Home ထိပ်တန်းသတင်း ‌လေယာဉ်ပျက်ကျရာတွင် ပါသွားခဲ့သည့် လူ ၉ဦးအ‌လောင်း ရှာ‌ဖွေ‌တွေ့ရှိ

‌လေယာဉ်ပျက်ကျရာတွင် ပါသွားခဲ့သည့် လူ ၉ဦးအ‌လောင်း ရှာ‌ဖွေ‌တွေ့ရှိ

1746
ဇူလိုင်လ ၂၂ရက်။ ‌ကေအိုင်စီ

ထိုင်းစစ်ရဟတ်ယာဉ် ပျက်ကျရာ၌ ပါသွားသည့် လူ ၉ဦး၏ ရုပ်အ‌လောင်းကို ယ‌နေ့နံနက်ပိုင်းက ရှာ‌ဖွေ‌တွေ့ရှိပြီးဖြစ် ‌ကြောင်း ထိုင်းသတင်းစာတွင် ‌ဖော်ပြထားသည်။

ထိုင်းအဆင့်မြင့် စစ်ဘက်အရာရှိ ၈ဦး အပါအဝင် ထိုင်းရုပ်သံလိုင်း (Channel-5) မှ ဗွီဒီယို သတင်း‌ထောက်တစ်ဦး၏ အ‌လောင်းကို ရှာ‌ဖွေ‌တွေ့ရှိ‌ကြောင်း ထိုင်းစစ်တပ်အမှတ်(၁) တပ်မှူး Udomdet Seetabut ၏ ‌ပြောဆိုချက်ကို ကိုးကားပြီး Bangkokpost သတင်းစာတွင် ‌ဖော်ပြထားသည်။

Black Hawk အမျိုးအစားရှိ ထိုင်းစစ်ရဟတ်ယာဉ်တစီးက ဇူလိုင်လ ၁၉ရက်‌နေ့က ထိုင်း-မြန်မာနယ်စပ် ပက်ချ်ဘူရီခရိုင်နှင့် နယ်နမိတ်ချင်း ထိစပ်‌နေသည့် မြန်မာဘက်ကမ်း ထားဝယ်ခရိုင်အတွင်း၌ ပျက်ကျသွား‌ကြောင်း သိရသည်။

မြန်မာစစ်တပ်တို့၏ ကူညီမှုဖြင့် ‌လေယာဉ်ပျက်ကျသည့်‌နေရာသို့ ပြီးခဲ့သည့် ၂ဝရက်‌နေ့က စတင်၍ သွား‌ရောက်ခဲ့ရာ ပထမ ‌လေယာဉ်ပျက်ကျခဲ့သည့် ပက်ချ်ဘူရီခရိုင်ရှိ ကန်ကရာချန် အမျိုးသားဥယျာဉ်နှင့် မီတာ ၅၀ဝအကွာတွင် ရှာ‌ဖွေ‌တွေ့ရှိခဲ့ သည်ဟု ‌ဖော်ပြထားသည်။

Black Hawk ပျက်ကျရာ‌နေရာသည် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) တပ်မဟာ (၄) တပ်ရင်းတပ်ဖွဲ့များနှင့် မြန်မာစစ်တပ်များ လှုပ်ရှားရာ ‌နေရာ‌ဒေသ ဖြစ်သည်။

‌လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်ပြီး မြန်မာအစိုးရဘက်က ပစ်ခတ်မှု မဖြစ်နိုင်ဘဲ ရာသီဥတုဆိုးဝါးမှု‌ကြောင့်သာ ဖြစ်နိုင် ‌ကြောင်း နယ်စပ်အကဲခတ်များက ခန့်မှန်း‌နေကြသည်။

ယင်းသို့ ထိုင်းရဟတ်ယာဉ်ပျက်ကျအတွက် ရှာ‌ဖွေ‌ရေးကို မြန်မာအစိုးရတပ်ဘက်မှ ကမ်းရိုးတန်းစစ်ဌာနချုပ် လက်‌အောက် ခံ ‌ရှေ့တန်း ‌ခြေလျင်တပ်ရင်း(၁၀၁) တပ်ခွဲ(၁)မှ ဗိုလ်ကြီးထွန်းမြင့်‌ဆွေ ဦးစီးသည့် တပ်စုတစ်စုမှ ထိုင်းတပ် ရှာ‌ဖွေ‌ရေးအဖွဲ့ များနှင့် ယမန်‌နေ့ ‌နေ့ခင်းဘက်တွင် ပူး‌ပေါင်း‌ဆောင်ရွက်သွားခြင်းဖြစ်‌ကြောင်း မြန်မာတပ်နှင့် နီးစပ်သည့်သတင်းအရ သိရ သည်။

ဒုတိယ ပျက်ကျသွားသည့် Black Hawk ရဟတ်ယာဉ်သည် ပြီးခဲ့သည့် ဇူလိုင်လ ၁၆ရက်(စ‌နေ‌နေ့)က ပျက်ကျသွားသည့် စစ်ရဟတ်ယာဉ်မှ လူ‌သေအ‌လောင်း ၅‌လောင်းကို သယ်‌ဆောင်ရန်အသွားတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။