Home ထိပ်တန်းသတင်း ‌မြေဧက ၃,၀၀၀‌ကျော် မတရားသိမ်းဆည်းခံရမှု အာဏာပိုင်များ လျစ်လျူရှု

‌မြေဧက ၃,၀၀၀‌ကျော် မတရားသိမ်းဆည်းခံရမှု အာဏာပိုင်များ လျစ်လျူရှု

1807
ဇူလိုင်လ ၁၆ရက်။ ‌စောသိန်းမြင့် (‌ကေအိုုင်စီ)

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ နတ်ထိပ်‌ကျေးရွာတွင် ရွာသားများပိုင်ဆိုင်သည့် ဧက ၃,၀၀၀‌ကျော်ရှိ ‌မြေလွတ်‌မြေ ရိုင်းများ ယခင် ဒီ‌ကေဘီ‌အေ တပ်မှူးအချို့က မတရား ‌ရောင်းပစ်လိုက်သည့်အ‌ပေါ် နစ်နာ‌ကြေးများ ရရှိရန် ပြီးခဲ့သည့်‌မေလက ဖားအံမြို့ရှိ ပြည်နယ်အုပ်ချုပ်‌ရေးရုံးသို့ ရွာသားများ သွား‌ရောက်တင်ပြခဲ့‌သော်လည်း အာဏာပိုင်များက ယ‌နေ့အထိ အ‌ရေးယူ ‌ဖြေရှင်း‌ပေးခြင်း မရှိ‌သေး‌ကြောင်း သိရသည်။

‌မြေသိမ်းဆည်းခံရသည့် ရွာသားတစ်ဦးက “ကျ‌နော်တို့ ရွာသူရွာသား‌တွေ ပိုင်ပြီးသား‌မြေကွက်‌တွေကို အရင် ဒီ‌ကေဘီ‌အေ ဗိုလ်တစ်‌ယောက်က ဘာမှမ‌ပြောဘဲ သူ့ဟာသူအကွက်ချပြီး အခြားသူ‌တွေကို ‌ရောင်းလိုက်တယ်။ အဲဒီလို မတရားတာကို အ‌ရေးယူ‌ပေးဖို့ ရွာသား‌တွေက ‌ကျေးရွာ ရ.ယ.က ဥက္ကဌက‌နေ မ.ယ.က ဥက္ကဌဆီကို တင်ပြခဲ့တယ်။ အဲဒီတုန်းက အာဏာပိုင် တချို့ကို သူတို့(ဒီ‌ကေဘီ‌အေ)က ပိုက်ဆံထိုးထား‌တော့ ရွာသား‌တွေလည်း ဘာမှလုပ်လို့မရဘူး။ အခုလည်း ရွာက အုပ်ချုပ် ‌ရေးမှူး ကိုယ်တိုင် ထပ်ခါထပ်ခါ သွားတင်ပြတယ်။ အဲဒီလိုပဲ ဘာမှအ‌ရေးမလုပ်ဘူး။”ဟု ‌ပြောသည်။

၂၀၀၇ခုနှစ်မှ ၂၀၁ဝခုနှစ်အထိ နတ်ထိပ်‌ကျေးရွာ အ‌ရှေ့ဘက်ခြမ်းနှင့် ‌တောင်ဘက်ခြမ်းရှိ ၎င်း‌မြေလွတ်‌မြေရိုင်းများကို ဒီ‌ကေဘီ ‌အေမှ ဗိုလ်ကြာဝင်းနှင့် အစိုးရအာဏာပိုင်အချို့ ပူး‌ပေါင်း၍ ‌မြေကွက်ချကာ ‌ရောင်းချ‌နေမှုများကို အ‌ရေးယူ‌ပေးရန် ၂၀၁ဝ ခုနှစ်၊ ‌မေလတွင် ‌ကျေးရွာ‌အေးချမ်းသာယာ‌ရေး(ရ.ယ.က) ဥက္ကဌက မြို့နယ်‌အေးချမ်းသာယာ‌ရေး (မ.ယ.က)ဥက္ကဌအား တရားဝင် စာဖြင့် တင်ပြ‌တောင်းဆိုခဲ့‌သော်လည်း အာဏာပိုင်ဘက်က အလားတူ မ‌ဖြေရှင်း‌ပေးခဲ့‌ပေ။

ထို့အတွက် ၎င်းရွာသားများက ယခုနှစ် ‌မေလတွင်လည်း ပြည်နယ်ရုံးသို့တဖန် ထပ်မံ ‌တောင်းဆိုခဲ့ရာ ယ‌နေ့အချိန်ထိ တစုံတ ရာ အ‌ရေးယူခြင်းမရှိ‌သေး‌ကြောင်း ‌မြေသိမ်းဆည်းခံရသူ ရွာသားများက ‌ပြောသည်။

နတ်ထိပ်‌ကျေးရွာပိုင် ‌မြေလွတ်‌မြေရိုင်းများနှင့် ကြိုးဝိုင်း‌မြေများအား ယခင်က ‌နောင်လုံအ‌ခြေစိုက် တပ်မဟာ(၉၉၉) တပ်ရင်း (၄)မှ ဗိုလ်‌ကျော်‌ရွှေ၊ ‌ကျေးရွာသား ဦးကြာဟဲနှင့် မြို့နယ်‌မြေစာရင်း ဦးစီးဌာနမှ လက်‌ထောက်ဦးစီးမှူး ဦး‌စောသန်းစိန်နှင့် ‌မြေ တိုင်းစာ‌ရေး ဦးစဝင်းထွန်း၊ ဦးပါပီတို့နှင့်‌ပေါင်းပြီး တရုတ်၊ မွန် စီးပွား‌ရေးသမားများနှင့် ဖားအံမြို့ရှိ ‌ဒေါက်တာ‌သောင်းစိန်၏ သား မက်ဆိုသူများအား အကွက်ချကာ ကာလ‌ပေါက်‌ဈေး သိန်းနှင့်ချီ၍ ပြန်လည်‌ရောင်းချခြင်း ဖြစ်သည်။

ရွာသားတစ်ဦးက “အမှန်ဆို အဲဒီ‌မြေလွတ်‌မြေရိုင်း‌တွေက ကျ‌နော်တို့ ဘိုးဘွားပိုင်‌မြေ‌တွေပဲ။ အဲဒါကို ဒီ‌ကေဘီ‌အေက အကွက် ချပြီး ကျ‌နော်တို့ကို အတင်းပြန်ဝယ်ခိုင်းတယ်။ ဝယ်ပြီးသား‌မြေ‌တွေကို ရွာသား‌တွေက စိုက်ပျိုး‌ရေး‌တွေ မလုပ်‌ပေမဲ့ သစ်ခုတ်၊ ထင်း‌ခွေ‌တော့ လုပ်တာ‌ပေါ့။ ကိုယ့်အပိုင် ဖြစ်သွားပြီးပဲ။ အခု‌တော့ ‌မြေပိုင်ရှင်‌တွေကို အသိမ‌ပေးဘဲ အခြားသူ‌တွေကို ထပ် ‌ရောင်း‌တော့ ဖြစ်နိုင်ရင် ကျ‌နော်တို့ကို ဒီ‌မြေဧက ၃,၀၀၀‌ကျော်အတွက် တန်ရာတန်‌ကြေး‌လေး ‌ပေး‌စေချင်တယ်။”ဟု ဆိုသည်။

နတ်ထိပ်ရွာသူရွာသားများသည် ၎င်းတို့၏‌မြေကွက်များ ပြန်လည်ရရှိရန် ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးမှတဆင့် ပြည်နယ်ရုံးသို့ အ ကြိမ်ကြိမ် သွား‌ရောက်တိုင်ကြားခဲ့‌သော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက အ‌ကြောင်းအမျိုးမျိုးပြကာ ယ‌နေ့အချိန်ထိ လာ ‌ရောက်‌ဖြေရှင်း‌ပေးခြင်း မရှိသလို ၎င်း‌မြေကွက်များအတွင်း သစ်ခုတ်၊ ထင်း‌ခွေသည့် ရွာသားများကို ယခုအချိန်တွင် ဒဏ်‌ငွေ ‌ပေး‌ဆောင်ခိုင်း‌ကြောင်း ရွာသားများက ‌ပြောသည်။

“ရွာသား‌တွေအားလုံးက ဒီလို‌မြေကွက်‌တွေ မတရား‌ရောင်းစားခံရတာကို ပြန်ရဖို့အတွက် ၁၈.၅.၁၁ရက်မှာ သပိတ်‌မှောက်မ လို့ ပြည်နယ်ရုံးကိုသွားတာ အာဏာပိုင်ဘက်က လက်မခံဘူး။ သူတို့က ရွာမှာပဲလာပြီး ရှင်းမယ်ဆိုပြီး‌တော့ ရွာမှာ အစည်းအ ‌ဝေးလာလုပ်တယ်။ ‌မြေ‌တွေကို ပြန်ရ‌အောင်လုပ်‌ပေးမယ်ဆိုပြီး ရက်ထပ်ချိန်းတယ်။ ‌နောက် ဘာမှလည်းမထူးဘူး။”ဟု ‌ပြော သည်။

ယခုအချိန်တွင် ‌ရောင်းချလိုက်သည့် ‌မြေကွက်များတွင် ‌ရော်ဘာပင်များအပြည့် စိုက်ပျိုးထားကြပြီဖြစ်သည့်အပြင် ထို‌မြေ‌နေရာ များသို့ ရွာသားများ ထင်း‌ခွေသွားပါက အဆိုပါ ဒီ‌ကေဘီ‌အေတပ်မှူး‌ဟောင်းကို ဒဏ်‌ငွေ ၂,၀၀ဝကျပ် ‌ပေး‌ဆောင်ရသည်ဟု လည်း ရွာသားများ၏ ‌ပြောပြချက်အရ သိရသည်။

ထို‌မြေလွတ်‌မြေရိုင်းများမှာ ၂၀၀၄ခုနှစ်က ဒီ‌ကေဘီ‌အေ တပ်မဟာ(၉၉၉) အမှတ်(၄)တပ်ရင်းမှ ဗိုလ်‌ကျော်‌ရွှေနှင့် အခြား ဒီ‌ကေ ဘီ‌အေ တပ်မှူးအချို့က တစ်အိမ်‌ထောင်လျှင် ‌ငွေကျပ် ၅,၀၀ဝစီ မဝယ်မ‌နေရစနစ်ဖြင့် ရွာသားများအား အတင်းအဓမ္မ ‌ရောင်း ချခဲ့သည့် ‌မြေကွက်များဖြစ်သည်။

ရွာသားများမှာ မည်သို့ပင် တိုင်ကြား‌နေ‌စေကာမူ ‌မြေ‌ရောင်းသူများနှင့် ‌မြေဝယ်သူများက မ.ယ.ကဥက္ကဌအား ‌ငွေပုံ‌အော‌ပေး ထားသဖြင့် ‌မြေကွက်များ ပြန်လည်ရရှိရန် လွယ်ကူမည်မဟုတ်‌ကြောင်း ရွာသားအများစုက ယုံကြည်‌နေကြသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ပြည်နယ်ရုံးသို့ ဆက်သွယ်‌မေးမြန်းရာ ဖုန်းလိုင်းပြတ်‌တောက်‌နေခဲ့သည်။

အိမ်‌ခြေ ၇၀‌ကျော်ရှိသည့် နတ်ထိပ်‌ကျေးရွာသည် ဖားအံမြို့၏ အ‌ရှေ့ဘက် ၂မိုင်အကွာအ‌ဝေးတွင် တည်ရှိပြီး ရွာသူရွာသား များမှာ လယ်ယာလုပ်ငန်းဖြင့်သာ အသက်‌မွေးဝမ်း‌ကျောင်းပြုကြသည်။ အလားတူ နတ်ထိပ်ရွာ အနီးဝန်းကျင်ရှိ ‌ကျေးရွာများ သည်လည်း သက်ဆိုင်ရာ အစိုးရအာဏာပိုင်များက ‌မြေကွက်ရိုက်ပြီး စီးပွား‌ရေးလုပ်ငန်းရှင်များထံ ပြန်လည်‌ရောင်းချမှုများ လုပ်‌ဆောင်လျှက်ရှိ‌ကြောင်း သိရသည်။