Home ထိပ်တန်းသတင်း ‌ရေလွှမ်းမိုးမှု‌ကြောင့် ဖားအံမြို့ ‌ရေ‌ဘေးဒုက္ခသည်များ စာသင်‌ကျောင်းတွင် မှီခို‌နေရ

‌ရေလွှမ်းမိုးမှု‌ကြောင့် ဖားအံမြို့ ‌ရေ‌ဘေးဒုက္ခသည်များ စာသင်‌ကျောင်းတွင် မှီခို‌နေရ

1910

ဇူလိုင်လ ၂၄ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၏ မြို့‌တော် ဖားအံမြို့တွင် ဇူလိုင်လ တတိယပတ်အတွင် သံလွင်မြစ်‌ရေလျှံတက်လာမှု‌ကြောင့် မြို့တွင်းရှိ ရပ် ကွက်အ‌တော်များများရှိ ‌မြေနိမ့်ပိုင်းများတွင် ‌ရေလွှမ်းမိုးကာ ယမန်‌နေ့မှစ၍ အမှတ်(၁) အထက်တန်း‌ကျောင်းတွင် ‌ရေ‌ဘေးဒုက္ခ သည်များ ယာယီ ‌ရွှေ့‌ပြောင်း‌နေထိုင်လျှက်ရှိသည်ဟု မြို့ခံတစ်ဦးက ‌ပြောသည်။

“‌ကျောင်းက မ‌နေ့က ‌သောကြာ‌နေ့မှာ လူ‌တွေ လာ‌နေကြတာ‌ပေါ့။ ‌ကျောင်းအုပ်ဆရာမကြီး ‌ဒေါ်နန်းလှရင်‌မေကို ရပ်ကွက်ထဲ ကလူ‌တွေက လာ‌ပြော‌တော့ ပိတ်လိုက်တာ‌ပေါ့။ ဒါ‌ပေမဲ့ ‌နောက်နှစ်ရက်က စ‌နေ၊ တနဂင်္‌နွေခံ‌တော့ ဆက်ပိတ်တာ‌ပေါ့။ ‌ပေး တည်းတာက‌တော့ မူလတန်းအ‌ဆောင်‌တွေမှာပါ။”ဟု ဆိုသည်။

ယခုလို ‌ရေကြီးမှုမှာ မိုးဆက်တိုက် ရွာသွန်းမှု‌ကြောင့် သံလွင်မြစ်‌ရေလျှံတက်ကာ မြို့တွင်းရပ်ကွက်အထိ ‌ရေများ‌ရောက်ရှိလာ ခြင်း၏ အကျိုးဆက်များဖြစ်‌ကြောင်း မြို့ခံလူထုက ‌ပြောဆို‌နေကြသလို ယခင်လက လှိုင်းဘွဲမြို့တွင်း ‌ရေကြီးမှုဖြစ်ပွားခဲ့သည်။

“မိုးက ရွာတာ ဆက်တိုက်ပဲဟာ။ လနဲ့ချီကြာ‌နေပြီ။ တခါမှ မရပ်ဘူး‌လေ။ ‌ကျောင်းဖွင့်ပြီး ၃-၄ရက်‌လောက်က ‌ကောင်းလိုက်တဲ့ မိုးဟာ ‌နေသာတယ်ကို သိပ်မရှိဘူး။ မိုးများ‌တော့ အထက်က‌နေကျလာတဲ့ ‌တောင်ကျ‌ရေ‌တွေ ဘာ‌တွေ‌ကြောင့် မြစ်‌ရေ‌တွေ တက်လာတာ‌ပေါ့။ ‌လှေနဲ့သွားရတဲ့အပိုင်းမှာဆို ‌ရေက ဒူး‌လောက် ‌ပေါင်‌လောက် ရှိတယ်။ မြစ်‌ရေနဲ့နီးတဲ့ ကမ်းနားလမ်းက မြစ် ‌ရေအထက် အ‌တော်မြင့်‌နေ‌ပေမဲ့ ခု‌တော့ လမ်းမနဲ့ တတန်းတည်းကျ‌နေတယ်‌လေ။”ဟု ဖားအံမြို့သူတစ်ဦးက ‌ပြောသည်။

‌ရေလွှမ်းမိုးခံရသည့် ‌နေရာများမှာ ဖားအံမြို့မ ‌ဈေးကြီး‌အောက်ပိုင်း၊ ဆယ်အိမ်စု၊ မြိုင်သဇင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ကုန်းက ‌လေး‌အောက်ပိုင်း၊ ဇီး‌တောရပ်ကွက်‌အောက်ပိုင်း၊ ပြည်‌ထောင်စုရပ်ကွက်၊ မြို့သစ်၊ ‌အောင်နန်းနှင့် အုတ်ဖို‌နေရာများဖြစ်သည်။

မြို့မိမြို့ဖတစ်ဦးက “‌ရေမကြီးတာ သုံး‌လေးနှစ်‌လောက်ရှိပြီ။ ဒီနှစ်ကျမှ တခါ ထပ်ကြီးလာပြန်‌ရော။ သံလွင်မြစ် ‌ရေစီးအားက လည်း အ‌တော်ကြမ်းတယ်။ ‌ရေ‌ဘေးဒုက္ခသည်‌တွေက‌တော့ အခု ‌လော‌လောဆယ် စာသင်‌ကျောင်းနဲ့ အားကစားရုံ‌တွေမှာ ‌နေ ကြရတယ်‌လေ။ ဒီလို ‌ရေမကြီးတာ ကြာပြီဆို‌တော့ လူ‌တွေက ကြိုတင်ပြင်ဆင်မှု‌တွေ မလုပ်ထားကြဘူး‌ပေါ့။”ဟု ဆိုသည်။

အထက်တန်း‌ကျောင်းသူတစ်ဦးက “‌ရေစတက်လာတာ နှစ်ရက်ရှိပြီ။ ပထမရက်‌တော့ နည်းနည်း‌လေးပဲ။ ဒီ‌နေ့ ဒီ‌လောက် တက်လာမှာကို သမီး‌တောင် မထင်ခဲ့မိဘူး။ အခု‌တော့ ‌လှေ‌တွေနဲ့ ကျူရှင်တက်‌နေရတယ်။ ‌ကျောင်းလည်း ပိတ်ထားတယ် ‌လေ။”ဟု ယမန်‌နေ့က ‌ကေအိုင်စီကို ‌ပြောဆိုသည်။

ဇူလိုင်လ ၂၃ရက်‌နေ့ မြန်မာစံ‌တော်ချိန် ၁၂နာရီခွဲအချိန် တိုင်းထွာချက်အရ သံလွင်မြစ်‌ရေသည် ဖားအံမြို့တွင် ၈၅၈စင်တီမီ တာ ‌ရောက်ရှိ‌နေပြီး စိုးရိမ်‌ရေမှတ်အထက် ၁၀၈စင်တီမီတာ(သုံး‌ပေခွဲခန့်) ‌ကျော်လွန်‌နေသည့်အပြင် ‌နောက်ထပ် ၄၈နာရီအ တွင်း ၃ဝစင်တီမီတာ(တစ်‌ပေခန့်) ဆက်လက် တက်လာနိုင်ကာ မြို့၏ စိုးရိမ်‌ရေမှတ် ၇၅ဝစင်တီမီတာအထက်တွင် ဆက်လက် တည်ရှိ‌နေမည်ဖြစ်‌ကြောင်း မိုး‌လေဝသနှင့် ဇလ‌ဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

၎င်းအပြင် ကရင်ပြည်နယ်၏ အမြင့်ဆုံးနှင့် အနိမ့်ဆုံး အပူချိန်မှာ ၂၇မှ ၂၃စင်တီဂရိတ်ဖြစ်ပြီး ရွာရန် ၈ဝရာခိုင်နှုန်းရှိကာ ‌နေရာ စိပ်စိပ် မိုးထစ်ချုန်းရွာနိုင်‌ကြောင်းလည်း ယမန်‌နေ့က သတင်းထုတ်ပြန်ခဲ့သည်။

Photo-KIC (ဖားအံမြို့တွင်း ‌ရေကြီးသည့်ရပ်ကွက်လမ်းတွင် ‌လှေဖြင့်သွားလာ‌နေရသည်။)

အဆိုပါ ‌ရေ‌ဘေးဒုက္ခသည်များအတွက် ကယ်ဆယ်‌ရေးလုပ်ငန်းကို ‘မာဃ’နာ‌ရေးကူညီမှုအသင်း၊ ‌စေတနာရှင်လူငယ်များနှင့် အရံမီးသတ်အဖွဲ့များက ကူညီလုပ်‌ဆောင်‌ပေးလျှက်ရှိပြီး ပြည်နယ်အစိုးရနှင့် ဌာနဆိုင်ရာလူကြီးများမှ ယ‌နေ့အထိ လာ‌ရောက် ကူညီလှူဒါန်းမှုများ မရှိ‌သေး‌ကြောင်း သိရသည်။

ယင်းသို့ ‌ရေကြီးသည့်အတွက် သွားလာ‌ရေး ခက်ခဲမှုများရှိကာ ‌ရောင်းဝယ်‌ဖောက်ကားမှုများ ကျဆင်းလာသလို ‌ရေလွှမ်းမိုးခံရ တဲ့ ရပ်ကွက်‌နေ ပြည်သူများ၏ ကျန်းမာ‌ရေးအတွက် စိုးရိမ်ရ‌ကြောင်း အမည်မ‌ဖော်လိုသူ ဆရာဝန်တစ်ဦးက ‌ပြောဆိုသည်။

“‌ဈေးထဲက အသီးအရွက်၊ သားငါး‌ရောင်းတဲ့‌နေရာ‌တွေလည်း ‌ရေတက်လာလို့ ‌ရွှေ့ပြီး‌ရောင်း‌နေရတယ်။ ဌာနဆိုင်ရာ လူကြီး ‌တွေ‌တော့ မ‌တွေ့ရ‌သေးပါဘူး။ ကယ်ဆယ်‌ရေး‌တွေက ပြန်လည် ‌နေရာချထား‌ရေးပဲ‌လေ။ အခု ပြည်နယ်အစိုးရက လှူဒါန်းမှု ဘာမှမ‌တွေ့ရ‌သေးဘူး။ ‌လော‌လောဆယ်မှာ‌တော့ တ‌နေ့လုပ် တ‌နေ့စားသမား‌တွေ ဒုက္ခ‌ရောက်တာ‌ပေါ့။”ဟု ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ရက်‌နေ့က မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် မိုးများ၍ ‌လေပြင်းပါ တိုက်ခတ်ခဲ့ပြီး သစ်ပင်ပြိုလဲကာ ဆိုင်ခန်း များ ပျက်စီးသလို မုဒုံ၊ ‌မော်လမြိုင်မြို့များတွင်လည်း ‌ရေကြီးမှုဖြစ်ပွားခဲ့သည်ဟု မွန်သတင်း‌ထောက်တဦးက ‌ပြောဆိုသည်။