Home ထိပ်တန်းသတင်း မြဝတီရှိ BGF တပ်ဖွဲ့အား KNLA ဝင်‌ရောက်ပစ်ခတ်၊ ၃ဦး ထိခိုက် ဒဏ်ရာရ

မြဝတီရှိ BGF တပ်ဖွဲ့အား KNLA ဝင်‌ရောက်ပစ်ခတ်၊ ၃ဦး ထိခိုက် ဒဏ်ရာရ

1672
ဇူလိုင်လ ၅ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မယ့်ပလယ်တိုဂွင်တွင် လှုပ်ရှားသည့် နယ်ခြား‌စောင့်တပ် BGF တပ်ဖွဲ့အား ယမန်‌နေ့က ကရင် အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် KNLA တပ်မဟာ(၇) တပ်ဖွဲ့များက သွား‌ရောက်ပစ်ခတ်ခဲ့ရာ BGF တပ်ဖွဲ့ဝင် ၃ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

မြဝတီမြို့၏ ‌မြောက်ဘက် ၇မိုင် အကွာအ‌ဝေးရှိ မယ်ပလယ့်တိုဂွင်တွင် လှုပ်ရှားသည့် BGF တပ်ရင်း(၁၀၁၈)တပ်ရင်းအား ယမန်‌နေ့ မနက် ၉နာရီ‌ကျော်တွင် KNLA တပ်မဟာ (၇)လက်‌အောက်ခံ တပ်ရင်း(၁၀၁)တပ်ဖွဲ့ဝင်များက ချိန်ကိုက်မိုင်းများနှင့် အတူ သွား‌ရောက်ပစ်ခတ်ခဲ့မှု‌ကြောင့် ယခုလို BGF တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု DKBA အရာရှိ‌ဟောင်း တစ်ဦးက ‌ပြောသည်။

သူက “ပစ်ခတ်မှုက‌တော့ ၁ဝမိနစ်‌လောက်ပဲ ကြာတယ်။ ပစ်ခတ်မှုဖြစ်တဲ့‌နေရာက‌တော့ ‌ကျော်‌ဝေါ်ခို့နဲ့ ထီး‌လော်သီကြားမှာ ဖြစ်တယ်။ BGF တာဝန်ခံက‌တော့ ‌ခြေ‌ထောက် ထိမှန်တယ်။ အခြားနှစ်‌ယောက်က‌တော့ ‌တော်‌တော်အထိနာတယ်။ ဆီးအိမ် ‌ပေါ်မှာ တစ်‌ယောက်ထိတယ်။ တင်ပါးမှာ တ‌ယောက်ထိတယ်။ ဖြစ်ပွားမှု ပြီးပြီးချင်းမှာပဲ မဲ‌ဆောက်‌ဆေးရုံကို ပို့လိုက်တယ်။”ဟု ‌ပြောသည်။

၎င်းပစ်ခတ်မှု ဖြစ်ပွားရာ‌နေရာတွင် ဗိုလ်မှူး‌စော‌မောင်ဝင်း ဦးစီးသည့် BGF တပ်ရင်း(၁၀၁၈)က အစိုးရစစ်တပ်နှင့် ပူး‌ပေါင်း၍ KNLA တပ်ဖွဲ့ဝင်များ၏ ဝင်ထွက်သွားလာမှုကို ‌ချောင်ပိတ်ချင်‌သော‌ကြောင့် ယခုလို KNLA တပ်ဖွဲ့ဝင်များက လက်ဦးမှု ရယူ လိုက်ခြင်းဖြစ်‌ကြောင်း ၎င်း DKBA တပ်မှူးက ဆက်‌ပြောသည်။

အဆိုပါ ပစ်ခတ်မှုမှာ မှန်ကန်‌သော်လည်း ပစ်ခတ်မှု၏ဖြစ်စဉ် အ‌သေးစိတ်ကို အတိအကျ မသိရှိရ‌သေး‌ကြောင်း KNLA (၁၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌စော‌ဖောဒိုက ‌ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ BGF တပ်ရင်း(၁၀၁၈)မှ တာဝန်ရှိသူများအား ‌ကေအိုင်စီက ‌မေးမြန်းရန် အကြိမ်ကြိမ် ကြိုးစားဆက် သွယ်ခဲ့‌သော်လည်း ဖုန်းလိုင်းမရရှိခဲ့‌ပေ။

ပြီးခဲ့သည့် ဇွန်လ ၂၉ရက်‌နေ့ကလည်း ‌ကော့ကရိတ်မြို့ ‌တောင်ဘက် ၃မိုင်အကွာရှိ နန်း‌ရွှေမုံ‌ကျေးရွာတွင် လှုပ်ရှားသည့် ဗိုလ် မှူး‌စော‌ကျော်သက် ဦးစီး‌သော DKBA တပ်မဟာ(၅)တပ်ဖွဲ့အား ဗိုလ်မှူးမြတ်ခိုင် ဦးစီးသည့် BGF တပ်ရင်း(၁၀၁၆)မှ တပ်ဖွဲ့ ဝင်တချို့က ‌ရှောင်တခင် ဝင်‌ရောက်ပစ်ခတ်မှု‌ကြောင့် DKBA တပ်ဖွဲ့ဝင် ၂ဦး ကျဆုံးပြီး လက်နက် ၆လက်ကို BGFမှ သိမ်း ဆည်းသွားခဲ့သည်ဟု စစ်ဘက်ဆိုင်ရာ သတင်းအရ သိရသည်။