Home ထိပ်တန်းသတင်း “ချွတ်‌ချော်တဲ့ လွှတ်‌တော်” ရုပ်သံဇာတ်လမ်း မိတ်ဆက်ပွဲ WLB ပြုလုပ်

“ချွတ်‌ချော်တဲ့ လွှတ်‌တော်” ရုပ်သံဇာတ်လမ်း မိတ်ဆက်ပွဲ WLB ပြုလုပ်

2383
ဇူလိုင်လ ၁၆ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

(ကရင်အမတ်အဖြစ် ပါဝင်သရုပ်‌ဆောင်သူ ဦးသိန်းဝင်း)

မြန်မာအစိုးရ၏ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲညီလာခံကို သ‌ရော်ထားသည့် ‘ချွတ်‌ချော်တဲ့လွှတ်‌တော်’ အမည်ရှိ ရုပ်သံဗီဒီယို ဟာသ ဇာတ်ကား မိတ်ဆက်ပွဲ အခမ်းအနားကို အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB)က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Holiday Garden Hotel တွင် ဇူလိုင်လ ၁၄ရက်‌နေ့၊ ည ၇နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။

မိတ်ဆက်ပွဲတွင် WLB အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌ဒေါ်တင်တင်နွယ်က “အဓိကက‌တော့ ဘက်‌ပေါင်းစုံက ဆုတ်ယုတ်မှု‌တွေ ဖြစ်‌နေတယ်။ အဲ့ဒီထဲက စီးပွား‌ရေး၊ လူမှု‌ရေး၊ နိုင်ငံ‌ရေး၊ ကျန်းမာ‌ရေး စတာ‌တွေကို ပြည်သူ‌တွေ သိလာ‌စေချင်တယ်။ အဲ့ဒါဆို ရင် အခု တက်လာတဲ့အစိုးရကို ‌မေးခွန်း‌တွေ ထုတ်လာနိုင်မယ်။ ဖိအား‌တွေ ‌ပေးလာနိုင်မယ်။ ပြီး‌တော့ အ‌ပြောင်းလဲ‌တွေဖြစ် လာပြီး ကျား၊မ တန်းတူအခွင့်အ‌ရေး‌တွေ သိလာ‌အောင်လို့ အ‌ခွေထုတ်‌နေတာပါ။”ဟု ၎င်းဇာတ်လမ်း‌ခွေ၏ ရည်ရွယ်ချက်ကို ရှင်းပြ‌ပြောဆိုသည်။

အဆိုပါဇာတ်ကားမှာ မကြာ‌သေးမီက မြန်မာပြည်၌ ကျင်းပခဲ့သည့် လွှတ်‌တော်ညီလာခံတွင် တက်‌ရောက်ခဲ့‌သော နိုင်ငံ‌ရေးပါ တီနှင့် တိုင်းရင်းသားကိုယ်စားလှယ်များသည် မြန်မာအစိုးရ၏ အစီအစဉ်အတိုင်း လုပ်‌ဆောင်‌နေရသည်ကို သရုပ်‌ဖော် တင် ဆက်ထားပြီး သီးညီ‌နောင်အဖွဲ့နှင့် ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌ကြောင်း ရိုက်ကူးထားသည့် The Lady ဇာတ်လမ်းမှ သရုပ် ‌ဆောင် ဦးသိန်းဝင်းကလည်း ကရင်အမတ်အဖြစ် ပါဝင်အားဖြည့်ထားခြင်း ဖြစ်သည်။

ထိုရုပ်သံဗီဒီယိုဇာတ်လမ်းသည် မကြာ‌သေးမီက တက်လာခဲ့သည့် စစ်ဝတ်လဲ ဒီမိုက‌ရေစီရုပ်ပြအစိုးရ၏ လွှတ်‌တော် မည်မျှဒီမို က‌ရေစီနည်းလမ်းကျသည်၊ ဒီမိုက‌ရေစီ သက်ဝင်မှု မည်မျှရှိသည်ကို ‌ထောက်ပြ‌လှောင်‌ပြောင်သ‌ရော်ထားသည့် ဇာတ်လမ်း‌ခွေ အဖြစ် ပြည်သူများ သိရှိသွား‌အောင် ဟာသဆန်ဆန် ရိုက်ကူးထားခြင်းဖြစ်‌ကြောင်း ဇာတ်လမ်း၏ ဒါရိုက်တာလည်းဖြစ်၊ သရုပ် ‌ဆောင်ထားသူလည်းဖြစ်သည့် ကိုပန်းသီးက ယခုလို ရှင်းပြသည်။

“ဒီဇာတ်လမ်းကို အားလုံးကြည့်ရင် ဟာသ‌လေးလို့ ထင်ရတယ်။ ဒါ‌ပေမဲ့ ဟာသဇာတ်လမ်း‌လေးကိုကြည့်ပြီး အဲဒီ‌နောက်ကွယ် မှာရှိတဲ့ ပြည်သူ‌တွေကို အသိ‌ပေးချင်တာက‌တော့ ဒီလွှတ်‌တော်ကြီးက ဘယ်လိုလွှတ်‌တော်မျိုးလဲ၊ တကယ်‌ကော ကျ‌နော်တို့ ပြ သလို ချွတ်‌ချော်‌နေကြလား၊ ဒါမှမဟုတ် ဒီမိုက‌ရေစီဆန်တဲ့ လွှတ်‌တော်ကြီးလားဆိုပြီး ပြည်သူက အသိပညာ‌လေး‌တွေ ရသွား ‌အောင် ဇာတ်ညွှန်းနဲ့ စကားလုံး‌တွေထဲမှာ ချွတ်‌ချော်‌နေတဲ့ အဖြစ်အပျက်‌လေး‌တွေကို ဟာသဆန်ဆန် ထည့်‌ပေးထားပါတယ်။” ဟု ကိုပန်းသီးက ဆိုသည်။

အဆိုပါဇာတ်လမ်းကို ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)တွင် လာမည့် ဇူလိုင်လ ၂၃ရက်‌နေ့၌ ထုတ်လွှင့်သွားပြီးမှသာ WLB အ ‌နေဖြင့် ဆက်လက်၍ ဖြန့်‌ဝေသွားမည်ဖြစ်‌ကြောင်း သိရသည်။

(ဇာတ်လမ်းတွင် ပါဝင်သရုပ်‌ဆောင်သူအချို့)

အလားတူ ငြိမ်းချမ်း‌ရေးကို ‌ဖော်ကျူးနိုင်သည့် ဇာတ်လမ်း‌ခွေကို လာမည့် စက်တင်ဘာလ ၂၁ရက်‌နေ့ နိုင်ငံတကာ ငြိမ်းချမ်း‌ရေး ‌နေ့တွင်လည်း‌ကောင်း၊ နိုဝင်ဘာလ ၂၅ရက် နိုင်ငံတကာ အမျိုးသမီးများ အကြမ်းဖက်မှု ပ‌ပျောက်‌ရေး‌နေ့တွင်လည်း ၎င်းနှင့် အလားသဏ္ဍာန်တူသည့် ဇာတ်လမ်း‌ခွေမျိုးထုတ်ရန် ရည်ရွယ်ထား‌ကြောင်း သိရှိရပါသည်။

အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ (WLB)သည် ပြီးခဲ့သည်နှစ်က ရုပ်သံအစီအစဉ်ကို စတင်ခဲ့ပြီး ၂၀၁ဝခုနှစ်တွင် စစ်တပ်ကို သ‌ရော်ထားပြီး ‌ရွေး‌ကောက်ပွဲနှင့်ဆိုင်သည့် တပ်‌ဂေါ်လီသံချပ်‌ခွေ၊ အမျိုးသမီးလူရွှင်‌တော်များ ပါဝင်သရုပ်‌ဆောင်ထားသည့် ‌မော်ဒန်အငြိမ့်သဘင်‌ခွေ၊ ၂၀၁၁ခုနှစ်တွင် နှစ်သစ်အားမာန်သံချပ်‌ခွေနှင့် ယခုထုတ်မည့် ‘ချွတ်‌ချော်တဲ့ လွှတ်‌တော်’ အပါအဝင် စုစု‌ပေါင်း ဇာတ်လမ်း‌ခွေ ၄‌ခွေ ထုတ်လုပ်ခဲ့ပြီး ဖြစ်သည်။