Home ထိပ်တန်းသတင်း တိုင်းရင်းသားပါတီ အပါအဝင် ကြံ့ဖွံ့ပါတီမှ လူငယ်များ ဂျပန် သွားမည်

တိုင်းရင်းသားပါတီ အပါအဝင် ကြံ့ဖွံ့ပါတီမှ လူငယ်များ ဂျပန် သွားမည်

1740
ဇူလိုင်လ ၄ရက်။ ‌ကေအိုင်စီ

ဂျပန်ခရီးစဉ်အတွက် သွား‌ရောက်‌လေ့လာမည့် နိုင်ငံ‌ရေးပါတီ ၅ပါတီနှင့် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီတို့မှ ကိုယ် စားလှယ်များ ကြိုတင်ပြင်ဆင်မှုများ လုပ်‌နေ‌ကြောင်း သိရသည်။

ဂျပန်နိုင်ငံခြား‌ရေးဝန်ကြီး၏ ဖိတ်ကြားချက်ဖြင့် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ၊ အမျိုးသားဒီမိုက‌ရေစီအင်အားစု၊ တိုင်းရင်းသားစည်းလုံးညီညွှတ်‌ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်‌ရေးပါတီမှ လူငယ်များ ပါဝင်သည်။

“ကျ‌နော်တို့ပါတီက ၂‌ယောက်‌ပေါ့‌နော်။ ‌ရွေးထားတာက သန်းထွန်း‌လေးနဲ့ နှင်းနှင်း‌ဝေ လူငယ်နှစ်ဦး။ ‌လော‌လောဆယ်မှာ‌တော့ ပြင်ဆင်မှု‌တွေ ဟို‌ရောက်ရင် ဘာ‌ပြောရမလဲ၊ ဘာ‌ဆွေး‌နွေးရမလဲ၊ အဓိက စကား‌ပေါ့‌နော်။ သူများနည်းတူ ‌ပြောနိုင်‌အောင်၊ ကြံ့ ဖွံ့ပါတီက လူများတယ်‌လေ။ အဲဒါ‌ကြောင့် သူတို့နဲ့အပြိုင် ‌ပြောနိုင်‌အောင်‌တော့ ပြင်ဆင်မှု‌တွေ လုပ်ထားရတယ်။”ဟု မွန်‌ဒေသ လုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ ဥက္ကဌ နိုင်‌ငွေသိန်းက ‌ပြောသည်။

ဂျပန်ခရီးစဉ်တွင် ကြံ့ဖွံ့ပါတီမှ လူငယ် ၁ဝဦးနှင့် အခြားတိုင်းရင်းသားပါတီ ၅ပါတီမှ လူငယ် ၂ဦးစီ အပါအဝင် စုစု‌ပေါင်း လူငယ် ၂ဝဦး ပါဝင်မည်ဖြစ်ပြီး ၎င်းခရီးစဉ်ကို ဇူလိုင်လ ဒုတိယပတ်အတွင်း သွား‌ရောက်ရမည်ဖြစ်‌ကြောင်း သိရသည်။

“ဟို‌ရောက်ရင် ဘာလုပ်မလဲ ဘာ‌ပြောမလဲ‌တော့ မသိဘူး ဒါ‌ပေမယ့် ကိုယ့်ဘက်က ‌ပြောနိုင်‌အောင်၊ ခုကတည်းက ပြင်ဆင် ထားရတယ်။ လူငယ်‌တွေအတွက်‌တော့ အခွင့်‌ကောင်းပဲ။”ဟု နိုင်‌ငွေသိန်းက ဆက်လက် ‌ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ရက်‌နေ့က ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ဦး‌ဌေးဦးနှင့်အတူ ဂျပန်သွားမည့် နိုင်ငံ‌ရေးပါတီမှ ကိုယ်စားလှယ်များမှာ ရန်ကုန်မြို့ရှိ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ ရုံးချုပ်၌ ‌တွေ့ဆုံ ခဲ့ကြပြီး ဂျပန်သွားမည့်လူငယ်များကို လမ်းညွှန်အကြံပြုချက်များ ‌ဆွေး‌နွေး‌ပြောကြားခဲ့ကြသည်။