာသင်ကြားကာ ဝတ်လုံ ဘွဲ့(ဥပ‌ဒေ)ကို ရရှိခဲ့သူဖြစ်သည်။

၁၉၄၉ခုနှစ်ကတည်းက ကရင့်‌တော်လှန်‌ရေးတွင် ‌တောက်‌လျှောက် ပါဝင်လာခဲ့ပြီး ၁၉၅ဝခုနှစ်၊ ဖာပွန်ကွန်ဂရက်တွင် ၎င်း‌ပြော ဆိုခဲ့သည့် “လက်နက်ချစကား အလျင်းမ‌ပြောရ။ မိမိလက်နက် မိမိလက်ထဲတွင် ရှိရမည်။ ကရင်ပြည် ပြီးပြည့်စုံရမည်။ ကရင့် ကံကြမ္မာ ကရင်ဖန်တီးရမည်။” ဆိုသည့်စကား‌လေးရပ်ကို ‌တော်လှန်‌ရေး၏ မူ‌လေးချက်အဖြစ် ‌ကေအဲန်ယူ အပါအဝင် ကရင် လူထုတစ်ရပ်လုံးက ယ‌နေ့ထက်တိုင် ကိုင်စွဲလာခဲ့ကြသည်။

သို့‌သော် ကရင့်အာဇာနည်‌နေ့သည် ကရင်အမျိုးသား လက်နက်ကိုင် ‌တော်လှန်‌ရေးသမားများနှင့် ကရင်ပြည်သူလူထု၊ လူတန်း စား အဖွဲ့အစည်းများ၏ ပြဌာန်းချက်ဖြစ်၍ ဗမာပြည်ကို အုပ်ချုပ်လာခဲ့‌သော အုပ်စိုးသူအဆက်ဆက်က ယ‌နေ့ထက်တိုင် လက် ခံအတည်ပြုခြင်း မရှိခဲ့။

ကရင့်‌တော်လှန်‌ရေး နယ်‌မြေ‌ဒေသများတွင် အာဇာနည်‌နေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြရာ၌ အလံ‌တော်လွှင့်ထူခြင်း၊ အာဇာ နည်‌ကျောက်တိုင်တွင် ကျဆုံးသွားသူများအား အ‌လေးပြုခြင်း၊ ဘာသာအလိုက် ဝတ်ပြုဆု‌တောင်းခြင်း၊ ဂုဏ်ပြု‌တေးသီချင်းများ နှင့် လွမ်းသူ့ပန်း‌ခွေချခြင်း စသည့်အစီအစဉ်များကို ဗဟိုအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် တပုံစံတည်း ပြုလုပ်‌လေ့ရှိကြ သည်။

(‌ကေအဲန်အယ်လ်‌အေ ဒုဗိုလ်မှူးကြီး‌စောဒူး)
နှစ်‌ပေါင်း ၆၀‌ကျော် ကြာမြင့်ခဲ့သည့် ကရင့်‌တော်လှန်‌ရေးသက်တမ်းတ‌လျှောက် အချိုးအ‌ကွေ့၊ အထိအခိုက်၊ အကျအဆုံးများ နှင့် အာဇာနည်များစွာ အသက်‌ပေးဆပ်ခဲ့ကြရသည်။ လက်နက်ခဲယမ်း၊ စစ်သည်အင်အား ‌လျော့နည်းခဲ့ရသည်။ သို့‌သော် အာ ဇာနည်စိတ်ဓာတ်ဖြင့် ကရင့်‌တော်လှန်‌ရေးစစ်သည်များ၏ စိတ်ခွန်အားမှာ မ‌လျော့ပါးခဲ့ကြ။

ယ‌နေ့ ကျ‌ရောက်သည့် ၆၁နှစ်‌မြောက် အာဇာနည်‌နေ့ကို ‌ကေအဲန်ယူ တပ်မဟာ၊ တပ်ရင်းများ အသီးသီးတွင် ဝတ်ပြုဆု‌တောင်း ပွဲ၊ ‌ဟော‌ပြောပွဲ၊ အခမ်းအနား စသည်ဖြင့် ပြုလုပ်ခဲ့ကြရာ၌ နယ်ခြား‌စောင့်တပ်ကို ဆန့်ကျင်၊ ‌တော်လှန်ခဲ့သူ ဒီ‌ကေဘီ‌အေ တပ် ဖွဲ့ဝင်များလည်း စု‌ပေါင်းပါဝင် ဆင်နွဲခဲ့ကြသဖြင့် ဤသည်မှာ ဆယ်စုနှစ်‌ကျော်ကြာ ကွဲပြားလာမှုများ၏ ပြန်လည်စုစည်းမှု အင် အားတစ်ရပ်ပင်ဖြစ်သည်။

‌ကေအဲန်ယူ တပ်မဟာ(၇)နှင့် ပြန်လည်ပူး‌ပေါင်းခဲ့သည့် နယ်ခြား‌စောင့်တပ်(၁၀၁၂)မှ တပ်ခွဲ(၃) ဒုခွဲမှူး တပ်ကြပ်ကြီး‌စောဒို့‌စေး က “ကျ‌နော့်အတွက်က ကရင်အာဇာနည်‌နေ့ဟာ အခု ပထမဆုံးအကြိမ် အ‌တွေ့အကြုံပဲ။ ဒီ‌ကေဘီ‌အေမှာတုန်းက အစိုးရက လုပ်ခွင့်မ‌ပေးဘူး။ အခု ‌ဟော‌ပြောပွဲဟာ ကျ‌နော့်အတွက်‌တော့ စိတ်အားထက်သန်မှုရလာပြီး ဆက်လက် တိုက်ပွဲဝင်ဖို့အတွက် စိတ်ဓာတ်လည်း ပိုမို ခိုင်မာလာတယ်။”ဟု ဆိုသည်။

၁၉၉၄ခုနှစ်က ‌ကေအဲန်ယူမှ ခွဲထွက်ကာ စစ်အစိုးရလက်‌အောက်တွင် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော် (DKBA)အဖြစ် ၁၅နှစ်ကြာ ရပ်တည်လာခဲ့သည့်တစ်‌လျှောက် အာဇာနည်‌နေ့ဆိုသည်ကို ကြားပင်မကြားဖူးခဲ့ဘဲ နှစ်သစ်ကူး‌နေ့၊ ဒီ‌ကေဘီ‌အေ‌နေ့များကိုသာ ကျင်းပခဲ့ရခြင်းဖြစ်‌ကြောင်း ‌စောဒို့‌စေးက ‌ပြောသည်။

ကရင့်‌တော်လှန်‌ရေးတွင် ‌စောစံဖိုးသင်၊ ‌စောဟန်တာသာ‌မွှေး၊ ‌စောဘဦးကြီး၊ မန်းဘဇန်၊ ဗိုလ်ချုပ်ကြီး‌စောဘိုမြ၊ ‌စောဘသင်စိန် နှင့် လက်ရှိ ဗိုလ်ချုပ်ကြီး‌စောတာမလာ‌ဘောတို့သည် ‌ကေအဲန်ယူ၏ ဥက္ကဌများအဖြစ် အဆင့်ဆင့် တာဝန်ယူလာခဲ့ကြသည်။

အလားတူ ဗမာပြည်တွင်း၌လည်း စစ်အုပ်စု အဆက်ဆက်ဖြစ်သည့် မဆလ၊ နဝတ၊ နအဖနှင့် ယခု ကြံ့ဖွံ့အစိုးရ လက်ထက် တိုင်‌အောင် တိုင်းရင်းသားများမှာ ကိုယ်ပိုင်လွတ်လပ်ခွင့် မရရှိကြ‌သေးဘဲ ‌တော်လှန်သူများအဖြစ်သာ ဆက်လက် တည်ရှိ‌နေ ရင်း အမျိုးသား ‌တော်လှန်‌ရေး‌နေ့၊ အမျိုးသား အာဇာနည်‌နေ့၊ အမျိုးသား တပ်မ‌တော်‌နေ့ကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပခွင့် မရရှိ‌သေးဘဲ ဖြစ်‌နေသည်။

(‌ကေအဲန်အယ်လ်‌အေ တပ်မဟာ ၇ တပ်ဖွဲ့ဝင်တစ်ဦး)
သို့‌သော် ၂၀၀၆ခုနှစ်မှစ၍ နယ်စပ်မှ တတိယနိုင်ငံများသို့ ‌ရောက်ရှိသွားကြသည့် ကရင်လူမျိုးများက မိမိတို့‌ရောက်ရှိရာ နိုင်ငံ များတွင် လူမျိုးတစ်မျိုး၏ ဂုဏ်အဂင်္ါရပ်နှင့် သမိုင်းများကို ထိန်းသိမ်းသည့်အ‌နေဖြင့် နှစ်သစ်ကူး၊ လက်ချည်ပွဲ စသည့် ရိုးရာယဉ် ‌ကျေးမှု ပွဲ‌တော်များအပြင် ကရင့်အာဇာနည်‌နေ့ကိုလည်း ကျင်းပ‌နေကြပြီး ဖြစ်သည်။

ယခုနှစ် အာဇာနည်‌နေ့အတွက် ထုတ်ပြန်သည့် ‌ကေအဲန်ယူ ဥက္ကဌ ‌စောတာမလာ‌ဘော၏မိန့်ခွန်းတွင် ကရင်အမျိုးသားများ သည် စစ်အာဏာရှင်တို့၏ ဖိနှိပ်အုပ်ချုပ်မှု‌အောက်မှ လွတ်‌မြောက်ရန် ကြိုးစား‌သော်လည်းပဲ ယ‌နေ့အထိ ‌အောင်မြင်မှုပန်းတိုင် သို့ မ‌ရောက်ရှိ‌သေးသည့်အတွက် ‌စောဘဦးကြီးကဲ့သို့‌သော အာဇာနည်များ ‌သွေး၊ ‌ချွေးဖြင့် ခင်းထားသည့် ‌တော်လှန်‌ရေးခရီး လမ်းကို ဆက်လက် ‌လျှောက်လှမ်းသွားရမည်ဖြစ်သည်ဟု ‌ပြောဆိုထားသည်။

‌ကေအဲန်အယ်လ်‌အေ ဒုဗိုလ်မှူးကြီး‌စောဒူးအ‌နေဖြင့်လည်း လက်ရှိ အစိုးရတပ်ကို ‌တော်လှန်ရင်ဆိုင်‌နေသည့် ကရင့်‌တော်လှန် ‌ရေး တပ်မှူးတပ်သားများကို အာဇာနည်များ၏ ရည်မှန်းချက်အတိုင်း ဆက်လက်‌လျှောက်လှမ်းသွားရန် ယခုကဲ့သို့ တိုက်တွန်း ‌ပြောဆိုလိုက်သည်။

“အာဇာနည်‌တွေ အသက်‌ပေးသွားတဲ့အ‌ပေါ်မှာ သူတို့က တာဝန်‌ကျေပြီ။ ကျန်‌နေတဲ့ ကျ‌နော်တို့ တပ်မှူးတပ်သား‌တွေက‌တော့ တာဝန်မ‌ကျေ‌သေးဘူး။ အာဇာနည်‌တွေရဲ့ ရည်မှန်းချက်မ‌ပျောက်‌အောင် အမျိုးသား‌ရေးတာဝန်ကို ထမ်း‌ဆောင်သွားရမယ်။ ကျ‌နော်တို့တ‌တွေ တာဝန်‌ကျေရမယ်။”

(၆၁နှစ်‌မြောက် အာဇာနည်‌နေ့ အခမ်းအနားတွင်‌တွေ့ရသည့် က‌လေးငယ်များ)

ပညာ‌ရေးဝန်ထမ်း ကရင်လူငယ်တစ်ဦးက “ဒီလို အာဇာနည်‌နေ့ အခါသမယကြီးမှာ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက် ‌သွေး ခန္ဓာကိုယ် ‌ပေးလှူသွားခဲ့တဲ့ ‌ခေါင်း‌ဆောင်ကြီး‌တွေ၊ ရဲ‌ဘော် ရဲ‌မေ‌တွေနဲ့ ပြည်သူလူထုအားလုံးကို ဂုဏ်ပြုပါတယ်။ တဆက် တည်းမှာပဲ ဒီမပြီးဆုံး‌သေးတဲ့ ‌တော်လှန်‌ရေးခရီးကို ဆက်လက် ‌လျှောက်လှမ်းပြီး အာဇာနည်‌တွေ ‌မျှော်မှန်းချက်ထားတဲ့ ပန်း တိုင်‌ရောက်‌အောင် ကြိုးစား‌ဆောင်ရွက်သွားရမယ်။”

“မျိုးချစ်အာဇာနည်များ ‌ကောင်းရာ သုဂတိလားပါ‌စေ။”