Home ထိပ်တန်းသတင်း ‌ချောင်း‌ရေမြင့်တက်လာမှု‌ကြောင့် မယ်ရာမိုဒုက္ခသည်‌နေအိမ် ၃၀၀‌ကျော် ‌ရေနစ်မြုပ်သွား

‌ချောင်း‌ရေမြင့်တက်လာမှု‌ကြောင့် မယ်ရာမိုဒုက္ခသည်‌နေအိမ် ၃၀၀‌ကျော် ‌ရေနစ်မြုပ်သွား

1748
ဩဂုတ်လ ၄ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မယ်ရာမို ဒုက္ခသည်စခန်းအတွင်းရှိ မှိုင်းလုံးကြီး(မူယူ)‌ချောင်း‌ရေ မြင့်တက်လာမှု‌ကြောင့် ဒုက္ခသည်‌နေအိမ် ‌ပေါင်း ၃၀၀‌ကျော် ‌ရေနစ်မြုပ်သွားကာ ရိက္ခာဂို‌ဒေါင် ၃လုံးလည်း ပြီးခဲ့သည့် ဩဂုတ်လ ၃ရက်‌နေ့က ပြိုကျသွားခဲ့‌ကြောင်း စခန်း တွင်း‌နေထိုင်သူများ၏ ‌ပြောပြချက်အရ သိရသည်။

အဆိုပါ ‌ချောင်း‌ရေလျှံတက်မှု‌ကြောင့် စခန်းတွင်းရှိ ရပ်ကွက် (၁)၊(၂)၊ (၄)၊ (၅)၊ (၆)၊ (၇)နှင့် Green tree ရပ်ကွက်များမှအိမ် ‌ခြေ၃၄၆လုံး ‌ရေနစ်မြုပ်သွားခဲ့ပြီး ‌ရေ‌ဘေးဒုက္ခသည်များမှာ ‌ရေမနစ်မြုပ်သည့် ‌နေအိမ်များ၊ စာသင်‌ကျောင်း၊ စာကြည့်တိုက်နှင့် ဘုရားရှိခိုး‌ကျောင်းများတွင် လိုက်လံ‌နေထိုင်‌နေရသည်ဟု ကရင်ဒုက္ခသည်‌ကော်မတီ(KRC)က ‌ပြောသည်။

KRC မဲ့စရင်းရုံးမှ ဝန်ထမ်းတစ်ဦးက “‌ရေ‌ဘေးဒုက္ခသည်‌တွေက အ‌တော်များ‌တော့ သူတို့ကို နီးစပ်ရာ အသိအိမ်‌တွေမှာ သွား ထားသလို စာသင်‌ကျောင်း‌တွေမှာလည်း ‌နေ‌နေရ‌တော့ ဩဂုတ်လ ၃ရက်‌နေ့(မ‌နေ့)ကစပြီး ‌ကျောင်း‌တွေကိုလည်း ပိတ်ထားရ တယ်‌လေ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

(Map of Refugee camps)
ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက မပြတ်တမ်း ရွာသွန်းခဲ့သည့်မိုး‌ကြောင့် ဩဂုတ်လ ၂ရက်‌နေ့တွင် စခန်းတွင်းရှိ မှိုင်းလုံး ကြီး‌ချောင်း‌ရေမှာ ပြည့်လျှံတက်လာပြီး ‌နောက်တစ်ရက်အကြာတွင် ရပ်ကွက်(၇)အတွင်းရှိ ကြိုးတံတားကျိုးကျသွားခဲ့သလို ‌ချောင်းနှင့် မနီးမ‌ဝေးရှိ ရိက္ခာဂို‌ဒေါင် ၃လုံးမှာလည်း ပြိုကျသွားခဲ့‌ကြောင်း KYO တွဲဖက်အတွင်း‌ရေးမှူး(၂) ‌နော်‌အေ‌ဘေ‌နေးဇာ က ‌ပြောသည်။

၎င်းက “ဒီရက်ပိုင်းမှာ မိုး‌တွေ အရမ်းရွာ‌နေတာ‌ကြောင့် ၂ရက်‌နေ့မှာ ‌ချောင်း‌ရေလျှံလာတယ်။ အဲဒါ‌ကြောင့် ‌ရေစီးကလည်း အရမ်းသန်‌တော့ ၃ရက်‌နေ့ည‌နေပိုင်းမှာ တံတားကျိုးသွားတယ်။ ‌နောက်‌တော့ ဂို‌ဒေါင် ၃လုံးလည်း ပြိုကျသွားတယ်။”ဟု ‌ပြော သည်။

သို့‌သော် ယမန်‌နေ့ မနက်ပိုင်းက ၎င်းဂို‌ဒေါင်များရှိ ရိက္ခာအချို့ကို နီးစပ်ရာ ‌တောင်ကုန်းများနှင့် စခန်း‌ဆေးရုံသို့ စခန်းတာဝန်ခံ များက ‌ရွှေ့‌ပြောင်းထားနိုင်ခဲ့‌သော်လည်း ယ‌နေ့အထိ ‌ချောင်း‌ရေမှာ တက်လာ‌နေဆဲဖြစ်သည့်အတွက် ‌ဆေးရုံတွင်းမှ ရိက္ခာများ ကို ဒုက္ခသည်များအား ၃လစာကြိုတင်ထုတ်‌ပေးလိုက်သည်ဟု မယ်ရာမိုဒုက္ခသည်တစ်ဦးက ‌ပြောသည်။

“ရပ်ကွက်(၇-A) ဂို‌ဒေါင်က ‌တောင်ကုန်းနဲ့နီး‌တော့ ရိက္ခာ‌တွေကို ‌တောင်ကုန်း‌ပေါ် ‌ရွှေ့ထားတယ်။ ရပ်ကွက်(၇-B) ဂို‌ဒေါင်က ‌ဆေးရုံနဲ့နီး‌တော့ ရိက္ခာ‌တွေကို ‌ဆေးရုံမှာ ‌ရွှေ့ထားတယ်။ ဒါ‌ပေမဲ့ ‌ဆေးရုံမှာက လူနာ‌တွေလည်းရှိ‌တော့ ရိက္ခာကို ‌ရေရှည်ထား ဖို့ ခက်ခဲပြီး ဒုက္ခသည်‌တွေကို ၃လစာ ကြိုတင်ထုတ်‌ပေးလိုက်တယ်။”ဟု သူက ဆိုသည်။

မယ်ရာမိုဒုက္ခသည်စခန်းတွင် ရပ်ကွက် ၈ခုရှိပြီး အဆိုပါ မှိုင်းလုံးကြီး‌ချောင်းမှာ ရပ်ကွက် (၇)ကို ဖြတ်သန်းလျှက်ရှိရာ ဒုက္ခသည် များက ကြိုးတံတားဖြင့် သွားလာ‌နေကြသည်။

လက်ရှိ အ‌ခြေအ‌နေတွင် စခန်းထဲ၌ သွားလာ‌ရေးနှင့် ဆက်သွယ်‌ရေးများ ခက်ခဲကာ စခန်းတာဝန်ရှိသူများအ‌နေဖြင့် ယခုအချိန် ထိ မည်သည့်ကူညီမှုမှ လုပ်‌ဆောင်‌ပေးနိုင်ခြင်း မရှိ‌သေးသဖြင့် ‌ရေ‌ဘေးဒုက္ခသည်များမှာ ရှိသမျှ စားနပ်ရိက္ခာများဖြင့် ‌ဝေမျှစား ‌သောက်‌နေကြရသည်ဟု သိရသည်။

ထိုင်းနိုင်ငံ၊ မယ်‌ဟောင်‌ဆောင်ခရိုင်အတွင်းရှိ မဲ့စရင်းမြို့နှင့် ကီလိုမီတာ ၁၅ဝ ကွာ‌ဝေးသည့် မယ်ရာမိုဒုက္ခသည်စခန်းတွင် ဒုက္ခ သည်ဦး‌ရေ စုစု‌ပေါင်း ၁၉,၃၁၇ဦးရှိသည်ဟု ကရင်ဒုက္ခသည်‌ကော်မတီ၏ ၂၀၁၁ခုနှစ်၊ ‌မေလထုတ် အစီရင်ခံစာ၌ ‌ဖော်ပြထား သည်။